အမျိုးသမီးတစ်ယောက်ဟာ အသက် ၄၀ အရွယ်မှာ တည်ငြိမ်ခန့်ညားပြီး ဘဝရဲ့အကြောင်းကို နောကျေချိန်လည်း ရောက်လာပါတယ်။ မျက်နှာနဲ့ လည်ပင်းမှာလည်း အရေးအကြောင်းအချို့ ပေါ်စပြုနေပါပြီ။ အိုမင်းရင့်ရော်လာမှုကို အံတုနိုင်ဖို့အတွက် ဒီအချက်တွေက အလုပ်ဖြစ်ပါလိမ့်မယ်။
၁။ ဆီလျှော့စား
ဆီကို လျှော့နိုင်သမျှ လျှော့စားပါ။ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့အဆီဓာတ် ပါတာတွေကိုတော့ စားပေးသင့်ပါတယ်။ ဆယ်လ်မွန်ငါး၊ ထောပတ်သီးတို့လို သဘာဝအဆီဓာတ်ကို စားသုံးပေးပါ။ ဆဲလ်တွေကို ကျန်းမာစေပြီး အိုမင်းမှုကို တိုက်ထုတ်နိုင်ပါတယ်။
၂။ အကောင်းမြင်စိတ်
ပင်ပန်းနွမ်းနယ်မှုတွေ၊ စိတ်မကောင်းဖြစ်စရာတွေကလည်း ပိုပြီးရင့်ရော်စေပါတယ်။ ဒါကြောင့်မို့လို့ ကိုယ့်စိတ်ကို ပျော်ရွှင်အောင်ထားပါ။ အကောင်းမြင်နိုင်စိတ်နဲ့ ပျော်ရွှင်မှုဟာ နုပျိုခြင်းရဲ့လျှို့ဝှက်ချက်ပါပဲ။ စိတ်ပျိုတော့ ကိုယ်နုတယ်ဆိုတဲ့ ဆိုရိုးစကားလည်း ရှိတယ်မဟုတ်လား။
၃။ လေ့ကျင့်ခန်း
ကိုယ်လက် လေ့ကျင့်ခန်းတွေလည်း ပြုလုပ်ပေးပါ။ ကြွက်သားတွေ သန်မာစေပြီး အသားအရေကို တင်းရင်းစေပါတယ်။
၄။ Eye Cream
အသက် ၄၀ ရောက်ပြီဆိုရင် မျက်လုံးတစ်ဝိုက်မှာ အရေးအကြောင်းတွေ စတင်ဖြစ်ပေါ်လာပါပြီ။ မျက်ဝန်းတစ်ဝိုက်က အသားအရေကို တင်းရင်းနုပျိုစေမယ့် Eye Cream ကို ညစဉ်ညတိုင်း လိမ်းပေးရပါမယ်။
၅။ ရေဓာတ်
ခန္ဓာကိုယ်မှာ ရေဓာတ်လျော့နည်းလာတဲ့အခါ မောပန်းနွမ်းနယ်မှုကို ဖြစ်စေပါတယ်။ အရွယ်လေးက ရလာတော့ တော်ရုံမောပန်းမှုကို မခံနိုင်တော့ဘူးလေ။ ရေဓာတ်လျော့သွားရင် ပြန်ဖြည့်ပါ။ အရည်ရွှမ်းတဲ့သစ်သီးတွေလည်း စားပေးသင့်ပါတယ်။
Source : Eat This
ဆက်စပ်ဖတ်ရှုနိုင်ရန် ---> အမြဲ နုပျိုလန်းဆန်းနေစေဖို့ အကြံပြုချက် (၇) ချက်