အရမ်းသိချင်နေတဲ့ လက်သည်းဆိုးနည်းကို သိရပါပြီ။
 

ဒီဇင်ဘာလကုန်ပိုင်းလောက်မှာ အလှအပနှစ်သက်သူတွေကို ဖမ်းစားသွားတဲ့ စိန်ပွင့်ပုံစံ လက်သည်းဒီဇိုင်းကို ဘယ်လိုပြုလုပ်ရမလဲဆိုတာ သိရပါပြီ။ တောင်ကိုရီးယား လက်သည်းအလှဖန်တီးရှင် အွန်ကျောင်ပတ်ရဲ့အင်စတာဂရမ်အကောင့်မှာ ဒီလိုလက်သည်းအလှဖော်ထားတဲ့ပံုံကို တင်လိုက်ချိန်ကစပြီး ဖက်ရှင်နဲ့အလှအပရေးရာ ဝက်ဘ်ဆိုက်တွေကို ချက်ခြင်းပျံ့နှံ့သွားခဲ့တာပါ။

 

3D Led Diamond Nail လို့ အမည်ပေးထားတဲ့ လက်သည်းပုံစံက စိန်ပွင့်တွေလို ပြိုးပြက်လင်းလက်နေပြီး လက်သည်းအတို၊ အရှည်မရွေး လိုက်ဖက်ပါတယ်။ ဘယ်လိုမျိုး ပြုလုပ်ထားသလဲဆိုတာကိုတော့ ပတ်က ပြောမပြထားတာကြောင့် သိလိုသူတွေလည်း များပြားနေပါတယ်။ ခုတော့ Simply Nailogical အမည်ရှိ YouTube Channel တစ်ခုက အွန်ကျောင်ပတ်ရဲ့ လျှို့ဝှက်ချက်ကို ဗီဒီယိုနဲ့တကွ ဖွင့်ချပြလိုက်ပါတယ်။

 

စိန်ပွင့်ပုံစံ လက်သည်းဒီဇိုင်းပြုလုပ်ခြင်းရဲ့ လျှို့ဝှက်ချက်ကတော့ စိန်ပွင့်ပုံစံ ရောင်ပြန်ကပ်ခွာ (Holographic Nail File) ပါပဲ။ ပထမဆုံးအနေနဲ့ လက်သည်းကို Base coat (အကြည်) ဆိုးပေးပါ။ ဖန်သားဂျယ်လီကို အိအိလေးဖြစ်နေမယ့် Base coat ကို ရွေးဖို့လိုပါမယ်။ တစ်မိနစ် ထားလိုက်ပါဦး။ လက်သည်းကပ်ခွာအတွက် ထုတ်ထားတဲ့ ကော်လက်သည်းဆိုးဆေးကို ထပ်ဆိုးရပါမယ်။ တစ်မိလောက်အကြာမှာ ကော်ကခြောက်သွားပါလိမ့်မယ်။ ရောင်ပြန်ကပ်ခွာကို လက်သည်းပေါ်မှာကပ်ပြီး သေသေချာချာ ဖိပေးပါ။ ဒါမှပြန်မကွာမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ ရောင်ပြန်ကပ်ခွာကို ခွာလိုက်ရင် စိန်ပွင့်ပုံစံ လက်သည်းလေး ရပါပြီ။ အပြီးသတ်အနေနဲ့ Top Coat တစ်ထပ် ထပ်ဆိုးပေးဖို့တော့ လိုအပ်ပါတယ်။

Source : YouTube

ဆက်စပ်ဖတ်ရှုနိုင်ရန် --->  လူကြိုက်များလာနိုင်တဲ့ စိန်ပွင့်ပုံစံလက်သည်းဒီဇိုင်း

Share

Loading Next Article...
က္က