အသက်ရွယ်မရွေး စတိုင်ကျကျ လှပချင်တယ်ဆိုရင် မိမိကိုယ်ခန္ဓာ၊ အရပ်အမောင်း၊ အသားအရောင်နဲ့ လိုက်ဖက်အောင် ဝတ်ဆင်တတ်ဖို့ လိုအပ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် စတိုင်လ်မကျ၊ မလှမပဖြစ်တယ်ဆိုပြီး ခေတ်ပေါ်အသုံးအဆောင်တွေ၊ အဝတ်အစားအသစ်တွေဝယ်ဖို့ မလိုပါဘူး။ သင့်မှာ ရှိနေပြီးသား အဝတ်အစားတွေနဲ့ပဲ သင့်ကိုသင် ကြည့်ကောင်းအောင်ဝတ်ဆင်လို့ ရပါတယ်။



 

(၁) ကိုယ့်ရဲ့ အလှဆုံးအစိတ်အပိုင်းကို သိထားပါ

ဥပမာ- သင်ဟာ ဝိုင်းစက်နေတဲ့ မျက်ဝန်းကို ပိုင်ဆိုင်ထားသူလား၊ လက်ချောင်းလေးတွေ သွယ်လျနေတာလား၊ ခြေချောင်းရှည်ရှည်လေးတွေ ပိုင်ဆိုင်ထားတာလား။ သင့်ရဲ့ ဒီပင်ကိုအလှကို ပေါ်လွင်စေမယ့် အဝတ်အထည်တွေ ရွေးချယ်ဝတ်ဆင်ပါ။

ဝတယ်ဆို ကိုယ်နဲ့ကွက်တိ (Fit) အကျႌီတွေ၊ အသားပါးတာတွေ မဝတ်ပါနဲ့။ ကိုယ်လုံးသွယ်လျသယောင် ထင်ရအောင်ဆိုပြီး ကိုယ်ကျပ်တွေ မဝတ်ပါနဲ့။ ကိုယ်လုံးနဲ့ကွက်တိဖြစ်တဲ့ အဝတ်တွေက သင့်ကို ပိုလို့တောင် ဝနေတဲ့ပုံပေါက်နေပါလိမ့်မယ်။ သင်က လည်ပင်းတုတ်တုတ်လေးကို ပိုင်ဆိုင်ထားမယ်ဆိုရင်တော့ ကော်လာပါတဲ့ လည်ထောင်အဝတ်တွေထက် လည်ပင်းကို အထင်အရှားပေါ်လွင်စေမယ့် အဝတ်တွေကို ဝတ်ပါ။ လည်စည်း၊ မာဖလာတွေကိုလည်း ရှောင်လိုက်ပါ။ ဆံပင်ရှည်နေရင် စည်းနှောင်ထားပါ။

(၂) နားဆွဲ၊ နားကပ်လေးများကို အကျႌနဲ့ လိုက်အောင် ဝတ်ဆင်ပါ

 ဖန်စီလက်ဝတ်ရတနာ အတုလေးတွေကို ဝတ်ဆင်ခြင်းဟာလည်း ဖက်ရှင်ကျစေပြီး သင့်ကို ပိုပြီး ထူးခြားစေပါတယ်။ သင့်မျက်နှာက ဝိုင်းတယ်ဆိုရင် ရှည်လျားတဲ့ နားဆွဲများကို ရွေးချယ်ဝတ်ဆင်ပါ။ အသားဖြူဖျော့သူဖြစ်ရင် နားကပ်ကြီးကြီး အရောင်ရင့်ရင့်ကြီးတွေ ဝတ်ရင် မျက်နှာအလှကို ပိုပြီး ဖျော့တော့သွားစေတာမို့ ရှည်ရှည်မျှင်မျှင်လေးတွေနဲ့ ပိုလိုက်ဖက်ပါတယ်။

(၃) ဖိနပ်ကောင်းကောင်းစီးပါ

အရောင်ရင့်တဲ့ အဝတ်အစားတွေဝတ်ရင် အနက်ရောင်ဖိနပ်နဲ့ တွဲစီးတာ အလိုက်ဖက်ဆုံးပါပဲ။ အရောင်နုနုတွေ ဝတ်ရင်တော့အခြားအရောင်နဲ့ တွဲဝတ်ပါ။ ဖိနပ်အနက်တစ်နေရာတည်း ကွက်ပြီး အရမ်းထင်းနေရင် ကြည့်လို့လည်း အတော်မကောင်းပါဘူး။ အရောင်နုနုပါတဲ့ အဝတ်အထည်တွေကို အသားရောင်ဖိနပ်နဲ့ ဝတ်ဆင်ပါ။

Source : Fashionista


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က