သင့်အဝတ်အစားတွေရဲ့ အရောင်တွေကို ရွေးချယ်ဝတ်ဆင်ပြီး သင့်ရဲ့ ထူးခြားတဲ့ ကိုယ်ပိုင်စတိုင်ကို ဖော်ပြလို့ရပါတယ်။

ဖက်ရှင်နဲ့ ပတ်သတ်ရင် အမျိုးသမီးတွေက ပိုပြီး နှံ့နှံ့စပ်စပ်ရှိကြတယ်။ အမျိုးသားတွေကတော့ သူတို့အဝတ်အစားကို သိပ်ပြီး ပြင်ပြင်ဆင်ဆင်လုပ်ဖို့ စိတ်မဝင်စားတတ်ကြပါဘူး။ ကိုယ်နဲ့လိုက်ဖက်တဲ့အရောင်တွေကို မှန်မှန်ကန်ကန် ဘယ်လိုတွဲဖက်ရမယ်၊ အရောင်အနုအရင့်တွေကို ဘယ်လိုရွေးရမလဲ ဆိုတာတွေကို သိနိုင်စေဖို့ အကြံဉာဏ်ကောင်းများကို ဝေမျှလိုက်ပါတယ်။



အနီရောင်

လူအုပ်ထဲမှာ ကြည့်လိုက်တာနဲ့ ထင်းခနဲ့ ထင်ထင်ရှားရှား ပေါ်လွင်အောင် ပြုလုပ်ပေးနိုင်တာက အနီရောင်ပါ။ အနီရောင် အဝတ်အထည်တွေက ရဲရင့်ပြတ်သားတဲ့သွင်ပြင်ကို ရရှိစေပြီး လူအများရဲ့ အာရုံစိုက်ခံရမှုကို ဖန်တီးပေးပါတယ်။ အများမတူ တစ်မမူထူးခြားတဲ့ ဟန်ပန်ကိုဖန်တီးလိုရင်တော့ အနီရောင်က အကောင်းဆုံးအရောင်ပါပဲ။

ပန်းရောင်

ပန်းရောင်က နုပျိုရွှင်လန်းနေတဲ့ အသွင်ကို ဖန်တီးပေးပြီး ကျန်းမာပွင့်လင်းတဲ့ ပုံရိပ်ကို ရရှိစေပါတယ်။ မိန်းကလေးတွေ ပန်းရောင်အဝတ်အထည်ကို ဝတ်ဆင်ရင် ချစ်စရာကောင်း၊ သဘောကောင်းတဲ့ ပုံပန်းသွင်ပြင်ရနိုင်ပါတယ်။ ယောင်္ကျားလေးတွေအတွက်က ပျော်တတ်တဲ့ပုံပေါက်ပြီး ပွင့်ပွင့်လင်းလင်းသမားဖြစ်တဲ့ ဟန်ပန်ထွက်စေပါလိမ့်မယ်။

အနက်ရောင်

ဖက်ရှင်မှာ ဘယ်တော့မှ ရိုးမသွားမယ့်အရောင်တစ်ခုဖြစ်တယ်။ လူကြိုက်အများဆုံးအရောင်ဖြစ်ပြီး စိတ်ဓာတ်ခိုင်မာသူအသွင်ကို ရရှိစေပါတယ်။ အနက်ရောင်အဝတ်တွေ ဆင်မြန်းထားရင် တပ်မက်ဖွယ်ကောင်းပြီး၊ သပ်ရပ်ကျနမှု၊ လုပ်ပိုင်ခွင့်နဲ့ စွမ်းရည်တွေ ထင်ဟပ်ပေါ်လွင်နေပါတယ်။ အနက်ရောင် အဝတ်အထည်တွေကို အခြားအသုံးအဆောင်နဲ့ ကောင်းကောင်းမွန်မွန်တွဲဖက်ပြီး  ဝတ်တတ်ဖို့ လိုပါမယ်။ အနက်ကို သဘောမတွေ့တဲ့သူတွေနဲ့ မဝတ်သင့်ဘူးလို့ သတ်မှတ်ထားတာတွေမှာ ဆင်ခြင်ဝတ်သင့်ပါတယ်။ အချိန်တိုင်း တစ်ကိုယ်လုံး အနက်ရောင်ချည်းပဲလည်း မဝတ်သင့်ပါဘူး။

desktop15.jpg

အဖြူရောင်

အလွန်စင်ကြယ် ကျော့ရှင်းသွားစေတာကတော့ အဖြူရောင်ပါပဲ။ ဖြူစင် ကြည်လင်တဲ့ပုံပန်းကိုလည်း ပေးစွမ်းနိုင်ပြီး အဆင့့်မြင့်တဲ့ လူမှုအဆင့်အတန်းကိုလည်း ထင်ဟပ်စေနိုင်ပါတယ်။

အပြာရောင်

အပြာရောင်အဝတ်အထည်တွေကတော့ ယုံကြည်အားထားရမှုနဲ့ လှိုက်လှဲပျူငှာမှုတို့ကိုပေါ်လွင်စေမှာပါ။  တည်ကြည်လေးနက်ပြီး အသိဉာဏ်ပညာပြည့်စုံတဲ့ ဟန်ပန်ကို ဖန်တီးပေးနိုင်ပါတယ်။

အဝါရောင်

တက်တက်ကြွကြွနဲ့ တောက်ပနေချင်ရင်တော့ အဝါရောင် အဝတ်တွေသာ ဝတ်လိုက်ပါ။ စိတ်အားထက်သန်မှုရှိပြီး နိုးကြားတက်ကြွသူတစ်ယောက်အဖြစ် သင့်ကို ပေါ်လွင်စေပါလိမ့်မယ်။

floral-sheath-dresses.jpg

အစိမ်းရောင်

ဂရုဏာကြီးမားပြီး စိတ်ဓာတ်အင်အားကြွယ်ဝတဲ့ အသွင်ကိုပေးနိုင်တဲ့ အရောင်ပါ။ မျက်စိကို အေးစေတဲ့အရောင်ဖြစ်တာမို့ ဒီအရောင်ဝတ်ထားရင် နေရထိုင်ရသက်သောင့်သက်သာဖြစ်နေစေပါတယ်။

မီးခိုးရောင်

မီးခိုးရောင်ကတော့ ကြိုးစားအားထုတ်ပြီး တည်ငြိမ်သူတစ်ယောက်အဖြစ် ပုံရိပ်ထင်စေပါတယ်။ မီးခိုးရောင်

အဝတ်အထည်ဝတ်ရင် ဉာဏ်ရည်ထက်မြက်ပြီး ခေါင်းအေးအေးဖြင့် လုပ်ရည်ကိုင်ရည်ရှိသူအဖြစ် သင့်ကို ပုံဖော်ပေးမှာပါ။

Source : Gurl


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က