Sécrétions Magnifiques ရေမွှေးကို သွေး၊ ချွေး၊ သုက်ပိုးနဲ့ တံတွေးတို့ရဲ့အနံ့တွေနဲ့ ထည့်သွင်းဖော်စပ်ထားလေရဲ့။
 

ရေမွှေးဆွတ်ထားချိန်မှာဆို ကိုယ်ရော ကိုယ့်ပတ်ဝန်းကျင်မှာပါ မွှေးပျံ့နေလို့ လူရဲ့စိတ်ကို တည်ငြိမ်အေးချမ်းစေပါတယ်။ ဆွတ်ထားသူကလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပိုစေတယ်လေ။ ရေမွှေးအနံ့ အမျိုးမျိုးရှိတဲ့အနက် အထူးဆန်းဆုံးအနံ့တွေကို ဖော်ပြလိုက်ပါတယ်။

 

၁။ စာအုပ်ချစ်သူ

စာအုပ်တွေကို ဖတ်ရှုရတာ ကြိုက်သူတွေဆိုရင်တော့ ဒီရေမွှေးကို ကြိုက်မလားဆိုတာ မပြောတတ်ပါဘူး။ စာအုပ်လေးထဲမှာ မြှုပ်ထားတဲ့ ရေမွှေးပုလင်းဟာ ဆွတ်ဖြန်းလိုက်ရင်လည်း စာအုပ်နဲ့မှင်နံ့ပဲ ရပါလိမ့်မယ်။ ရေမွှေးအမည်က Paper Passion ဆိုတော့ စာရွက်ကိုချစ်စိတ်လို့ အဓိပ္ပာယ်ဖွင့်နိုင်ပေမဲ့ တကယ်တမ်း ဒီအနံ့ကို စာအုပ်လိုမျိုး ချစ်နိုင်ဖို့တော့ ခက်ပါလိမ့်မယ်။

 

၂။ ချိစ်အနံ့

ချိစ်ထုတ်လုပ်ရေးကုမ္ပဏီ Blue Stilton က ၂၀၀၆ ခုနှစ်မှာ Eau de Stilton ရေမွှေးကို မိတ်ဆက်ခဲ့ပါတယ်။ ကုမ္ပဏီက ထုတ်လုပ်ရောင်းချနေတဲ့ Blue Stilton ချိစ်ရဲ့ ရနံ့ကို သဘာဝအနံ့၊ သစ်သီးအနံ့တွေနဲ့ ပေါင်းစပ်ပြီး ရေမွှေးအဖြစ် ထုတ်လုပ်ခဲ့တာပါ။

 

၃။ ကွန်ပျုတာအနံ့

၂၀၁၂ ခုနှစ်တုန်းက ကမ္ဘာကျော်အမှတ်တံဆိပ် Apple က ဒီရေမွှေးကို ဖန်တီးခဲ့တာပါ။ Air Aroma ရေမွှေးဟာ ကွန်ပျူတာအနံ့ရမယ်လို့ ဆိုသတဲ့။ Apple ထုတ်ကုန်ပစ္စည်းတွေကို ပထမဆုံးအကြိမ် ဖွင့်လိုက်ရင် ထွက်ပေါ်လာတဲ့အနံ့ကို ရေမွှေးအဖြစ် ဖန်တီးခဲ့တယ်လို့ သိရပါတယ်။

 

၄။ သွေး၊ ချွေး၊ တံတွေး

အသံကြားရုံနဲ့တင် အော်ဂလီဆန်ရတဲ့ ရေမွှေးပါ။ Sécrétions Magnifiques ရေမွှေးရဲ့ အနံ့ဟာ ယောက်ျားအဆန်ဆုံးအနံ့တွေကို ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။ သွေး၊ ချွေး၊ သုက်ပိုးနဲ့ တံတွေးတို့ရဲ့အနံ့တွေကို ထည့်သွင်းဖော်စပ်ထားလေရဲ့။

 

၅။ မိန်းမကိုယ်အနံ့

Vulva Original ရေမွှေးဟာ မိန်းမတစ်ယောက်ရဲ့ အမျိုးသမီးကိုယ်အင်္ဂါအနံ့ကို အခြေခံကာ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ မိန်းမကိုယ်ဧရိယာတစ်ဝိုက် ချွေးထွက်လို့ ဖြစ်လာတဲ့အနံ့ ဖြစ်ပါသတဲ့။ ကုမ္ပဏီရဲ့ ပြောပုံအရ ဒီရေမွှေးဟာ လိင်ဆွဲဆောင်မှုရှိပြီး အနည်းငယ်ချိုမြမြရနံ့ရှိတဲ့ဆီးနံ့ ရှိတယ်လို့ သိရပါတယ်။ ကြက်သီးထစရာကောင်းတဲ့အချက်ကတော့ ဒီရေမွှေးဟာ သဘာဝ အော်ဂန်းနစ် (Organic) စစ်စစ် ဖြစ်တာပါပဲ။

 

၆။ ဆေးခြောက်နံ့

Xyrena ကုမ္ပဏီက မကြာသေးမီရက်ပိုင်းအတွင်းမှာ ရေမွှေးသစ်သုံးမျိုးကို ကြေငြာခဲ့ပါတယ်။ ဒီရေမွှေးတွေရဲ့ အနံ့က ဆေးခြောက်အနံ့ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဆေးခြောက်ကနေ ထုတ်လုပ်တာတော့ မဟုတ်ပါဘူး။ အနံ့ပေါ်အောင်ပဲ အခြားအရာတွေနဲ့ ဖန်တီးထားတာ ဖြစ်ပါတယ်။

Source : Metro

ဆက်စပ်ဖတ်ရှုနိုင်ရန် ---> ဆွတ်ထားသူကိုယ်မှာ ဆေးခြောက်ရနံ့ စွဲကျန်စေမယ့်ရေမွှေး

Share

Loading Next Article...
က္က