အမှတ်တရနေ့ဆိုတော့ တခြားနေ့မှာပေးခဲ့တဲ့ လက်ဆောင်တွေထက် ပိုပြီးထူးခြားသင့်ပါတယ်။
 

ဒီနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့က အင်္ဂါနေ့ကျတယ်ဆိုတော့ နှစ်ယောက်အတူ အပြင်ထွက်လည်လို့ ရချင်မှရပါလိမ့်မယ်။ ကျောင်း၊ အလုပ်၊ သင်တန်းတွေ ဖွင့်ရက်ဆိုတော့ ခွင့်ယူဖို့က သိပ်မလွယ်ဘူးလေ။ Valentine's Day (ချစ်သူများနေ့)မှာ လျှောက်လည်လို့မရတဲ့အခါ ချစ်သူလေးစိတ်မကောက်ရအောင် လက်ဆောင်ကောင်းကောင်းလေး ပေးဖို့တော့ လိုပါတယ်။

gallery-1452120514-seltzergoods-valentines.jpg 

၁။ ကိုယ်တိုင်ဖန်တီးထားတဲ့အရာ

ဒီ့ထက်ပိုပြီး ရိုမန့်တစ်ဆန်တာ မရှိတော့ပါဘူး။ တန်ဖိုးကြီးလက်ဆောင်တွေထက် ချစ်သူက အမြတ်တနိုးလုပ်ပေးထားတဲ့လက်ဆောင်က မိန်းကလေးတွေရဲ့ အသည်းနှလုံးကို အရည်ပျော်ကျသွားစေပါတယ်။ ကွတ်ကီးလေးတွေ၊ ဓာတ်ပုံစာအုပ်၊ ကီးချိန်းလေးတွေကို ပြုလုပ်ရတာ ထင်သလောက်မခက်ပါဘူး။ အမှတ်တရနေ့ဆိုတော့ တခြားနေ့မှာပေးခဲ့တဲ့ လက်ဆောင်တွေထက် ပိုပြီးထူးခြားသင့်ပါတယ်။

၂။ အလှကုန်ပစ္စည်း

မိန်းကလေးတိုင်းတော့ အလှကြိုက်ကြတာချည်းပါပဲ။ ချစ်သူလေးက မိတ်ကပ်လိမ်းရတာ မကြိုက်သူဆိုရင် အသားအရေထိန်းသိမ်းပေးမယ့် skin care တွေကို ဝယ်ပေးလို့ရပါတယ်။ သူကြိုက်တဲ့ရေမွှေးကိုလည်း ဝယ်ပေးပေါ့။

val-gift.jpg 

၃။ အတွင်းခံ

အတွင်းခံလှလှလေးကို ဝယ်ပေးမယ်ဆိုရင်တော့ ချစ်သူလေးရဲ့ ရှက်သွေးဖြာနေပုံကို အသည်းယားစရာကောင်းလောက်အောင် မြင်ရပါလိမ့်မယ်။ ကိုယ်တိုင်ဝယ်ဖို့ အဆင်မပြေဘူးဆိုရင် အွန်လိုင်းကနေ မှာလိုက်လို့ရတာပဲမဟုတ်လား။

02-valentines-day-gifts-phone-case1.jpg 

၄။ ဆင်တူပစ္စည်း

တစ်ယောက်ရဲ့နာမည်ကို တစ်ယောက်က ကိုယ်နဲ့မကွာ အပ်ထားရတာမျိုးဖြစ်ရတဲ့ ခံစားချက်လေးက နွေးထွေးလုံခြုံမှုကို ဖြစ်စေပါတယ်။ လက်စွပ်၊ ဆွဲကြိုး (လော့ကတ်) တို့ကို ရွေးချယ်နိုင်သလို နေ့စဉ်အသုံးပြုရမယ့် ကော်ဖီခွက်ဆိုရင်လည်း ကောင်းတာပါပဲ။

chocolateday-1-8-1-2013.jpg 

၅။ ချောကလက်နဲ့ပန်းစည်း

ဒါကတော့ မပါမဖြစ်ပေါ့။ ချောကလက်စားလိုက်ရင် ဦးနှောက်ထဲက အန်ဒေါ်ဖင် (Endorphin)လို့ခေါ်တဲ့ စိတ်ပျော်ရွှင်မှုဖြစ်စေတဲ့ ဟော်မုန်းတွေ ထွက်လာပါတယ်။ ဒါကြောင့် ချစ်သူလေးကို ပျော်ရွှင်စေဖို့ ချောကလက်နဲ့ မိန်းကလေးတိုင်းကြိုက်မယ့် နှင်းဆီပန်းစည်းကို ရွေးချယ်ခြင်းက မမှားပါဘူး။ ချစ်သူလေးကလည်း နှစ်သက်ပါတယ်။

ချစ်သူများနေ့မှာ ယောက်ျားတွေလိုချင်တဲ့အရာ (၅) မျိုး ကိုလည်း ဖတ်ကြည့်လိုက်ပါဦး..

Share

Loading Next Article...
က္က