ဦးထုပ်လေးတွေက ချစ်ဖို့ကောင်းပါတယ်။ ဒီဇိုင်းစုံအောင် ရှိနေတော့ စိတ်ကြိုက်ဖက်ရှင်နဲ့ လန်းလို့ရတာပေါ့။ ဦးထုပ်လေးဆောင်းပြီး ဖက်ရှင်ကျကျ လန်းချင်တယ်ဆိုရင်တော့ ဒါလေးတွေဖတ်ကြည့်လိုက်ပါဦး။
၁။ အပေါ်ရောအောက်ပါ အနက်ရောင်ဝတ်ပါ။ ဒီလိုဆိုရင် ကိုယ့်စတိုင်လ်က ခပ်မိမိလေး ဖြစ်သွားပါလိမ့်မယ်။
၂။ ဦးထုပ်ဆောင်းမယ်ဆို အရောင်ကို အဓိကဦးစားပေးပြီး ရွေးချယ်ရပါမယ်။ ဦးထုပ်ကို အရောင်ဖျော့ဖျော့လေးတွေပဲ ရွေးပြီးမဆောင်းပါနဲ့။
၃။ ထသွားထလာ ဝတ်စုံမျိုးက ဦးထုပ်ဆောင်းလို့ အလိုက်ဖက်ဆုံးပါပဲ။ ပွဲလမ်းသဘင်တွေထက် သူငယ်ချင်းတွေနဲ့ ချိန်းထားတာမျိုး လျှောက်သွားတာမျိုးဆိုရင် ဦးထုပ်လေးဆောင်းထားက ပိုလှပါတယ်။
၄။ ဂျင်းအပြဲနဲ့ ဒေါက်မြင့်ဖိနပ် စီးထားရင်လည်း ဦးထုပ်နဲ့လိုက်ဖက်ပါတယ်။ လူငယ်ဆန်သလို မိန်းကလေးတစ်ယောက်ကို ပိုပြီးဆွဲဆောင်မှုရှိစေတယ်လေ။ မြင်သူငေးမယ့်ဒီဇိုင်းပါပဲ။
၅။ ရာသီဥတုက အေးတဲ့နေ့ဆိုရင်တော့ သိုးမွေးဦးထုပ်လေးဆောင်းပေါ့။ ချစ်ဖို့ကောင်းတဲ့အသွင် ဖြစ်လာပါလိမ့်မယ်နော်။
၆။ ရုံးတက်တဲ့အခါ ဦးထုပ်လေးနဲ့ လန်းချင်ရင်တော့ ကုတ်အကျႌဝတ်ဖို့ မမေ့ပါနဲ့။ ဦးထုပ်နဲ့ ရုံးဝတ်စုံ တွဲဖက်ဝတ်ဆင်မယ်ဆို ကုတ်အကျႌနဲ့ ဘောင်းဘီရှည်တို့ဝတ်မှ အဆင်ပြေပါတယ်။
၇။ စကတ်ကားကားလေးတွေကလည်း ဦးထုပ်နဲ့လိုက်ပါတယ်။ နုနယ်လန်းဆန်းတဲ့ စတိုင်လ်လေးပေါ့။
၈။ One Piece လိုမျိုး အပေါ်အောက် တစ်ဆက်တည်း၊ တစ်ဆင်တည်း ဝတ်စုံတွေက ဦးထုပ်ဆောင်းဖို့ အသင့်တော်ဆုံး ဖက်ရှင်ဖြစ်ပါတယ်။
Source : Women Talk