အင်စတာဂရမ်မှာလည်း ပို့စ်တွေ အများကြီးပါပဲ။
 

ဖက်ရှင်ဆိုတာ ဆန်းသစ်တီထွင်နိုင်မှ ပေါ်လွင်တာပါ။ မိန်းကလေးတွေပီပီ အလှကြိုက်တော့ ဖက်ရှင်အဆန်းတစ်ခု ပေါ်လာပြီဆိုတာနဲ့ လိုက်လုပ်ကြတာပါပဲ။ လတ်တလော ရေပန်းစားနေကြတဲ့ ဖက်ရှင်တစ်ခုကတော့ ဆေးခြာက်အရွက်ကို လက်သည်းမှာ အလှဆင်နေကြတာဖြစ်ပါတယ်။

 

အလှဆင်ပုံကတော့ အမျိုးမျိုးပါပဲ။ ဆေးခြောက်ရွက်ကိုပဲ လက်သည်းပေါ်မှာ ကပ်တာမျိုး၊ ပုံဖော်တာမျိုး ပြုလုပ်နေကြတာပါ။ ဆေးခြောက်အစစ်ကို လက်သည်းဆိုးဆေးအကြည်နဲ့ ကပ်ပြီးအလှဆင်တာကိုလည်း တွေ့ရပါတယ်။ အင်စတာဂရမ်ပေါ်မှာတော့ #weednails ဆိုတဲ့ နာမည်ကိုတွဲပြီး ပုံတွေတင်ထားတာကို မြင်ရမှာပါ။

[No available link text] 

အရွက်ခြောက်ကို ခြေပြီး လက်သည်းပုံမှာ ကော်နဲ့ကပ်တာကိုလည်း တွေ့ရပါတယ်။ အရွက်အစိုကို လှီးဖြတ်ပြီး လက်သည်းအကြည်ထဲမှာ မြှုပ်ထားပုံကတော့ တကယ်ကိုကြည့်လို့လှတာ အမှန်ပါပဲ။ ဒီဖက်ရှင်ဟာ ဘယ်အချိန်ထိ ရေပန်းစားဦးမလဲတော့ မသိပေမဲ့ တစ်နေ့ထက်တစ်နေ့ #weednails စာနဲ့ လက်သည်းပုံတွေဟာ လူမှုကွန်ရက်ပေါ်မှာတော့ ပိုမိုပျံ့နှံ့လို့လာပါတယ်။

Source : Instagram

လက်သည်းဆိုးဆေးကို သုံးလွှာထက် ပိုပြီးမဆိုးသင့်ဘူးဆိုတာကိုရော သိပါသလား? စာကိုနှိပ်ပြီး ဖတ်ကြည့်ပါဦး

Share

Loading Next Article...
က္က