သင်က ဖော်ဖော်ရွေရွေနဲ့ ခင်တတ်သူပဲဖြစ်ဖြစ်၊ မခင်တတ်သူပဲ ဖြစ်ဖြစ် ဘဝရဲ့ တစ်နေရာမှာတော့ ရင်းရင်းနှီးနှီး ခင်ဖြစ်ခဲ့တဲ့ သူငယ်ချင်းတစ်ယောက် ရှိနိုင်ပါတယ်။ တစ်ချို့ကတော့ ကြီးတဲ့အထိ အဆက်အသွယ်ရှိနေပေမဲ့ တစ်ချို့ကတော့ ဘယ်တွေရောက်နေမှန်းတောင် မသိတော့ပါဘူး။ ဒီထဲက အောက်ပါ သူငယ်ချင်းကောင်းတွေကို သင်တွေ့ခဲ့ဖူးနိုင်ပါတယ်။
၁ - ငယ်သူငယ်ချင်း
ကြီးကောင်ဝင်စအရွယ်မတိုင်မီ ကလေးဘဝမှာ သူငယ်ချင်းများစွာ ရှိခဲ့ကြပါတယ်။ ဒီထဲမှာမှ ငယ်သူငယ်ချင်းကောင်းလို့ ပြောလို့ရတဲ့ အပေါင်းအသင်းမျိုးကို တွေ့ရသူဟာ တကယ်ကံကောင်းတဲ့သူပါ။ တင်းကြပ်တဲ့မိဘတွေရဲ့ အုပ်ထိန်းမှုကို ခံရသူတွေအတွက် ဒီသူငယ်ချင်းဟာ ရင်ဖွင့်ဖော် ရင်ဖွင့်ဖက်ပါပဲ။ သင့်မိသားစုဝင်တွေက ကောင်းကောင်းသိနေတဲ့ သူငယ်ချင်းမျိုလည်း ဖြစ်တတ်ပါတယ်။ အသက်ကြီးလာလို့ တွေ့တာ နည်းလာပေမဲ့ တွေ့ဖို့ ဖုန်းဆက်လိုက်တိုင်း အမြဲတမ်းတက်ကြွနေသူ ဖြစ်ပါတယ်။ တွေ့ပြီဆိုရင်လည်း တော်တော်နဲ့ မခွဲချင်တော့ပါဘူး။
၂ - အထက်တန်းကျောင်း
အထက်တန်းကျောင်းမှာတုန်းက နေ့တိုင်းတွဲဖြစ်တဲ့ သူငယ်ချင်းဖြစ်ပါတယ်။ သင်ဘယ်သူ့ကို ကြိုက်နေတယ်၊ ဘယ်သူနဲ့မတည့်ဘူးဆိုတာကို ကောင်းကောင်း သိသူဖြစ်ပါတယ်။ နေ့လယ်မုန့်စားဆင်းချိန်မှာ သင့်ကို မုန့်ဝယ်အကြွေးဆုံးလူလည်း ဖြစ်ပါတယ်။ သင်ပိုက်ဆံအချေးဆုံးလူလည်း ဖြစ်ပါတယ်။ ဒါပေမဲ့လည်း တစ်ယောက်နဲ့တစ်ယောက် မခေါ်ဘူးလို့ သတ်မှတ်ထားတဲ့အချိန်တွေလည်း တော်တော်များခဲ့ပါတယ်။ ဒါတွေအားလုံးဟာ အတိတ်မှာကျန်ခဲ့ပါပြီ။ တစ်ခါတစ်လေ ဒီသူငယ်ချင်း ဘာတွေလုပ်နေပြီး ဘယ်တွေရောက်နေပြီလဲလို့ တွေးမိတတ်ပါတယ်။
၃ - တက္ကသိုလ်
ဒီသူငယ်ချင်းကတော့ လူကြီးဖြစ်ဖို့ ပြင်ဆင်နေတဲ့ အချိန်မှာ တွေ့ရတဲ့ သူငယ်ချင်းပါ။ ဒါကြောင့် သင့်အနာဂတ်အစီစဉ်တွေအကြောင်း ကောင်းကောင်းသိသူပါ။ အနာဂတ်အကြောင်း သူတို့နဲ့ အတိုင်ပင်ဆုံးလည်း ဖြစ်ပါတယ်။ ကိုယ့်ရည်းစားအကြောင်း သူတို့နဲ့ အပြောဆုံး ဖြစ်ပါတယ်။ ပွဲလမ်းသဘင်မှာ မူးပြီးမှောက်ရင် သင့်ကို ထမ်းပြန်တဲ့လူလည်း ဖြစ်ပါတယ်။ ဒီလိုရင်းနှီးမှုတွေကြောင့် နောက်ပိုင်း လူကြီးဖြစ်တဲ့အခါ ပြန်အတမ်းတဆုံး သူငယ်ချင်းလည်း ဖြစ်တတ်ပါတယ်။
(သင်စိတ်ဝင်စားနိုင်တဲ့ ဆောင်းပါး - ယောက်ျားတွေက စမတ်ကျတဲ့မိန်းကလေးတွေကို သဘောကျပေမဲ့မချစ်ရဲကြ)
၄ - အမေလို သူငယ်ချင်း
ဒီလို သူငယ်ချင်းမျိုးက ကိုယ့်ထက်အသက်ကြီးတတ်ပါတယ်။ သင်အားကိုး မှီခိုလို့ရသူပါ။ သင်တို့သူငယ်ချင်းအုပ်စုမှာ သူက တည်ငြိမ်အရင့်ကျက်ဆုံး ဖြစ်ပါတယ်။ သင်အခက်အခဲကြုံရရင် သူက လေးလေးနက်နက် အရှိဆုံးလူလည်း ဖြစ်ပါတယ်။ ရင့်ကျက်ပေမယ့် ပျော်လည်းပျော်တတ်တာကြောင့် သူ့ကို သင်က ခင်တာပါ။
၅ - ဆန့်ကျင်ဘက်
အကောင်းဆုံး သူငယ်ချင်းပေမဲ့ အားလုံးက ဆန့်ကျင်ဘက်ဖြစ်နေတာပါ။ သူက ရော့ခ်သီချင်းမျိုးနားထောင်ရင် သင်က ပေါ့ပ်သီချင်းနားထောင်ပါတယ်။ သူက တိတ်ဆေးအေးချမ်းတဲ့ နေရာကို ကြိုက်ပေမယ့် သင်ကလူစည်ကားရာနေရာတွေကို သွားချင်တာမျိုးပါ။ ဘယ်လိုဖြစ်လို့ တွဲမိတာလဲလို့ လူတွေက သင်တို့ကို မေးတတ်ကြပါတယ်။
Photos & Source: Candy