တစ်ချို့တွေကတော့ အိမ်ဈေးနဲ့ မဆိုင်ဘဲ ကိုယ်ပိုင်အိုးအိမ်မထူထောင်ချင်သေးတာကြောင့် မိဘနဲ့ နေနေသူတွေလည်း ရှိပါတယ်။
 

အိမ်ဈေးတွေ ကြီးပြီး နေထိုင်စရိတ်ခေါင်ခိုက်နေချိန်မှာ အိမ်တစ်လုံး ခုထိ မပိုင်သေးတာ သိပ်ဆန်းတဲ့ ကိစ္စ မဟုတ်ပါဘူး။ တစ်ချို့တွေကတော့ အိမ်ဈေးနဲ့ မဆိုင်ဘဲ ကိုယ်ပိုင်အိုးအိမ်မထူထောင်ချင်သေးတာကြောင့် မိဘနဲ့ နေနေသူတွေလည်း ရှိပါတယ်။ ဒီလို မိဘနဲ့ အတူနေသူတွေသာ သိတဲ့ အချက်တွေ ရှိပါတယ်။

၁ - မအိပ်ဘူး

ညဘက်သင်လျှောက်လည်တဲ့အချိန်တွေတိုင်း သင့်အမေက မအိပ်ဘဲ စောင့်နေပါတယ်။ ညတစ်နာရီပဲ ဖြစ်ဖြစ်၊ နှစ်နာရီပဲ ဖြစ်ဖြစ် မအိပ်ပါဘူး။ သင်ပြန်လာပြီဆိုမှ အိပ်တာပါ။ တစ်ခါတစ်လေ ဒီလို စောင့်နေတယ်ဆိုတာကိုတောင် သင်မသိပါဘူး။ သင့်အိပ်ခန်းတံခါးပိတ်သံ မကြားမချင်း သင့်အမေက အိပ်မပျော်တာ ဖြစ်ပါတယ်။

၂ - ကလေးပဲ ဖြစ်

သင့် အသက်ဘယ်လောက်ပဲရှိရှိ သင့်မိဘတွေ မျက်စိမှာတော့ ကလေးပဲ ဖြစ်ပါတယ်။ သင်အပြင်ထွက်ပြီဆိုတာနဲ့ သတိပေးစကားတွေ ပြောတတ်ပါတယ်။ နေပူတယ် ဦးထုပ်ဆောင်းသွား၊ ထီးပါလား၊ စောစောထွက်နော်၊ ကားကြည့်မောင်း စတဲ့ စကားတွေ ဖြစ်ပါတယ်။ စောစောပြန်လာမှာလား၊ ညဉ့်မနက်နဲ့ ဆိုတာတွေလည်း သတိပေးတတ်ပါတယ်။

love-your-mom.jpg 

၃ - သောင်ကျန်းတာလက်မခံ

အိမ်မှာ သောင်းကျန်းလို့မရပါဘူး။ သူငယ်ချင်းတွေ ခေါ်လာပြီး ထင်တိုင်းကြဲမယ်ဆိုတာမျိုး မရပါဘူး။ နေဖင်ထိုးအောင်အိပ်တာမျိုး လက်မခံပါဘူး။ မနက်ထပြီး လုပ်စရာရှိတာ လုပ်မှ ကြိုက်ပါတယ်။ မနက်မိုးလင်းတာနဲ့ အမေ့မီးဖိုချောင်က ရနံ့လေးတွေက သင့်အိပ်ရာထိ လွင့်ပျံ့လာပါတယ်။

၄ - နည်းပညာရှင်

အမေ့အိမ်မှာတော့ သင်က နည်းပညာရှင်ကြီးတစ်ယောက် ဖြစ်နေနိုင်ပါတယ်။  ဖေ့စ်ဘွတ်အကောင့်ဖွင့်တာကစလို့ မီးချောင်းလဲပေးရတာကအစ နည်းပညာပိုင်းကို တာဝန်ယူရသူကြီး ဖြစ်နေနိုင်ပါတယ်။ သင့်အိမ် တစ်ခုခုကို ချို့ယွင်းနေတာကို သင်ခေါင်းရှောင်လို့ မရပါဘူး။

(သင်စိတ်ဝင်စားနိုင်တဲ့ ဆောင်းပါး - မိဘတွေကို တစ်ယောက်တည်း ပစ်မထားသင့်တော့ဘူးဆိုတဲ့ လက္ခဏာ (၄) ရပ်)

 

၅ - အိမ်အကြောင်း မသိဘူး

မီတာခ တစ်လ ဘယ်လောက်ကုန်လဲ သင်မသိပါဘူး။ အိမ်အသုံးစရိတ် တစ်နေ့ ဘယ်လောက်ရှိတယ် သင်မသိပါဘူး။ အိမ်နဲ့ပတ်သက်တဲ့ ကုန်ကျစရိတ်တွေ အားလုံးကို သင်မသိပါဘူး။

၆ - အိမ်ကချက်တဲ့ဟင်း

အိမ်ကချက်တဲ့ဟင်းလောက် ဘယ်ဟင်းမှ မကောင်းဘူးဆိုတာကို အိမ်နဲ့ဝေးတာနဲ့ သင်သိလာမှာပါ။ သင့်အမေလို ချက်ပေးနိုင်သူ ဘယ်သူမှ မရှိဘူးလို့လည်း ထင်ပါလိမ့်မယ်။ သင့်အမေရဲ့ အကောင်းဆုံးဟင်းအကြောင်းကိုလည်း သင့်သူငယ်ချင်းတွေကို အမြဲပြောပြနေနိုင်ပါတယ်။

 

၇ - ကျေနပ်တယ်

သင့်မိဘတွေက သင့်ကို ငြီးငြူတဲ့စကားပြောနေတတ်ပါတယ်။ သင့်ကြောင့် သူတို့ ဘယ်လောက်ဝန်ပိုရတယ်ဆိုတာမျိုး ပြောနေပါတယ်။ ဒါပေမဲ့ အသက်ကြီးတဲ့ထိ မခွဲဘဲနေနေတဲ့ သင့်ကို သူတို့ ကျေနပ်နေပါတယ်။ သင့်ကွယ်ရာမှာတော့ သင့်ကို ချီးကျူးစကားတွေ ပြောနေတတ်ပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့ ဆောင်းပါး - အင်တာနက်လူမှုကွန်ရက်ပေါ်မှာ တစ်နေ့ကိုနှစ်နာရီကျော်ကျင်လည်သူတွေ ပိုပြီးအထီးကျန်နိုင်)

Photos & Source: Metro

Share

Loading Next Article...
က္က