တစ်ခါတစ်လေ ကိုယ့်အချစ်ဆုံးသူငယ်ချင်း တွဲနေတဲ့လူကို ကြည့်မရတာမျိုး ဖြစ်တတ်ပါတယ်။ သူငယ်ချင်းအပေါ် ဒီလူက ဒုက္ခပေးတယ်ဆိုရင်တော့ ပိုဆိုးပါတယ်။ ဒီလူနဲ့ ဘယ်လိုမှ မျက်နှာချင်းဆိုင်လို့ရမှာ မဟုတ်ပါဘူး။ ဒီကြားထဲ ကိုယ့်သူငယ်ချင်းက သူမှသူဖြစ်နေရင် အားမလိုအားမရ ဖြစ်ရပါတယ်။ ဒီအခါမှာ သူငယ်ချင်းကို သင့်ဘက်က စိတ်ဆိုးဒေါသထွက်တာတွေ၊ ဖိအားပေးတာတွေ မလုပ်သင့်ပါဘူး။
၁ - အရွယ်ရောက်ပြီးသားသူ
သူ့ချစ်သူဟာ ရုပ်ပိုင်းဆိုင်ရာအရ အနိုင်ကျင့်နှိပ်စက်တာတွေ မလုပ်သရွေ့ သင်ဝင်ပါလို့မရပါဘူး။ သင့်သူငယ်ချင်းကိုယ်တိုင်ပဲ သူတို့အချစ်ရေးနဲ့ပတ်သက်လို့ ဆုံးဖြတ်ချက်တွေ ချရမှာ ဖြစ်ပါတယ်။ ဘာလို့ ဒီလောက်တောင် ဖြစ်နေရတာလဲ ဆိုတာမျိုး မပြောသင့်ပါဘူး။ ဒါဟာ သူမရဲ့ ဘဝပါ။ သူ့လူကိုဖြတ်ဖို့ ဘယ်လောက်ခက်တယ်၊ အချိန်ဘယ်လောက်လိုတယ်ဆိုတာ သူပဲ သိတာပါ။ အရွယ်ရောက်ပြီးသားသူဖြစ်တာကြောင့် သူ့မှာ လုံလောက်တဲ့ ဆင်ခြင်စဉ်းစားညဏ်ရှိပါတယ်။
(သင်စိတ်ဝင်စားနိုင်တဲ့ သတင်း - တစ်ပတ်လုံးအလုပ်တွင်ဖို့ တနင်္လာနေ့မှာ သင်လုပ်သင့်တဲ့အချက် (၅) ချက် )
၂ - စိတ်မဆိုးနဲ့
ကိုယ်ချစ်တဲ့လူတွေက ကိုယ့်စကားနားမထောင်တာဟာ ပြောနေရမယ့် ကိစ္စမဟုတ်တော့ပါဘူး။ သူ့ဘက်က အကြံညဏ်တောင်းလို့ ပေးရတာဆိုပေမယ့်လည်း တကယ်လက်တွေ့ လုပ်မလုပ်ဆိုတာက သူ့ကိစ္စဖြစ်ပါတယ်။ တစ်ခါတစ်လေ အချစ်ရေးအဆင်မပြေတဲ့ သူငယ်ချင်းတွေဟာ အကြံညဏ်လိုချင်တာမဟုတ်ဘဲ သူတို့ခံစားနေရတာကို ဝေမျှချင်တာ ဖြစ်ပါတယ်။ ဘယ်လို ပုံစံမျိုးနဲ့မှ အခြားလူတစ်ယောက်က သူတို့အခြေအနေကို သုံးသပ်အဖြေထုတ်ပေးဖို့ မလွယ်ပါဘူး။ ဒါက သူတို့ဘဝဖြစ်နေလို့ပါ။ သင့်အကြံညဏ်တွေကို သူ့ဘက်က တကယ်မလုပ်ဘူးဆိုရင် သူငယ်ချင်းကို စိတ်မဆိုးပါနဲ့။
၃ - အကုန်လုံး မပြောဘူး
ဘယ်လောက်ပဲခင်တဲ့ သူငယ်ချင်းဖြစ်ဖြစ် သင့်သူငယ်ချင်းအကြောင်းကို တစ်ခုမကျန်သိဖို့ မလွယ်ပါဘူး။ သူ့မပြောပြတဲ့ အကြောင်းအရာတွေ အများကြီးရှိပါတယ်။ တစ်ချို့ကိစ္စတွေက ရည်ရွယ်ချက်ရှိရှိ မပြောတာ ဖြစ်ပြီး တချို့ကတော့ မကြုံလို့ မပြောဖြစ်တာပါ။ ဒါကြောင့် သူ့ရဲ့လူနဲ့ ဆက်ဆံရေးကို သင့်ဘက်က အတိအကျ မသိနိုင်ပါဘူး။ သင့်ဘက်က အလျင်စလို ဒေါသထွက်တာမျိုး မလုပ်ပါနဲ့။ သူ့ရဲ့လူကို သင့်ဘက်က ရန်ရှာတာမျိုးလည်း မလုပ်ပါနဲ့။ ကြားထဲက သင့်သူငယ်ချင်းပဲ နေရခက်မှာပါ။
(သင်စိတ်ဝင်စားနိုင်တဲ့ သတင်း - လက်တွဲဖော်ဆီက ကြားရတဲ့ မနှစ်သက်ဆုံး စကား (၅) ခု)
Photos & Source: Candy