ကေဂျီတန်း (သူငယ်တန်း) နဲ့ ပထမတန်းအတွက် တစ်လကို ကျပ် ၁၅၀,ဝဝဝ ကျသင့်မှာ ဖြစ်ပါတယ်။
 

သံလွင်ပုဂ္ဂလိက အလယ်တန်းကျောင်းဟာ  ကျောင်းအပ်လက်ခံမှုတွေကို လာမယ့်မေလမှာ စတင်ပြုလုပ်မယ်လို့ သိရပါတယ်။ သံလွင်ပုဂ္ဂလိက အလယ်တန်းကျောင်းကို ၂၀၁၇ – ၂၀၁၈ ပညာသင်နှစ်မှာ စတင်ဖွင့်လှစ်မှာဖြစ်ပြီး မူလတန်းနဲ့ အလယ်တန်းအဆင့်အတွက် လက်ခံသင်ကြားပေးမှာဖြစ်တယ်လို့ သိရပါတယ်။

အစိုးရကျောင်းတွေနဲ့ ချိတ်ဆက်မှုက ပညာရေးဝန်ကြီးဌာနရဲ့ သင်ရိုးညွှန်းတမ်းကို  လိုက်နာပြီးဆောင်ရွက်ရတဲ့ ကျောင်းဆိုတော့ သူတို့ရဲ့ သင်ရိုးကို လိုက်နာဆောင်ရွက်ရတယ်၊ သူတို့ရဲ့ စစ်ဆေးမှု ကို ခံရတယ်၊ ကျောင်းက ပုဂ္ဂလိက ကျောင်းဖြစ်တော့ ထပ်ဆောင်း သင်ခန်းစာတွေရှိမယ်၊ သူတို့သင်ကြားတဲ့ သင်ရိုးကို အားဖြည့်သင်ကြားပေးတဲ့ ဘာသာရပ်တွေရှိမှာ ဖြစ်ပါတယ်။

ကျောင်းသုံးပြဋ္ဌာန်းထားတဲ့ ဘာသာရပ်တွေအပြင် အင်္ဂလိပ်စာရေးဖတ်ပြော၊ အိုင်တီပညာရပ်အခြေခံ၊ သဘင်၊ ဂီတ၊ ပန်းချီ၊ ပန်းပု စတဲ့ အနုပညာဘာသာရပ်တွေနဲ့  အားကစားတွေကိုပါ သင်ကြားပေးမယ်လို့ သိရပါတယ်။

 

အားကစားဘာသာရပ်အတွက် ဘောလုံး၊ ဘောလီဘော၊ ဘတ်စကတ်ဘော၊ ခြင်းလုံး၊ စားပွဲတင်တင်းနစ်၊ မြားပစ်၊ ပြေးခုန်ပစ်စတဲ့ အားကစားနည်းတွေကို နည်းပြဆရာတွေနဲ့ စနစ်တကျ သင်ကြားပေးမှာဖြစ်သလို စိုက်ပျိုးရေး၊ ပန်းချီ၊ လက်မှု၊ ဒီဇိုင်းနဲ့ နည်းပညာ၊ ကွန်ပျူတာစတဲ့ ဘာသာရပ်တွေကို လက်တွေ့စနစ်တွေနဲ့ ပေါင်းစပ်သင်ကြားပေးမှာဖြစ်တယ်လို့ သိရပါတယ်။ ကျောင်းသား ၁၃ ယောက်ကို ဆရာ၊ ဆရာမတစ်ယောက်နှုန်းနဲ့ သင်ကြားပေးမှာ ဖြစ်ပါတယ်။ 

မေလဆန်းမှာ စတင်လက်ခံမှာဖြစ်ပြီး ကျောင်းအပ်ခကတော့ ကေဂျီတန်း (သူငယ်တန်း) နဲ့ ပထမတန်းအတွက် တစ်လကို ကျပ် ၁၅၀,ဝဝဝ၊ ဒုတိယတန်းနဲ့ တတိယတန်းအတွက် တစ်လကို ကျပ် ၁၇၀,ဝဝဝ၊ စတုတ္ထတန်းနဲ့ ပဉ္စမတန်း၊ ဆဌမတန်းအတွက် ကျပ် ၁၈၀,ဝဝဝ၊ သတ္တမတန်းနဲ့ အဌမတန်းအတွက် တစ်လကို ကျောင်းလခကျပ် ၂၀ဝ,ဝဝဝ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

အသေးစိတ်သိရှိလိုတယ်ဆိုရင် Thanlwin Education Services (PMO), Block (6/1), Yan Aung 3 street, Yankin, Yangon, ဖုန်းနံပါတ် - 01-558084, 09-2424224, 09-778779739 တို့မှာ စုံစမ်းနိုင်ပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့ သတင်း - Glasgow တက္ကသိုလ်မှာ တက်ရောက်ချင်သူတွေအတွက် ဆွေးနွေးပွဲ)

Photos & Source: Thanlwin Education Service, Kumudra


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က