အသက်ကြီးလာရင် မလုပ်သင့်တော့ဘူးဆိုတဲ့ မှားယွင်းယုံကြည်နေတာတွေ ရှိတတ်ပါတယ်။အသက်ကြီးလာတယ်ဆိုတဲ့ ကိစ္စက သင့်ကို လိုက်ထိန်းချုပ်နေတာမျိုး မဖြစ်သင့်ပါဘူး။ အသက်ကြီးလာတာကြောင့် သင်နှစ်သက်တာတွေကို လုပ်လို့ မရတော့ဘူးဆိုတာ မဟုတ်ပါဘူး။ အောက်ပါအချက်တွေကတော့ လူတိုင်းမှာ ရှိတတ်တဲ့ မှားယွင်းယုံကြည်မှုတွေပါ။
၁ - ခန္ဓာကိုယ်ယိုယွင်းမှု
အသက်အရွယ်ကြီးတဲ့အခါ ခန္ဓာကိုယ် ယိုယွင်းမှု အလွန်အမင်းဖြစ်လာတယ်ဆိုတာ မဟုတ်ပါဘူး။ နေ့စဉ်နေထိုင်စားသောက်မှုပုံစံ၊ ကိုယ်လက်လှုပ်ရှားမှုတွေနဲ့လည်း ဆိုင်ပါတယ်။ အသက်ကြီးပေမယ့် ကျန်းမာရေးဒေါင်ဒေါင်မြည်ဖြစ်နေသူတွေ အမြောက်အများရှိပါတယ်။ သင့်ကျန်းမာရေးကို ငယ်စဉ်ကတည်းက ဂရုစိုက်ထားရင် ကြီးလာတဲ့အခါ ခန္ဓာကိုယ်ယိုယွင်းမှုကို သူများတွေထက် ရှောင်ရှားနိုင်ပါတယ်။
၂ - ဦးနှောက်ကျန်းမာရေး
အသက်ကြီးလို့ ဦးနှောက်မှတ်ညဏ်ချို့ယွင်းတာဟာ လူတိုင်းမှာ ဖြစ်တတ်တာမျိုးတော့ မဟုတ်ပါဘူး။ ဘဝရဲ့နှောင်းပိုင်းမှာ ဒီလိုမှတ်ညဏ်ဆုံးရှုံးမှုတွေ မဖြစ်အောင် ရှောင်လို့ရပါတယ်။ ဘာသာစကားအသစ်တစ်ခုလေ့လာတာ၊ ဝါသနာကို အမြဲလုပ်ဆောင်တာမျိုးဟာ အသက်ကြီးမှ မှတ်ညဏ်ချို့ယွင်းမှု ကြုံရတာမျိုးကို တားဆီးပေးပါတယ်။
၃ - စိတ်ကျရောဂါ
အသက်ကြီးလာတဲ့အခါ စိတ်ဓာတ်ကျမှု ပိုဖြစ်တယ်ဆိုတာကလည်း မဟုတ်ပါဘူး။ လူတိုင်းမှာ မကြည်လင်တဲ့ စိတ်သောကတွေ အမြဲရှိနေတတ်ပါတယ်။ တကယ်လို့ စိတ်ဓာတ်ကျတဲ့ ခံစားချက်မျိုး ရှိတယ်ဆိုရင် တစ်စုံတစ်ဦးနဲ့ တိုင်ပင်သင့်ပါတယ်။ အသက်ကြီးလို့ ဖြစ်လာတဲ့ ပုံမှန်လက္ခဏာတစ်ခုလို ဒီအတိုင်း ပစ်မထားသင့်ပါဘူး။
(သင်စိတ်ဝင်စားနိုင်တဲ့ ဆောင်းပါး - သွားတိုက်တိုင်း လျှာကို သတိရပါ)
၄ - ခရီးမထွက်သင့်ဘူး
အသက်ကြီးလာရင် ခရီးဝေး မသွားသင့်တော့ဘူးဆိုတာလည်း မဟုတ်ပါဘူး။ နိုင်ငံရပ်ခြားတိုင်းပြည်တွေမှာဆိုရင် ပင်စင်စားအရွယ်မှ စုထားသမျှ ပိုက်ဆံတွေနဲ့ ကမ္ဘာပတ်ကြတာ ဖြစ်ပါတယ်။ ကျန်းမာရေးကောင်းတယ်ဆိုရင်တော့ အသက်ကြီးတာ၊ ငယ်တာ မဆိုင်ဘဲ ခရီးထွက်သင့်ပါတယ်။
၅ - အရွယ်တင်မှု
အဖေ၊ အမေက အရွယ်တင်လွန်းတယ်ဆိုရင် ကိုယ်လည်း အရွယ်တင်မယ်ဆိုတာ မမှန်ပါဘူး။ သူတို့လို နေပုံထိုင်ပုံ၊ စားသောက်ပုံရှိမှ သူတို့လိုဖြစ်မှာပါ။ သင်နေထိုင်ရာ ပတ်ဝန်းကျင်ကလည်း သက်ရောက်မှု ရှိပါတယ်။ နေ့စဉ် သင့်အပြုအမူ အလေ့အထတွေက ကွာခြားမှု ကြီးမားတယ်ဆိုရင် အရွယ်တင်ဖို့ မလွယ်ပါဘူး။
(သင်စိတ်ဝင်စားနိုင်တဲ့ ဆောင်းပါး - ခြေထောက်ပုံစံကိုကြည့်ပြီး စိတ်နေစိတ်ထားကို ခန့်မှန်းကြည့်ပါ)
Photos & Source: sunhealthseniorliving.org