သွားတိုက်ဆေးအနံ့ကြီးကို မကြိုက်ဘူးလား။ အရင်က ဘာမှမဖြစ်ပေမဲ့ သွားတိုက်ဆေးနံ့ကို မခံနိုင်တော့ဘဲ တခြားနည်းပြောင်းသုံးချင်တာမျိုးလား။ သွားသန့်ရှင်းဖို့ အတွက် သွားတိုက်ဆေးအစား အခြားသဘာဝနည်းလမ်းလေးတွေ ရှိပါတယ်။
၁ - ဆား
ဆားဟာ သွားတိုက်ရာမှာ အသုံးပြုလို့ရတာကို လူအများစု သိကြပါတယ်။ ပင်လယ်ဆားစစ်စစ်နဲ့တိုက်ရင်ပိုကောင်းပါတယ်။ ဆားပွင့်တွေကြား သွားမျက်နှာပြင် ပွတ်တိုက်မိမှာစိုးတယ်ဆိုရင် ဆားကို ရေခွက်ထဲမှာ ပျော်အောင်ထားပြီး သွားပွတ်တံကို ဆားရေနဲ့တို့ကာ တိုက်တာမျိုးလည်း လုပ်လို့ရပါတယ်။
၂ - မုန့်ဖုတ်ဆိုဒါ
မုန့်ဖုတ်ဆိုဒါနဲ့လည်း တိုက်လို့ရပါတယ်။ သွားပွတ်တံကို မုန့်ဖုတ်ဆိုဒါထဲနှစ်ပြီး တိုက်လို့ရပါတယ်။ ဒါမှမဟုတ် ရေနဲ့ဖျော်ပြီး တိုက်မယ်ဆိုလည်း ရပါတယ်။ အိမ်မှာပဲ သွားတိုက်ဆေးကို ကိုယ့်ဘာကိုယ်လုပ်သူတွေဟာ မုန့်ဖုတ်ဆိုဒါကို အသုံးများကြပါတယ်။
၃ - ရေ
သွားကို တစ်ခုခုနဲ့တိုက်ရတာမျိး မလုပ်ချင်သူတွေအတွက် ရေနဲ့တိုက်လို့လည်းရပါတယ်။ ရေနဲ့ ဒီအတိုင်းတိုက်ခြင်းဟာ အလုပ်ဖြစ်တယ်လို့ အချို့ကတော့ဆိုကြပါတယ်။ ဒါပေမယ့် သွားတိုက်ဆေးနဲ့ တိုက်နေရင်ဖြစ်တတ်တဲ့ ရှိန်းတိန်းတိန်း အရသာမျိုးတော့မရပါဘူး။ ဒီ့အတွက် မသန့်ရှင်းဘူးလို့ ထင်တတ်ပါတယ်။
(သင်စိတ်ဝင်စားနိုင်တဲ့ဆောင်းပါး - သွားကိုက်တာကို ချက်ခြင်းသက်သာစေမယ့် အိမ်သုံးဆေးနည်း (၃) မျိုး)
၄ - အုန်းဆီ
အုန်းဆီကလည်း နောက်ထပ်ရွေးချယ်စရာတစ်ခုပါ။ မှိုနဲ့ ရောဂါပိုးသေစေတဲ့ပစ္စည်းတွေ အုန်းဆီမှာ ပါဝင်ပါတယ်။ ပါးစပ်ဆေးကြောခြင်းအတွက်လည်း အသုံးဝင်ပါတယ်။ အုန်းဆီတစ်မျိုးတည်း သုံးနိုင်တဲ့အပြင် မုန့်ဖုတ်ဆိုဒါလို ပစ္စည်းတွေနဲ့လည်း ရောသုံးနိုင်ပါတယ်။
၅ - မီးသွေး
ဒါကလည်း လူသိများတဲ့ ရိုးရာနည်းတစ်ခုဖြစ်ပါတယ်။ နှစ်မိနစ်လောက်အနည်းဆုံးတိုက်ပေးဖို့ လိုပြီး ရေနဲ့ပြန်ပလုပ်ကျင်းပေးရမှာလည်း ဖြစ်ပါတယ်။ မီးသွေးနဲ့ သွားတိုက်ခြင်းဟာ သွားတွေကို ဖြူဖွေးစေတယ်လို့ ဆိုကြပါတယ်။
Photos & Source: Living The Nourished Life