ရာသီဥတုအေးတဲ့အခါနဲ့ လှုပ်ရှားမှုမရှိဘဲ တစ်စုံတစ်ခုကိုကြာရှည်စွာ အားစိုက်လုပ်ဆောင်ထားတဲ့အခါမှာ လက်တွေဟာ ထုံကျဉ်နေတတ်ပါတယ်။ ဒါပေမယ့် တခြားအကြောင်းတွေကြောင့်လည်း လက်တွေ ထုံတတ်ပါတယ်။
၁ - အရက်
အရက် ရေရှည်အလွန်အကျွံသောက်တဲ့ဒဏ်ကြောင့် ဖြစ်ပါတယ်။ အာရုံကြောတွေယိုယွင်းလာပြီး ခြေတွေ၊လက်တွေ ထုံလာတာဖြစ်ပါတယ်။ လက်ထိပ်ခြေထိပ်တွေဟာ အပ်နဲ့ထိုးသလို စူးတာမျိုးလည်း ဖြစ်ပါတယ်။ အကြောလိုက်တာနဲ့ ကြွက်သားရော့ရဲလာတာမျိုးလည်း ဖြစ်တတ်ပါတယ်။ အရက်ဟာ တစ်နေ့ကို အမျိုးသမီးဆို သုံးခွက်၊ အမျိုးသားဆိုလေးခွက်နဲ့ လေးခွက် အထက်သောက်ခြင်းဟာ အလွန်အကျွံသောက်ခြင်းပဲ ဖြစ်ပါတယ်။
၂ - လေဖြတ်ခြင်း
လက်တွေ၊ ခြေတွေထုံတာဟာ လေဖြတ်မယ့် လက္ခဏာလည်း ဖြစ်တတ်ပါတယ်။ ပြုံးတဲ့အခါ ပါးရွှဲ့တာ၊ စကားသံမပီသတာ၊ ခေါင်းတွေမူးဝေတာနဲ့ အမြင်မှုန်ဝါးတာတွေပါ တွဲဖြတ်နေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ဒီလိုလက္ခဏာမျိုး သုံးလေးခုထက် ပိုဖြစ်နေရင် သတိထားသင့်တာလည်း ဖြစ်ပါတယ်။
၃ - သွေးချို ဆီးချို
ကြိမ်ဖန်များစွာ အပေါ့သွားတာ၊ ရေခဏခဏ ဆာတာတွေဟာ သွေးတွင်းသကြားဓာတ်အဆင့်မြင့်မားနေပြီး ဆီးချိုသွေးချိုရဲ့ အကြိုလက္ခဏာတွေဖြစ်ကြောင်း လူတော်တော်များများ သိကြပါတယ်။ ဒီလိုလက္ခဏာတွေခဏခဏ ဖြစ်နေရင်လည်း ဆရာဝန် ပြသင့်ပါတယ်။ မကုသဘဲ ထားမယ်ဆိုရင်တော့ အာရုံကြောထိခိုက်လာပြီး လက်ထုံတာတွေဖြစ်လာပါတယ်။ နောက်ပိုင်းမှာ အမြင်အာရုံမှုန်ဝါးတာ၊ ကျောက်က်ပြဿနာရှိတာတွေပါ ဖြစ်လာပါလိမ့်မယ်။
(သင်စိတ်ဝင်စားနိုင်တဲ့ဆောင်းပါး - ညဘက်ချွေးထွက်ရတဲ့ အကြောင်းအရင်း (၆) ချက်)
၄ - Guillain-Barré Syndrome
ဒါကတော့ ကိုယ်ခံအားစနစ်နဲ့ ဆိုင်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ကိုယ်ခံအားစနစ်ဟာ နာ့ဗ်ကြောတွေကို မှားယွင်းတိုက်ခိုက်တာ ဖြစ်ပါတယ်။ ရလဒ်အနေနဲ့ လက်တွေထုံကျင်တာ ဖြစ်ပါတယ်။ အားနည်းသလိုဖြစ်တာ၊ ခန္ဓာကိုယ်နေရာအချို့မှာ ယားယံသလို တရွရွ ဖြစ်နေတာ၊ လက်နဲ့ ခြေထောက်တွေထုံတာမျိုးတွေဖြစ်ပြီး ဆရာဝန်နဲ့ ပြသင့်ပါတယ်။
၅ - Multiple Sclerosis
Multiple sclerosis ဟာ ကိုယ်ခံအားစနစ်နဲ့ ဆိုင်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ကိုယ်ခံအားစနစ်ဟာ ဦးနှောက်အာရုံကြောကို ကာကွယ်ပေးထားတဲ့ ပစ္စည်းတွေကို မှားယွင်းတိုက်ခိုက်တာ ဖြစ်ပါတယ်။ ဒီလိုတိုက်ခိုက်မှုရဲ့ ရလဒ်အနေနဲ့ လက်ထုံတာတွေ ဖြစ်လာပါတယ်။ အသက်အရွယ်မရွေးဖြစ်ပွားနိုင်ပြီး ၂၀ ကျော်နဲ့ ၃၀ ကျော်ပိုင်းတွေမှာ ပိုဖြစ်လေ့ရှိပါတယ်။
Photos & Source: Prevention