ဆံပင်ညှပ်ဆိုင်သွားပြီး ပြန်လာတဲ့အခါ လူတိုင်းမှာ စိတ်ဆန္ဒတစ်ခုရှိပါတယ်။ ဒါကတော့ နဂိုကထက် ကြည့်ကောင်းတဲ့ပုံစံမျိုးရှိနေချင်တာပါ။ နဂိုထက်မကောင်းဘူးဆိုရင်တောင် ကိုယ်နဲ့လိုက်ဖက်ပြီး ပုံမှန်ကြည့်ကောင်းတဲ့ ပုံလေးတော့ ရချင်ပါတယ်။ မလိုက်ဖက်တဲ့ ပုံကို ညှပ်မိရတဲ့အကြောင်းအရင်းတွေထဲမှာ ဆံသဆရာနဲ့ သေချာညှိနှိုင်းခြင်းမရှိတဲ့အချက်လည်း ပါဝင်ပါတယ်။ ဆံပင်မညှပ်ခင် ဆံသဆရာကို ဒီအချက်လေးတွေ မေးပြီးမှ ညှပ်သင့်ပါတယ်။
၁ - လိုက်ပါ့မလား
ဒါက မေးကို မေးရမှာပါ၊ ဘော့ဘ်ဆံပင်ပုံစံမျိုးဟာ တခြားလူတွေဆီမှာ ကြည့်ကောင်းပေမယ့် သင့်မျက်နှာနဲ့ လိုက်ဖက်ပါ့မလားဆိုတာ မေးရမှာပါ။ ဒီလိုမေးလိုက်မှ သူ့ဘက်က သင့်မျက်နှာကျကို ပိုလေ့လာဖြစ်ပြီး သင်ညှပ်ချင်တဲ့ပုံဟာ တကယ်လိုက်ဖက်မှုရှိမရှိ မညှပ်ခင် သေချာသုံးသပ်ဖြစ်သွားမှာပါ။
(သင်စိတ်ဝင်စားနိုင်တဲ့သတင်း -ချက်ခြင်းဆိုသလို ဆွဲဆောင်မှုကောင်းသွားစေမယ့် ဖက်ရှင် (၆) မျိုး )
၂ - ဘယ်လောက်တိုသွားမလဲ
ဆံပင်ညှပ်တဲ့အခါ အရမ်းတိုသွားမှာကို ကြောက်တတ်တာဟာ မိန်းကလေးတွေတင်မဟုတ်ဘဲ ယောကျာ်းလေးတွေမှာလည်း ဖြစ်တတ်ပါတယ်။ ဆံသဆရာနဲ့ ဆံပင်ညှပ်သူကြားနားလည်မှုလွဲတတ်ဆုံး ကိစ္စရပ်လည်း ဖြစ်ပါတယ်။ အရမ်းတိုသွားတယ်ဆိုတဲ့စကားဟာ ဆံပင်ညှပ်ပြီးစလူတွေဆီက ခဏခဏ ကြားရတတ်ပါတယ်။ ဒီလိုမဖြစ်ရအောင် ညှပ်ချင်တဲ့ ဆံပင်ပုံစံကို ပြောပြီးတာနဲ့ ဘယ်လောက်တိုသွားနိုင်လဲဆိုတာကို တိုင်ပင်ညှိနှိုင်းထားသင့်ပါတယ်။
၃ - နေ့စဉ်ပုံစံ
ညှပ်နေတုန်းနဲ့ ညှပ်ပြီးစအချိန်မှာ ကြည့်လို့ကောင်းပါတယ်။ ဆံပင်ညှပ်ဆိုင်က ထွက်လာပြီးပြီးချင်း ကြည့်လို့ကောင်းပါတယ်။ ဒါပေမယ့် အနည်းငယ်ကြာတဲ့အခါ ညှပ်ခါစကလို ကြည့်မကောင်းဘူးလို့ ထင်ရတာ ဖြစ်ပါတယ်။ ဒါကြောင့် ဆံပင်မညှပ်ခင် ဒီအချက်ကို ထည့်တွက်ပြီး ဆံသဆရာတွေနဲ့ တိုင်ပင်သင့်ပါတယ်။
၄ - ဘယ်အချိန်လောက်ပြန်လာသင့်လဲ
တော်တော်များများကတော့ မေးလေ့မရှိကြပါဘူး။ ဆံပင်ပုံမကျတော့ဘူးလို့ထင်တဲ့အချိန်ကြမှ ဆံသဆိုင်ကို နောက်တစ်ခေါက် သွားကြတာပါပဲ။ ဒါပေမယ့် သင့်ဆံပင်ပုံကို ပုံမှန်ထိန်းထားဖို့အတွက် ဘယ်အချိန်ပြန်လာသင့်လဲ မေးသင့်ပါတယ်။ ယောကျာ်းလေးတွေဆိုရင်တော့ ဘေးဘက်ရှိတ်ထားတဲ့နေရာတွေကို သစ်လွင်တဲ့ပုံမျိုးဖြစ်နေအောင် မကြာခဏ ပြန်သွားညှပ်လေ့ရှိကြပါတယ်။
၅ - ဖြစ်နိုင်ပါ့မလား
သင့်ညှပ်ချင်တဲ့ပုံစံမျိုး သေချာရပါ့မလားဆိုတာကို တိတိကျကျ မေးသင့်ပါတယ်။ မရနိုင်ဘူးဆိုရင် သင့်ဘက်က နောက်တစ်မျိုးကို ရှင်းရှင်းလင်းလင်းစဉ်းစားလို့ရပါတယ်။ ဆံပင်ရှည်ဖို့ လိုသေးတယ်ဆိုရင်လည်း ထပ်စောင့်ရမှာပါ။ ဒီလိုမှ မဟုတ်ဘဲ စညှပ်ကတည်းက နှစ်ယောက်စလုံးက ရှင်းရှင်းလင်းလင်းမရှိဘဲ လိုချင်တဲ့ပုံမျိုးမရဘူးဆိုရင် ကသိကအောက် ဖြစ်ရပါတယ်။
Photos & Source: Candy Crush