ကိုယ်အလေးချိန်ကိုပုံမှန်ထိန်းသိမ်းဖို့ဆိုတာ အသက်အရွယ်မရွေးလုပ်ဆောင်ပေးသင့်တဲ့အရာတစ်ခုပါပဲ။


ကိုယ်အလေးချိန်ကိုပုံမှန်ထိန်းသိမ်းဖို့ဆိုတာ အသက်အရွယ်မရွေးလုပ်ဆောင်ပေးသင့်တဲ့အရာတစ်ခုပါပဲ။ ဘာလို့လဲဆိုတော့ ကိုယ်အလေးချိန်ပုံမှန်ရှိနေဖို့ဆိုတာ အလှအပရေးရာအတွက်သာမဟုတ်ဘဲ ကျန်းမာရေးအတွက်လည်း အရေးကြီးလို့ပါ။ ဒါပေမယ့် Gym သွားပြီးလေ့ကျင့်ခန်းလုပ်နေတာကြာပြီ။ ဝိတ်ကတော့ကျမလာလို့ စိတ်ပျက်အားလျော့နေတဲ့လူတွေလည်း ရှိနိုင်ပါတယ်။ ဘယ်လောက်ပဲ ပင်ပင်ပန်းပန်း လေ့ကျင့်ခန်းလုပ်ပေမယ့် ကိုယ်အလေးချိန်မကျရတဲ့အကြောင်းရင်းတွေကတော့...

၁။ မှန်ကန်တဲ့လေ့ကျင့်ခန်းအချိန်ဇယားမရှိလို့

51b5246d92f14d70972ea188c6479886.jpg 

မှန်ကန်တဲ့လေ့ကျင့်ခန်းအချိန်ဇယားရှိဖို့က အလွန်အရေးကြီးပါတယ်။ ကယ်လိုရီလောင်ကျွမ်းစေတဲ့ အပြေးလေ့ကျင့်ခန်းတွေပဲ လုပ်နေလို့မရပါဘူး။ ကြွက်သားလေ့ကျင့်ခန်းတွေလည်း လုပ်ပေးဖို့လိုပါတယ်။

ဒါမှသာ ကြွက်သားလေ့ကျင့်ခန်းလုပ်နေရင်း ကိုယ်အလေးချိန်ပါလျော့ကျသွားမှာပါ။ ဒါကြောင့် ခင်ဗျားရဲ့လေ့ကျင့်ခန်းအချိန်ဇယားက ကြွက်သားလေ့ကျင့်ခန်းနဲ့ အပြေးလေ့ကျင့်ခန်းမျှတနေဖို့ လိုပါတယ်။

၂။ အိပ်ရေးဝအောင်မအိပ်ဘူး

Not-Enough-Sleep.jpg 

အိပ်ရေးဝအောင်၊ အိပ်ချိန်မှန်အောင်အိပ်ဖို့က အရေးကြီးပါတယ်။ ဉာဉ့်နက်တဲ့ထိ မအိပ်ဘဲဖုန်းသုံးနေတာတို့၊ ရုပ်ရှင်ကြည့်နေတာတို့က ခင်ဗျားကိုဝိတ်ပိုတက်စေပါတယ်။ ဘာလို့လဲဆိုတော့ အိပ်ရေးပျက်ခြင်းက ဇီဝကမ္မလုပ်ဆောင်မှုတွေကို နှေးကွေးအောင်တားဆီးထားလို့ပါပဲ။ ဒါကြောင့်ဇီဝကမ္မလလုပ်ဆောင်မှုတွေ ပိုမိုမြန်ဆန်စေဖို့ အိပ်ရေးဝအောင်အိပ်ဖို့ လိုအပ်ပါတယ်။

၃။ သင့်တင့်မျှတတဲ့အစားအသောက်တွေကို မစားဘူး

ကိုယ်အလေးချိန်လျှော့ချနေတဲ့အချိန်မှာ သင့်တော်မျှတတဲ့အစားအသောက်တွေကို စားဖို့ကအရေးကြီးပါတယ်။ ဒါကြောင့်နေ့စဉ်အစားအသောက်ထဲမှာ ကာဘိုဟိုက်ဒရိတ်၊ အဆီဓာတ်၊ ပရိုတိန်းဓာတ်၊ ဗိုက်တာမင်နဲ့ သတ္ထုဓာတ်တွေစုံလင်အောင် စားသုံးပေးသင့်ပါတယ်။ နောက်ပြီးတချို့ကထင်ကြပါတယ်။ အစားပုံမှန်မဆာဘဲ အငတ်နေမယ်ဆိုရင် ဝိတ်ကျမယ်လို့။ အမှန်တော့ အဆာခံခြင်းက ကိုယ်အလေးချိန်ကို ပိုတက်စေပြီး ကြာကြာအောင့်ခံနိုင်လို့ ဝိတ်ကျမယ်ဆိုရင်တောင် ကျန်းမာရေးနဲ့ညီညွှတ်မှာ မဟုတ်ပါဘူး။ ဒါကြောင့်သင့်တင့်မျှတတဲ့အစားအသောက်တွေကို ပုံမှန်အချိန်ဇယားလေးနဲ့ စားသုံးပေးသင့်ပါတယ်။

၄။ စိတ်ဖိစီးမှုတွေများလွန်းတယ်

o-STRESS-facebook.jpg 

စိတ်ဖိစီးမှုတွေများလွန်းရင် ကိုယ်အလေးချိန်ကိုတက်လာစေပါတယ်။ နောက်ပြီး အဲဒီလိုကိုယ်အလေးချိန် တဖြည်းဖြည်းတိုးလာမှန်းကိုလည်း ခင်ဗျားသတိထားမိလိုက်မှာမဟုတ်ပါဘူး။ စိတ်ဖိစီးမှုတွေ များလွန်းတဲ့အခါ ခန္ဓာကိုယ်ဟော်မုန်းတွေက အဆီဓာတ်တွေကိုစုဆောင်းပေးပါတယ်။ နောက်ပြီး တချို့လူတွေ စိတ်ဖိစီးမှုများတဲ့အခါ အစားကိုဖိစားတတ်တဲ့အတွက် ကယ်လိုရီတွေတက်လာစေပါတယ်။ ဒါကြောင့် စိတ်ဖိစီးခံလို့လည်း မဖြစ်ပါဘူး။

၅။ ပုံစံတစ်မျိုးတည်းလုပ်တယ်

ခန္ဓာကိုယ်က လေ့ကျင့်ခန်းလုပ်ဆောင်ပုံတစ်မျိုးကိုမှတ်သားထားပြီး ကျင့်သားရသွားပြီဆိုရင် ဘယ်လောက်ဆော့ဆော့ ကိုယ်အလေးချိန်က ဆက်မကျတော့ပါဘူး။ အဲဒီလိုဖြစ်ပြီဆိုရင်တော့ လေ့ကျင့်ခန်းအချိန်ဇယားနဲ့ လေ့ကျင့်နည်းစနစ်တွေကို ပြောင်းပေးသင့်ပါပြီ။ ဒီလိုလုပ်ပေးခြင်းအားဖြင့် ခန္ဓာကိုယ်ကိုကျစ်လျစ်စေရုံတင်မကဘဲ ကယ်လိုရီတွေကိုလည်း ပိုမိုမြန်ဆန်စွာ လောင်ကျွမ်းစေပါတယ်။

ဒီအချက်တွေကြောင့် Gym ဆော့ပေမယ့် ကိုယ်အလေးချိန်မကျဖြစ်နေတာပါ။ ဒါလေးတွေကိုသတိထားပေးလိုက်မယ်ဆိုရင်တော့ ကျစ်လျစ်လှပ အဆီကင်းမဲ့တဲ့ ခန္ဓာကိုယ်လေးတွေကို ပိုင်ဆိုင်နိုင်ပါပြီနော်။

သင်စိတ်ဝင်စားနိုင်တဲ့အကြောင်းအရာ (Gym မှာ ရှိုးထုတ်ဖို့ ဆံပင်စတိုင်လ် (၄) မျိုး)

Source: Youngisthan

Share

Loading Next Article...
က္က