နားလည်မှုလွဲပြီးဖြစ်တဲ့ ပြသနာတွေကိုလည်း ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။
 

အပြုသဘောမဆောင်တဲ့ ကော်မန့်တွေ မန့်ခံရတယ်ဆိုရင် သင့်စိတ်ထဲ တနုံ့နုံ့ ခံစားနေရတတ်ပါတယ်။ မကျေမချမ်းဖြစ်ရပါတယ်။ ဒါပေမယ့် ကောမန့် မန့်ပြီဆိုတာနဲ့ ဒါဟာ သင့်ကို သူတို့ ဂရုစိုက်တယ်ဆိုတဲ့ လက္ခဏာ ဖြစ်ပါတယ်။ သင်ရေးတဲ့ ပို့စ်ဟာ သူတို့တွေးခေါ်မှုထဲဝင်ရောက်သွားတယ်ဆိုတဲ့ လက္ခဏာ ဖြစ်ပါတယ်။ သင်စိတ်အနှောင့်အယှက်မဖြစ်ဖို့အတွက် ကော်မန့်တွေကို တုံ့ပြန်မယ်ဆို ဒါလေးတွေ သိထားသင့်ပါတယ်။

၁ - မဖျက်နဲ့

သူ့ကော်မန့်ကို ဖျက်လိုက်တယ်ဆိုတာက သူ့ကို ဆဲသလိုပါပဲ။ မကြိုက်လို့ ဖျက်တယ်ကွာ၊ မင်းဘာလုပ်ချင်လဲဆိုတာမျိုးပါ။ ရိုင်းပြသလို ဖြစ်သွားပါတယ်။ သူ့ဘက်က ဒီထက် ဆိုးတဲ့အရေးအသားတွေကို သူ့အကောင့်မှာ အကျယ်တဝင့် ရေးတဲ့ထိ ဖြစ်သွားနိုင်ပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့ဆောင်းပါး - ပရဟိတလုပ်ခြင်းကြောင့် ဘာကောင်းကျိုးတွေရရှိသလဲ)

 

၂ - Hide ပါ

သင်မကြိုက်ဘူး၊ တုံ့လည်းမတုံ့ပြန်ချင်ဘူးဆိုရင် ကော်မန့်ကို Hide လုပ်လိုက်တာက အကောင်းဆုံးပါပဲ။ Hide လုပ်ထားတဲ့ကော်မန့်ကို  ရေးတဲ့လူနဲ့ သူ့သူငယ်ချင်းတွေကတော့ မြင်ရမှာဖြစ်ပြီး ကျန်တဲ့လူတွေကတော့ မြင်ရမှာ မဟုတ်တော့ပါဘူး။ ဒါဟာ ပြသနာကို လက်တွေ့ကျကျ ဖြေရှင်းနည်းဖြစ်သလို နားလည်မှုလွဲပြီးဖြစ်တဲ့ ပြသနာတွေကိုလည်း ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။

၃ - ဘလော့

သင့်ပေ့ချ်မှာ အမြဲတမ်း အပျက်သဘောတွေပဲ ရေးနေတယ်၊ လက်တွေ့ကျကျ မစဉ်းစားဘဲ ပုဂ္ဂိုလ်ရေးတွေပဲ တိုက်ခိုက်နေတယ်ဆိုရင် Ban ထား၊ Block ထားလို့ ရတာပါပဲ။ ကော်မန့်တွေ၊ ပို့စ်တွေနဲ့ နေ့စဉ်စိတ်ဆင်းရဲမှုဒဏ်ကို မခံနိုင်ဘူး၊ မိတ်ဆွေဆက်ဆံရေးပျက်လည်း ဂရုမစိုက်တော့ထိ စိတ်ကို ဒုက္ခပေးနေတယ်ဆို ဒီလမ်းကို ရွေးလို့ရတာပါပဲ။ ဒီလမ်းကို မရွေးချင်ဘူးဆိုရင်တော့ သင့်အနေနဲ့ ဖေ့ဘွတ်မသုံးရုံဘဲ ရှိပါတော့တယ်။

 

၄ - ချက်ကျလက်ကျ

သင်က ဝေဖန်ရေးပို့စ်တွေ တင်တတ်သူ၊ အထင်အမြင်တွေကို ရဲရဲ ပြောတတ်သူဆိုရင်တော့ အရေထူဖို့ လိုပါမယ်။ အပြင်မှာဆိုရင် စကားတစ်ခွန်း ပြောဖို့ ဝန်လေးကြပေမယ့် ကော်မန့်တစ်ခုရေးဖို့ ဆိုရင်တော့ လက်ယှဉ်ကြတာများပါတယ်။ reply ပြန်တော့မယ်ဆိုရင် သင့်ဘက်က ယဉ်ကျေးပြနေစရာလည်း မလိုသလို၊ ဒေါသထွက်နေကြောင်းလည်း ပြစရာ မလိုပါဘူး။ သူပြောတာကိုပဲ ချက်ကျလက်ကျ ပြန်ရေးရမှာပါ။ အချိန်ယူသင့်ရင် ယူပါ။

၅ - ဝန်ခံ

သင့်ဘက်ကလည်း မှားတယ်ဆိုတာ သိတယ်၊ အများအမြင်မှာလည်း မှားနေကြောင်း ထင်ရှားတယ်ဆိုရင် ကော်မန့်မှာ ရိုးရိုးရှင်းရှင်းပဲ မှားကြောင်းဝန်ခံလိုက်ပါ။ ဒါဟာ သင့်အမှားအတွက် အကောင်းဆုံး တုံ့ပြန်နည်းပါ။ ဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ ကော်မန့်ရေး လက်ယှဉ်သူတွေထဲမှာ သင်ဟာ အများနဲ့တစ်ယောက်ဖြစ်သွားပါလိမ့်မယ်။  ပြောလို့ရပြီဆိုတာနဲ့ ဝိုင်းပြောချင်ကြတာပါ။

Photos & Source: Super Spicy Media

Share

Loading Next Article...
က္က