ဒါပေမယ့် သစ္စာဖောက်ခံနေပြီဆိုတာ ခိုင်လုံတဲ့သက်သေရှိပြီဆိုရင်တော့ ဘာပဲဖြစ်ဖြစ်ရင်ဆိုင်ရတော့မှာပါပဲ။ လူအများစုကတော့ ရုတ်တရက်သစ္စာဖောက်ခံရပြီဆိုရင် ဘာဆက်လုပ်လို့လုပ်ရမှန်း မသိပါဘူး။ သစ္စာဖောက်ခံရခြင်းနဲ့ရင်ဆိုင်ရပြီဆိုရင် ဒီအချက်လေးတွေနဲ့ ကြိုတင်ပြင်ဆင်သင့်ပါတယ်။
Facebook Account password ကိုရအောင်ယူပြီး သူ သစ္စာဖောက်ထားတဲ့ chat history တွေကို screen shot ရိုက်ထားတာပဲဖြစ်ဖြစ်၊ ကင်မရာတစ်လုံးနဲ့နောက်ကလိုက်ချောင်းပြီး ဓာတ်ပုံလိုက်ရိုက် ထားတာပဲဖြစ်ဖြစ်ပေါ့။ နောက်ပြီး သက်သေအခိုင်အမာရထားပြီဆိုရင် ခင်ဗျားအတွက်လည်း ရင်ဆိုင်ရ ပိုမိုလွယ်ကူစေမှာပါ။
ဒီတော့ သူတို့အတွက် ဒီလိုလုပ်ဖို့တန်မတန်အရင်စဉ်းစားပါ။ ပြီးရင် ဘယ်လိုရင်ဆိုင်မလဲဆိုတဲ့ အစီအစဉ်ကို သေချာပလန်ဆွဲပါ။ အဲဒီမှာအရေးအကြီးဆုံးကတော့ အချိန်နဲ့နေရာပါပဲ။ သူများတွေမနှောင့်ယှက်နိုင်မယ့် နေရာတစ်ခုခုမှာ စကားပြောလို့ အဆင်ပြေမယ့်အနေအထားလေးဖြစ်အောင် အရင်ဖန်တီးယူပါ။ ဘာပဲပြောပြော အဲဒီအခိုက်အတန့်လေးဟာ ခင်ဗျားဘဝရဲ့မှတ်တိုင်တစ်ခု ဖြစ်လာမှာပဲလေ။
ခင်ဗျားဘာဆက်လုပ်ချင်တာလဲဆိုတာကို ကိုယ့်ဖာသာကိုယ်သေချာအောင်မေးပါ။ ခြံခုန်တဲ့နွားကို ခွင့်လွှတ်ပြီး ပြန်တွဲမှာလား။ ငါ့လက်ကလွတ် ဗြွတ်ဆို လက်လွှတ်လိုက်ပါလား။ ဘာကိုပဲဆုံးဖြတ် ဆုံးဖြတ်... သူနဲ့မတွေ့ခင်မှာ ကိုယ်ဘာလုပ်မယ်ဆိုတာကို သေသေချာချာဆုံးဖြတ်ချက်ချနိုင်သင့်ပါတယ်။
ဆုံးဖြတ်ချက်မခိုင်မာသေးဘဲနဲ့တော့ ဘာကိုမှဆက်မလုပ်ပါနဲ့ဦး။ တစ်ဖက်လူက ဘယ်လိုတုံ့ပြန်လာမလဲ ဆိုတာကိုတော့ အတိအကျမသိသေးတာတော့ မှန်တာပေါ့လေ။ ဒါပေမယ့် ခန့်မှန်းကြည့်လို့တော့ရပါတယ်။ သက်သေခိုင်ခိုင်မာမာလည်း ရပြီးသားဆိုတော့ တစ်ဖက်လူရဲ့ဖောလုံးတွေကြား မမျောမိအောင်လည်း ကြိုတင်ပြင်ဆင်ထားပေါ့။
ပြဇာတ်ဆန်တယ်တော့ ထင်ရနိုင်ပေမယ့် တကယ်တော့ အချစ်ဇာတ်လမ်းတစ်ခုဆိုတာ ဘဝဆိုတဲ့ ပြဇာတ်ကြီးထဲက ဇာတ်ဝင်ခန်းတစ်ခုမျှသာပဲ မဟုတ်ပါလား။ သမီးရည်းစားဆက်ဆံရေးတစ်ခုရဲ့ နောက်ဆုံးအချိန်ဖြစ်သွားနိုင်တဲ့ တွေ့ဆုံခန်းတစ်ခုမှာ ပြောရမယ့်ဒိုင်တွေက ထိမိနေဖို့တော့လိုအပ်တယ်လေ။
ဘာဆက်လုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ပေါ် မူတည်ပြီး ခင်ဗျားပြောမယ့်ဒိုင်တွေဟာလည်း ကွဲပြားနေပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် မိမိရဲ့ခံစားချက်ပေါ်မူတည်ပြီး အကောင်းဆုံးဒိုင်ယာလော့ခ်တွေကို ပြင်ဆင်ထားလိုက်ပါ။
ဒီအချက်တွေအကုန်လုံးပြည့်စုံပြီဆိုရင်တော့ သစ္စာဖောက်နဲ့ခင်ဗျားရင်ဆိုင်နိုင်ပါပြီ။ ဘာတွေဆက်ဖြစ်မယ်ဆိုတာလည်း ခင်ဗျားတို့ နှစ်ယောက်ပေါ်ပဲ မူတည်ပါတယ်။ ဒါပေမယ့်အရေးအကြီးဆုံးကတော့ မိမိကိုယ်မိမိ တန်ဖိုးထားဖို့ပါပဲ။
သစ္စာဖောက်က ကိုယ့်ကိုတန်ဖိုးမထားဘူးဆိုတာ ခင်ဗျားမှာတန်ဖိုးမရှိတော့ဘူးဆိုတဲ့ အဓိပ္ပာယ်မသက်ရောက်ပါဘူး။ မိမိရဲ့ဘဝကို အကောင်းဆုံးဆက်လက်ရှင်သန်ဖို့က အရေးအကြီးဆုံးပါပဲ။ ပင်လယ်ထဲမှာငါးတွေအများကြီးရှိပါတယ်။ လွတ်သွားတဲ့ ငါးတစ်ကောင်အတွက် ဘာလို့ပူဆွေးနေမှာလဲ။
သင်စိတ်ဝင်စားနိုင်တဲ့အကြောင်းအရာ (ကတ္တီပါလမ်းခွဲလေးဖြစ်အောင်)
Source: Wikihow
Share