gym တွေမှာရှိတဲ့ ကိရိယာအများစုဟာ သားရေသားနဲ့ ဖုံးအုပ်ထားကြတာ ဖြစ်ပါတယ်။
 

Gym ဆော့ဖို့ သွားတဲ့အခါ သဘောကျစရာမကောင်းတဲ့ အပြုအမူတွေကို တွေ့ရတတ်ပါတယ်။ သင်ကိုယ်တိုင်လည်း ဒီလိုအပြုအမူတွေ မလုပ်မိဖို့ လိုပါတယ်။ Gym မှာ လူတွေက သင့်ကို အောက်ပါအပြုအမူတွေကြောင့် စိတ်ပျက်သွားတတ်ပါတယ်။

၁။ ချွေးတွေနဲ့ မထားခဲ့နဲ့

လေ့ကျင့်ခန်းတွေ လုပ်နေချိန်မှာ ချွေးတွေ ရွှဲနစ်နေအောင်ထွက်တာ ပြသနာမရှိပါဘူး။ ဒါပေမယ့် ကိရိယာတွေကို သုံးပြီးတဲ့အခါ ကျန်ရစ်ခဲ့တဲ့ချွေးတွေကို ပြန်လည်သုတ်ပေးဖို့ လိုပါတယ်။ Gym တွေမှာရှိတဲ့ ကိရိယာအများစုဟာ သားရေသားနဲ့ ဖုံးအုပ်ထားကြတာ ဖြစ်ပါတယ်။ ဒါမျိုးပြသနာမကြုံဖို့ဆိုရင် gym မှာ တဘက်ကောင်းကောင်း အသုံးပြုဖို့လိုပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့ ဆောင်းပါး - Gym သွားမယ်ဆို သယ်သွားဖို့လိုတဲ့အရာ (၇) ခု)

 

၂။ တကယ်သုံးပါ

ကိရိယာတစ်ခုနားမှာပဲ တဝဲလည်လည် လုပ်နေတတ်သူတွေရှိပါတယ်။ သူတို့ဟာ ဖုန်းသုံးလိုက်၊ ဆဲလ်ဖီဆွဲလိုက်နဲ့ တကယ်အသုံးပြုတာလည်း မဟုတ်ပါဘူး။ လူများနေတဲ့အချိန် ဒီကိရိယာကိုသုံးဖို့ တခြားသူတွေလည်း စောင့်နေတယ်ဆိုတာကို သတိပြုမိဖို့လိုပါတယ်။ Gym သွားတာဟာ ကာယလေ့ကျင့်ခန်းလုပ်ဖို့ဆိုတာကို မမေ့သင့်ပါဘူး။

၃။ အော်ကြီးဟစ်ကျယ်သမားတွေ

Gym မှာ စိတ်အနှောင့်အယှက်ဖြစ်ရဆုံး လူတွေပါ။ လေ့ကျင့်ခန်းလုပ်နေချိန်မှာ ဖုန်းကို အကျယ်ကြီးပြောတာ ဖြစ်ပါတယ်။ တခြားလူတွေရှိတယ်ဆိုတာကိုလည်း ဂရုမစိုက်ကြပါဘူး။ အပေါင်းအသင်းနဲ့လာပြီး အော်ကြီးဟစ်ကျယ်တွေပြောနေကြတာမျိုး ဖြစ်ပါတယ်။

 

၄။ လူတိုင်းအတွက် ဖြစ်တယ်

Gym မှာ လူရှုပ်နေချိန် သင်သတိထားရမှာကတော့ ကိရိယာတွေဟာ အခြားလူတွေလည်း သုံးဖို့ဖြစ်တယ်ဆိုတာပါပဲ။ ကိရိယာတစ်ခုတည်းကိုပဲ အချိန်အလွန်အကျွံသုံးမိတာမျိုးကို သတိထားသင့်ပါတယ်။ တခြားလူတွေလည်း သုံးဖို့ရှိနေတယ်ဆိုရင် ကိရိယာတစ်ခုကို ၂ နာရီထက်ပိုအောင် မသုံးသင့်ပါဘူး။

၅။ တွေ့ရာနေရာမထားနဲ့

သင်ဟာ လူကြီးတစ်ယောက်ဖြစ်တာကြောင့် ငယ်ငယ်တုန်းကလို ပြုမူလို့မရပါဘူး။ သင်ဆော့ခဲ့တဲ့ ပစ္စည်းကိုတွေ့ရာနေရာ ထားခဲ့တာမျိုး မလုပ်ပါနဲ့။ အထူးသဖြင့် ဝိတ်ပြားတွေကို သူ့နေရာနဲ့သူ ပြန်ထားဖို့ လိုပါတယ်။ သင်ဆော့ပြီးတဲ့အခါ ဝိတ်ပြားတွေကို တွေ့ရာနေရာမှာထားတာက သတိမမူမိတဲ့လူတစ်ယောက်ယောက် ထိခိုက်မိတာမျိုး ဖြစ်နိုင်ပါတယ်။

 

၆။ နောက်မကျနဲ့

Gym မှာ အများနဲ့ သင်တန်းတစ်ခုလေ့လာနေသူဆိုရင်တော့ အရေးကြီးဆုံးက နောက်မကျဖို့ပါ။ ဆရာပြတာကို ကိုယ်တိုင်ကိုယ်ကျလုပ်ရတာ ဖြစ်ပြီး နောက်ကျတဲ့အခါ သင့်ကို စောင့်နေရတာမျိုးက တခြားလူတွေအတွက် စိတ်အနှောင့်အယှက်ဖြစ်စရာပါ။ လေ့ကျင့်ခန်းလုပ်နေတုန်းမှာ သင်လာတာကြောင့် ဖျက်ပြီးရပ်လိုက်ရတာမျိုးဟာ သူတို့အတွက် အရှိန်ပျက်စေပါတယ်။

၇။ လေးစားပါ

သင်နဲ့ ဆော့ဖော်ဆော့ဖက်တွေကို လေးစားဖို့ လိုပါတယ်။ အထူးသဖြင့် အဝတ်လဲခန်းထဲမှာ သင့်အဝတ်အစားလဲပုံဟာ တခြားလူတွေအတွက် သက်သောင့်သက်သာ မဖြစ်တာမျိုးတွေ ရှိတတ်ပါတယ်။ သင့်ကိုယ်ပိုင်အိမ်အခန်းတစ်ခန်းလိုတော့ အသုံးပြုလို့ မရပါဘူး။

- ယခုဆောင်းပါးအား Training Ground The Premier Fitness Club က ကူညီပံ့ပိုးပေးထားပါသည်

Photos & Source: Bright Side

Share

Loading Next Article...
က္က