အနမ်းအမျိုးမျိုး ရှိကြတယ်။ ချစ်ခင်သူတွေကိုလည်း အနမ်းနဲ့ နှုတ်ဆက်ကြသလို ချစ်ရင်လည်း နမ်းတယ်ဟုတ်? ဒီနေ့ (ဇူလိုင် ၆ ရက်)ဟာ ကမ္ဘာ့အနမ်းနေ့ (International Kissing Day / World Kiss Day) ဖြစ်ပါသတဲ့။ ချစ်ခင်ရသူတွေကို အနမ်းလေးပေးပြီး ပါဝင်ဆင်နွှဲကြရအောင်လေ။
သင်အကြိုက်တွေ့နိုင်မယ့်ဆောင်းပါး ---> ကိုယ့်အနမ်းကို တမ်းတမ်းစွဲဖြစ်သွားစေမယ့် လျှို့ဝှက်ချက်
International Kissing Day အစက ၂၀၀၆ ခုနှစ်မှာ စတင်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီတုန်းကတော့ သမီးရည်းစားစုံတွဲတွေကပဲ အရင်စခဲ့တာပါ။ ချစ်သူ၊ ခင်သူတွေကို နမ်းဖို့အတွက် လူတွေက မေ့လျော့နေကြတယ်လေ။ ဒါကို အမှတ်ရသွားအောင်လို့ ဒီနေ့လေးပြုလုပ်ဖြစ်သွားကြသတဲ့။
အနမ်းပေးခြင်းဟာ လူကို ကောင်းကျိုးအများကြီးဖြစ်စေပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ကြား ရင်းနှီးမှု၊ သံယောဇဉ် တိုးပွားစေတယ်။ ကယ်လိုရီတွေလည်း လောင်ကျွမ်းစေတာမို့ ပိန်ချင်သူတွေ များများနမ်းပေတော့ပဲ။ စိတ်ဖိစီးမှုတွေကိုလည်း လျော့သွားစေနိုင်ပါသေးတယ်။