တွင်းဟောင်းတစ်ခုထဲ ဆင်းမယ်ဆိုရင် ဖယောင်းတိုင်ကို ကြိုးနဲ့ချည်ပြီး အောက်ကိုချလိုက်ရပါတယ်။
 

သက်ရှိသတ္တဝါတွေ အားလုံး အောက်ဆီဂျင်ကို လိုအပ်ပါတယ်။ အောက်ဆီဂျင်လုံလုံလောက်လောက် မရရင် သေတဲ့ထိ ဖြစ်နိုင်ပါတယ်။ ဒီလိုအဖြစ်မျိုးပေါင်းများစွာ ရှိပါတယ်။ တွင်းဟောင်းတွေထဲ စူးစမ်းခြင်းမရှိဘဲ ဆင်းသွားပြီး နှစ်ယောက်၊သုံးယောက်သေတယ်ဆိုတဲ့ သတင်းတွေ တစ်ခါတစ်လေ သတင်းစာမှာ ပါလာတတ်ပါတယ်။ တွင်းဟောင်းထဲမှာ အောက်ဆီဂျင်မရှိဘဲ ဆင်းသွားတာကြောင့် ဖြစ်ပါတယ်။

လူသားဟာ အပြင်ဘက်က အောက်ဆီဂျင်ကို ရှုရှိုက်ပြီး ကာဗွန်ဒိုင်အောက်ဆိုက်ကို ပြန်လည် ထုတ်လုပ်တာ ဖြစ်ပါတယ်။ အဆုပ်ကနေ အောက်ဆီဂျင်ကို ရှူသွင်းပြီး ခန္ဓာကိုယ်ဆဲလ်တွေနဲ့ အင်္ဂါအစိပ်အပိုင်းတွေဆီ ဖြန့်ဝေတာ ဖြစ်ပါတယ်။ ဦးနှောက်အပါအဝင် ခန္ဓာကိုယ်အစိတ်အပိုင်းတွေအားလုံးဟာ အောက်ဆီဂျင်မရရင် ပြသနာပေါင်းများစွာ ဖြစ်သွားနိုင်ပါတယ်။ တကယ်လို့ အောက်ဆီဂျင်မရရင်တော့ ခန္ဓာကိုယ်မှာ အောက်ပါ လက္ခဏာတွေ ဖြစ်ပွားလာမှာပါ။

(သင်စိတ်ဝင်စားနိုင်တဲ့ဆောင်းပါး - ခန္ဓာကိုယ်ထဲက နီကိုတင်းကို ချေဖျက်ပေးမယ့် အသီးအနှံများ)

 

အသက်ရှုမဝဘဲ မူးနောက်ခြင်း

အောက်ဆီဂျင်လုံလုံလောက်လောက်မရတဲ့အခါ အသက်ရှုလမ်းကြောင်းဆိုင်ရာ စနစ်ကို ပထမဆုံးသက်ရောက်ပါတယ်။ အသက်ရှူမဝတာ၊ မူးဝေတာတွေ ဖြစ်လာမှာပါ။ အဆိုပါအခြေအနေကို ဆေးပညာအရ hypoxemia လို့ခေါ်ပါတယ်။ သွေးခုန်နှုန်းဟာ မြန်လာပြီး အသက်ရှူဖြစ်စဉ်လည်း မြန်လာတာပါ။ ခန္ဓာကိုယ်က လုံလောက်တဲ့အောက်ဆီဂျင်ကို ရှာဖွေနေတာကြောင့် ဖြစ်ပါတယ်။

သွေးလည်ပတ်မှု ပုံမှန်မဟုတ်

နောက်တစ်ဆင့်ကတော့ သွေးခုန်နှုန်းတွေ ပျော့လာတာ ဖြစ်ပါတယ်။ သွေးဖိအားက တိုးလာပြီး သွေးလည်ပတ်မှုကို ပျက်ပြားစေတာ ဖြစ်ပါတယ်။ အရေပြားဟာ အပြာရောင်ပြောင်းသွားပြီး သိစိတ်တွေလွတ်လာပါတယ်။  လုံးဝမေ့မျောသွားတာမျိုးလည်း ဖြစ်တတ်ပါတယ်။

 

ဦးနှောက်ပျက်စီးမှု

အောက်ဆီဂျင်ရရှိမှုနည်းလာတဲ့ဦးနှောက်ဟာ ဖြည်းဖြည်းချင်းဖြစ်ပေါ်လာတဲ့ ပျက်စီးမှုကို ခံစားရပါလိမ့်မယ်။  ဦးနှောက်ဆဲလ်တွေဟာ စတင်ပျက်စီးလာပြီး ပြင်းထန်တဲ့ ဦးနှောက်ပျက်စီးမှုတွေကို ဖြစ်ပေါ်စေပါတယ်။

Photos & Source: Articles of the health

Share

Loading Next Article...
က္က