ကြွက်တွေဟာ လူတွေလိုပဲ အစာစားပြီးတဲ့အချိန်ထက် ဆာလောင်နေချိန်မှာ အနံ့ခံအာရုံ ပိုမိုပြင်းထန်တာ ဖြစ်ပါတယ်။
 

အစားအစာတွေရဲ့ အနံ့ကို ရရုံနဲ့ လူတစ်ယောက်ဟာ ဝလာနိုင်တယ်လို့ သုတေသနတစ်ခုက ဆိုပါတယ်။ အဆိုပါသုတေသနရဲ့ တွေ့ရှိချက်အရ အနံ့အာရုံဆုံးရှုံးနေတဲ့ အဝလွန်ကြွက်တွေဟာ ခန္ဓာကိုယ်အလေးချိန် လျော့နည်းလာပြီး အနံ့အာရုံကောင်းတဲ့ ကြွက်တွေကတော့ သူတို့ခန္ဓာကိုယ်ရဲ့ နှစ်ဆဖြစ်လာတာပါ။

အစားအသောက်ရဲ့ အနံ့ဟာလည်း ခန္ဓာကိုယ်ရဲ့ ကယ်လိုရီတွေအပေါ် တုံ့ပြန်မှုမှာ အဓိကအခန်းကဏ္ဍက ပါဝင်နေတာဖြစ်ကြောင်း အဆိုပါ တွေ့ရှိချက်ရဲ့ ရလဒ်က ထောက်ပြနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့ဆောင်းပါး - အိပ်နေရင်းဟောက်တတ်တာကို ဘယ်လိုကုစားကြမလဲ)

 

အနံ့အာရုံနဲ့ ဦးနှောက်ကြားက ဆက်စပ်မှုကိုလည်း အဆိုပါသုတေသနက အဓိက ထောက်ပြခဲ့ပါတယ်။ကျွန်တော်တို့ဟာ အနံ့ကို ထိန်းချုပ်ကိုင်တွယ်နိုင်တဲ့အခါ ဦးနှောက်ရဲ့ စွမ်းအင်တွေအပေါ်တုံ့ပြန်ပုံနဲ့ အလုပ်လုပ်ပုံတွေကိုလည်း ပြောင်းလဲလို့ ရမယ်လို့ သုတေသနက ထောက်ပြထားကြောင်း အဆိုပါလေ့လာမှုကို ပြုလုပ်ခဲ့တဲ့ Los Angeles မြို့ Cedars-Sinai ဆေးပညာစင်တာမှ ဆီလင်း ရိုင်ရာက ပြောကြားထားပါတယ်။

ကြွက်တွေဟာ လူတွေလိုပဲ အစာစားပြီးတဲ့အချိန်ထက် ဆာလောင်နေချိန်မှာ အနံ့ခံအာရုံ ပိုမိုပြင်းထန်တာ ဖြစ်ပြီး အနံ့အာရုံကင်းမဲ့မှုဟာ ခန္ဓာကိုယ်ကို အစာစားပြီးသလို လှည့်ဖျားတာမျိုး ဖြစ်နိုင်ချေရှိတယ်လို့လည်း ဆိုပါတယ်။အဆိုပါတွေ့ရှိချက်ကို Cell Metabolism ဂျာနယ်မှာ ထုတ်ဝေခဲ့တာဖြစ်ပါတယ်။ အာရုံခံစနစ်တွေဟာ ခန္ဓာကိုယ်ဇီဝဖြစ်စဉ်မှာ အဓိကအခန်းကဏ္ဍမှာ ရှိနေပြီး ဝတာဟာ ကယ်လိုရီကိစ္စသက်သက် မဟုတ်ဘဲ အဆိုပါကယ်လိုရီတွေကို ဘယ်လိုတုံ့ပြန်လဲဆိုတာနဲ့ သက်ဆိုင်မှု ရှိတယ်လို့ California တက္ကသိုလ်မှ အန်ဒရူးဒဲလင်းကလည်း ပြောကြားထားပါတယ်။

Photos & Source: Zee News

Share

Loading Next Article...
က္က