အမျိုးသားတွေဆိုရင် ပိုပြီးသိသာတယ်။

တစ်နေ့ကို ကော်ဖီ ၃ ခွက် ပုံမှန်သောက်သူတွေဟာ ကော်ဖီလုံးဝမသောက်သူတွေနဲ့ယှဉ်ရင် ပိုပြီးအသက်ရှည်နိုင်တယ်လို့ သုတေသနအသစ်တစ်ခုက ထုတ်ပြန်လိုက်ပါတယ်။ ယူကေအပါအဝင် ဥရောပနိုင်ငံ ၁၀ နိုင်ငံမှ လူပေါင်း ငါးသိန်းကျော်ရဲ့ အချက်အလက်တွေကို အခြေခံကာ ကော်ဖီသောက်သုံးခြင်းနဲ့ အသက်သေဆုံးနိုင်ခြေတို့အပေါ် သက်ရောက်မှုကို လေ့လာခဲ့တာ ဖြစ်ပါတယ်။\


သင်နှစ်သက်နိုင်မယ့်ဆောင်းပါး _---> ကမ္ဘာတလွှား ကော်ဖီအဆန်းကြီးများ

 

ယခုလေ့လာမှုကို Agency for Research on Cancer (IARC) နဲ့ လန်ဒန်က Imperial College က သုတေသီတွေ ပူးပေါင်းပြုလုပ်ခဲ့ကြတာပါ။ ကော်ဖီပမာဏမြင့်မားစွာသောက်သုံးခြင်းဟာ အသက်သေဆုံးနိုင်ခြေကို လျော့ကျစေမှုပေအါ် လေ့လာခဲ့ကြပါတယ်။ အထူးသဖြင့် ကောက်ဖီသောက်သုံးခြင်းနဲ့ သွေးလည်ပတ်မှု၊ အစာခြေလမ်းကြောင်းဆိုင်ရာရောဂါတွေကို လျော့ကျစေကြောင်း သုတေသနကိုဦးဆောင်သူ ဒေါက်တာ Marc Gunter က ပြောပါတယ်။

 

ကော်ဖီသောက်သုံးမှုများပြားတဲ့ ဥရောပနိုင်ငံ ၁၀ ခုမှ အသက် ၃၅ နှစ်အထက် လူပေါင်း ၅၂၁,၃၃၀ ဦးရဲ့ ကျန်းမာရေးအချက်အလက်တွေကို လေ့လာခဲ့ပြီးနောက် ကော်ဖီရဲ့အကျိုးသက်ရောက်မှုနဲ့ အသက်သေဆုံးနိုင်ခြေတို့အပေါ် အဖြေထုတ်ခဲ့ကြတာ ဖြစ်ပါတယ်။ ယင်းနိုင်ငံတွေထဲမှာ ကော်ဖီသောက်သုံးမှုအများဆုံးက ဒိန်းမတ်နိုင်ငံဖြစ်ပြီး တစ်နေ့ကို 900 ml သောက်သုံးကြကာ အီတလီမှာနေထိုင်သူတွေကတော့ တစ်နေ့ကို ကော်ဖီသောက်သုံးမှု အများဆုံးပမာဏ 92 ml သာ သောက်တာတွေ့ရပါတယ်။

 

ကော်ဖီများများသောက်သူတွေဟာ ငယ်ရွယ်သူတွေဖြစ်လေ့ရှိကာ ဆေးလိပ်၊ အရက်သောက်သံုံးလေ့ရှိပြီး အသားပိုစားသူတွေလည်း ဖြစ်ပါတယ်။ ဒီလေ့လာမှုရဲ့ ရလဒ်အနေနဲ့ တစ်နေ့ကို အနည်းဆုံး ကော်ဖီ ၃ ခွက် သောက်တဲ့ အမျိုးသားတွေဟာ ကောက်ဖီမသောက်သူတွေနဲ့ယှဉ်ရင် အသက်သေဆုံးနိုင်ခြေ ၁၈% ပိုနည်းတာကို တွေ့ရပါတယ်။ အမျိုးသမီးတွေအနေနဲ့လည်း အမျိုးသားတွေနဲ့ ပမာဏတူ သောက်သုံးတဲ့အခါမှာတော့ အမျိုးသားတွေလောက် သက်ရောက်မှုမရှိဘူးလို့ သုတေသနရလဒ်မှာ ဖော်ပြခဲ့ပါတယ်။

Source : Sky


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က