အိမ်နဲ့ ပြဿနာ ကြီးကြီးမားမားတော့ မရှိပါဘူး။ သူတို့ဘက်က သင့်ကိုနားမလည်တာလား၊ သင့်ဘက်ကပဲ မှားနေတာလားဆိုတာမသိပေမယ့် အိမ်သားတွေကို သင်သဘောမကျရတဲ့အကြောင်းအရင်းတွေ ရှိပါတယ်။ အဆိုပါအကြောင်းအရင်းတွေက ဒီအချက်လေးတွေ ဖြစ်နေနိုင်ပါတယ်။
အိမ်က မိဘတွေက ကိုယ့်အပေါ် အကောင်းဆုံးဆိုတာတွေကိုပဲ မျှော်လင့်နေပါတယ်။ ဒါပေမယ့် အကောင်းဆုံးဆိုတဲ့ သတ်မှတ်ချက်နဲ့ ပတ်သက်လို့ လူတစ်ဦးနဲ့ တစ်ဦးမှာ ကွဲပြားမှုတွေ ရှိပါတယ်။ ဒါကို နားမလည်တာကြောင့် အိမ်က လူတွေက အဆက်မပြတ်ကို သင့်ကို ဝေဖန်နေပါတယ်။ တခြားလူတွေနဲ့လည်း အမြဲနှိုင်းယှဉ်နေပါတယ်။ သင့်ကိုယ်ပိုင်ပုံစံကို လက်မခံဘဲ သင့်ကို အမြဲဝေဖန်နေပါတယ်။
(သင်စိတ်ဝင်စားနိုင်တဲ့ဆောင်းပါး - သူငယ်ချင်းတွေ ဝေးကွာသွားရတဲ့အကြောင်းရင်းတွေ)
အဆိုးဆုံးကတော့ သူစိမ်းတွေရှေ့မှာ၊ အများရှေ့မှာ ဝေဖန်တာ ဖြစ်ပါတယ်။ သင့်ကို နည်းနည်းလေးမှ ထည့်မတွက်ဘဲ သူစိမ်းတွေကို သင့်အကြောင်းတွေ သင့်ရှေ့မှာ ပြောတာပါ။ သူစိမ်းတွေကပါ အထင်သေးပြီး သင့်အိမ်သားတွေ ဆက်ဆံသလို လာဆက်ဆံချင်တာမျိုးဟာ သင့်အတွက် သဘောမကျစရာတွေပါ။
စကားပြောတဲ့အခါ၊ ဆွေးနွေးတဲ့အခါမျိုးတွေမှာ သင့်အမြင့်ကို မသိကျိုးကျွံပြုကြပါတယ်။ ဘာမှလည်း မသိဘဲနဲ့ ဝင်ပြောတယ်ဆိုတဲ့အကြည့်မျိုး၊ အပြောမျိုးတွေနဲ့ သင့်အိမ်သားတွေက သင့်ကို တုံ့ပြန်တတ်ပါတယ်။ သင်တင်ပြတဲ့ အကြောင်းအရာကိုလည်း သူတို့စကားတွေနဲ့ ပြန်ပြောပြီးမှ လက်ခံတာမျိုး ဖြစ်ပါတယ်။ သင်ပြောတာကို အလွယ်တကူ နားထောင်ပေးတယ်ဆိုတာ မရှိပါဘူး။
သင့်ဘက်က ဘာတွေပြုပြင်ရမယ်ဆိုတာကိုပဲ အမြဲထောက်ပြနေပြီး သင့်ကောင်းကွက်တွေကိုတော့ မသိကျိုးကျွံပြုထားတာ ဖြစ်ပါတယ်။ သင့်အောင်မြင်မှုတွေကလည်း လုံလောက်တဲ့ အောင်မြင်မှု မဟုတ်သလို သဘောထားနေကြတာ ဖြစ်ပါတယ်။
သင့်ဆုံးဖြတ်ချက်၊ သင့်ရည်ရွယ်ချက်တွေဟာ ဘာမှမဟုတ်သလို သူတို့ဘက်က ပြုမူတာပါ။ ဒီရည်မှန်းချက်နဲ့ပတ်သက်လို့ သင့်မှာရှိနေတဲ့ စိတ်တွေကိုလည်း လျော့ပါးအောင် လုပ်နေတာပါ။ တစ်ခါတစ်လေ အိမ်သားတွေက ကိုယ့်အပေါ် ဒီလိုပြုမူနေတာဟာ ကိုယ်ကိုယ်တိုင် ဒီရည်မှန်းချက်တွေပေါ် ယုံကြည်မှုနည်းပါးနေတာကြောင့်လည်း ဖြစ်တတ်ပါတယ်။
သင့်အပေါင်းအသင်း၊ သင့်အချစ်ရေး၊ သင့်အလုပ်အကိုင် စတာတွေထိပါ လိုက်လံပါဝင်ပတ်သက်နေတာ ဖြစ်ပါတယ်။ အစစအရာရာ သင့်ကို အဆင်ပြေချောမွေ့စေချင်နေတာ ဖြစ်ပါတယ်။ ဒီလိုအပြုအမူတွေက အသက်ကြီးလေ သဘောမကျ ဖြစ်ရလေပါပဲ။
Photos & Source: Bustle
Share