ရေမွှေးကောင်းကောင်းသုံးချင်ရင် ပိုက်ဆံများများ ပေးရတာပါပဲလေ။ ဟုတ်တယ်မို့လား။ ရေမွှေးကို ဖော်စပ်တဲ့ပစ္စည်း၊ ထုတ်ပိုးမှုပုံစံ စတာတွေကြောင့် ရေမွှေးတွေဟာ တန်ဖိုးကွာသွားရပါတယ်။ ကမ္ဘာ့ဈေးအကြီးဆုံးရေမွှေးပုလင်းဆိုရင် သိန်းထောင်ချီပေးရတယ်ဆိုပဲ။
၁။ Clive Christian’s Imperial Majesty
နာမည်ကျော် ရေမွှေးထုတ်လုပ်သူ Roja Dove က Imperial Majesty လို့ခေါ်တဲ့ ရေမွှေးတစ်မျိုးကို နှင်းဆီပန်းအဆီ၊ orris အမြစ်၊ စံပယ်နဲ့ အီတာလျံသစ်ကြံပိုးခေါက်တို့ကို အသုံးပြုကာ ဖန်တီးခဲ့ပါတယ်။ ရေမွှေးပုလင်းကို ပြုလုပ်ရတာ သိပ်ကိုခက်ခဲပြီး သုံးကြိမ်လုပ်ရင် တစ်ကြိမ်က ပျက်စီးသွားလေ့ရှိပါသတဲ့။ ရေမွှေးပုလင်းရဲ့လည်ပင်းကိုတော့ ၁၈ ကရတ်ရွှေသား၊ သေသပ်လှပစွာဖြတ်တောက်ပုံဖော်ထားတဲ့ ၅ ကရတ်စိန်ပွင့်နဲ့ တန်ဆာဆင်ထားပါတယ်။ တစ်ပုလင်းကို အမေရိကန်ဒေါ်လာ ၂၁၅,၀၀၀ (ကျပ် သိန်းပေါင်း ၂၉၀၀ ကျော်) တန်ပါတယ်။
ဆက်စပ်ဖတ်ရှုနိုင်မယ့်ဆောင်းပါး ---> ရေမွှေးအတုနဲ့ ဂျင်းထည့်မခံရအောင်
၂။ Chanel’s N°5 Parfum Grand Extrait
Chanel အမှတ်တံဆိပ်ရေမွှေးထဲမှာ Chanel’s N°5 (ရှန်နယ်ဖိုက်) ဆိုရင် အမေတို့လက်ထက်တည်းက နာမည်ကြီးလာတာ ခုထိပဲ။ Chanel အမှတ်တံဆိပ်ရဲ့ပိုင်ရှင် Coco Chanel ဟာ သူမရဲ့ရေမွှေးကို ဘယ်သူမှမကူးနိုင်အောင် ဖန်တီးလိုတာကြောင့် ရေမွှေးဖန်တီးသူ Ernest Beaux ကို (အဲ့ဒီခေတ်က)ဈေးအကြီးဆုံး ပါဝင်ပစ္စည်းတွေနဲ့ ရေမွှေးသစ်ဖော်စပ်စေခဲ့ပါတယ်။ ရေမွှေးပုလင်းရဲ့တန်ဖိုးက တစ်ပုလင်းကို ဒေါ်လာ ၄၂၀၀ (ကျပ် ၅၆ သိန်းကျော်) ပေးရပါတယ်။
၃။ Clive Christian’s No. 1
Clive Christian ရဲ့ No.1 ရေမွှေးကတော့ တစ်ပုလင်းကို ဒေါ်လာ ၂၁၀၀ (ကျပ် ၂၈ သိန်းကျော်) ပေးရတယ်။ အနံ့ကလည်း အရမ်းကောင်းတယ်ဆိုပဲ။ ရေမွှေးပုလင်းကို lead crystal ကနေ handmade ပြုလုပ်ထားတာပါ။ ပုလင်းရဲ့လည်ပင်းမှာတော့ ၂၄ ကရတ်ရွှေသားနဲ့ အုပ်ထားတဲ့ sterling silverကို သုံးထားပါတယ်။ အမျိုးသားသုံး No.1 ကိုလည်း ထုတ်လုပ်ထားပြီး အဲ့ဒီရေမွှေးရဲ့တန်ဖိုးက ဒေါ်လာ ၂၃၅၀ ရှိတာကြောင့် ကမ္ဘာ့ဈေးအကြီးဆုံး အမျိုးသားသုံးလည်း ဖြစ်နေပြန်ပါတယ်။
Source : Finance Online