တန်ဖိုးကြီးရေမွှေးတွေကို အတု၊ အစစ် ခွဲခြားနည်းတွေကို လေ့လာပါ။

မွှေးရနံ့တစ်ခုကြောင့် စိတ်ခံစားချက်တွေလည်း ပြောင်းလဲသွားနိုင်တယ်ဆိုတာတော့ မငြင်းပါနဲ့။ ဒါကြောင့်မို့လို့လည်း ရေမွှေးဆွတ်ကြတာပါ။ ရေမွှေးဆွတ်ထားရင် ကိုယ်တိုင်ရော ကိုယ့်ပတ်ဝန်းကျင်မှာပါ မွှေးနေတော့ စိတ်ခံစားချက်လေး ကောင်းနေတယ်။ တန်ဖိုးကြီးရေမွှေးတွေကို တုပထုတ်လုပ်ထားတဲ့ ရေမွှေးတုတွေကို အစစ်အမှတ်နဲ့ ဝယ်ပြီး ဂျင်းထည့်မခံပါနဲ့။ ရေမွှေးအတု၊ အစစ် ခွဲနိုင်မယ့်နည်းတွေ ပြောပြပါ့မယ်။

၁။ ထုပ်ပိုးမှု

1.jpg 

ရေမွှေးပုလင်းတွေကို ထုပ်ပိုးထားတဲ့ ပလတ်စတစ်က နည်းနည်းထူပါတယ်။ တင်းတင်းကျပ်ကျပ်လည်း ထုပ်ထားပါတယ်။ ဒါမှသာ ရေမွှေးဘူးကို လုံအောင်ထိန်းထားနိုင်မှာပါ။ အတုတွေရဲ့ ထုပ်ပိုးပုံကတော့ ပလတ်စတစ်အပါးအကြွပ်နဲ့ ထုပ်ထားပြီး ထုပ်ပိုးပုံကလည်း သပ်ရပ်မှုမရှိပါဘူး။

သင်အကြိုက်တွေ့နိုင်မယ့်ဆောင်းပါး ---> ဘာကြောင့် ရေမွှေးဆွတ်ဖို့ လိုအပ်တာလဲ

၂။ ပြစ်ချက်ကင်းတဲ့ချုပ်ရိုးကြောင်း

2.jpg 

ဘူးကိုထုပ်ထားတဲ့ ပလတ်စတစ်ရဲ့ချုပ်ကြောင်းက ဆွဲဆောင်မှုမရှိဘူး။ ချုပ်ကြောင်းခေါက်ချိုးက ၅ မီလီမီတာထက် ပိုကျယ်နေတယ်။ ဒါမှမဟုတ် ကော်နဲ့ပိတ်ထားတယ်ဆိုရင် ဒီရေမွှေးပုလင်းက အတုကြီးပါ။ တန်ဖိုးကြီးရေမွှေးပုလင်းတွေရဲ့ ထုပ်ပိုးမှုက သပ်ရပ်ပါတယ်။

၃။ စက္ကူဘူး

3.jpg

ရေမွှေးပုလင်းကို ထုပ်ပိုးတဲ့အခါ ဘူးရဲ့အထဲမှာမှ နောက်ထပ် စက္ကူဘူးတစ်ခု ရှိသေးတယ်။ အဲ့ဒီဘူးက ရေမွှေးပုလင်းကို နေရာမရွေ့အောင် ထိန်းထားပေးတာ။ ပြီးတော့ ပုလင်းမပျက်စီးအောင်လို့ ထိန်းပေးထားတာဖြစ်ပြီး များသောအားဖြင့် အဖြူရောင်စက္ကူထူနဲ့ လာပါတယ်။ မီးခိုးရောင်သမ်းနေတဲ့ စက္ကူဘူးမျိုး မဟုတ်ပါဘူး။

၄။ စာညွှန်း (labels and inscriptions)

4.jpg 

ဘူးမှာပြထားတဲ့ ရွှေရောင်အဝိုင်းလေးကိုကြည့်ပါ။ ညာဘက်ကိုပြထားတဲ့ မြားလေးက ဘယ်ဘက်ကိုပြထားတဲ့ မြားလေးထက် အမြဲတမ်း အရောင်ပိုရင့်ပါတယ်။ အနက်ရောင်ဖြစ်နေလေ့ရှိပါတယ်။ ရေမွှေးပုလင်းကိုမဝယ်ခင် သူ့ရဲ့ဝက်ဘ်ဆိုက်မှာဖော်ပြထားတဲ့အချက်တွေက ဘူးခွံမှာပြထားတာတွေနဲ့ တူ၊မတူ ဆိုတာလည်း တိုက်စစ်ပါဦး။

၅။ ဒီဇိုင်း

5.jpg 

ပုလင်းရဲ့ဒီဇိုင်းကလည်း အစစ်နဲ့အတု ကွဲပြားနေတတ်ပါတယ်။ ဒါလည်းပဲ ဝက်ဘ်ဆိုက်မှာ ကြိုကြည့်ထားပြီး ပုံကို save ထားပေါ့။ ဝယ်တဲ့အခါ ပုံထဲကနဲ့ တူ၊ မတူ တိုက်ကြည့်ပါ။

သင်အကြိုက်တွေ့နိုင်မယ့်ဆောင်းပါး ---> ရေမွှေးနဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ အချက် (၆) ချက်

၆။ အရောင်

6.jpg 

နာမည်ကျော် Brand တွေက သူတို့ရဲ့ကုန်ပစ္စည်းတွေကို ဆိုးဆေးသိပ်သုံးလေ့မရှိပါဘူး။ ဒါကြောင့်မို့လို့ တန်ဖိုးကြီးရေမွှေးတွေရဲ့အရောင်က ခပ်ဖျော့ဖျော့သာ တွေ့ရတာပါ။ ဓာတုဆိုးဆေးအရောင် ခပ်ရင့်ရင့် တွေ့နေရပြီဆိုရင်တော့ အတုပါပဲ။

၇။ ပုလင်းအဖုံး

7.jpg 

ပုလင်းအဖုံးကိုကြည့်ပါ။ အဖုံးမှာပါတဲ့ Brand တံဆိပ်လေးက ပုလင်းရဲ့ အလယ်တည့်တည့်နေရာမှာ ရှိနေရပါမယ်။ စောင်းနေရင် ၊ တစ်ဘက်ဘက်ကို ရောက်နေရင် အတုပါနော်။။

၈။ အမှတ်စဉ် (serial number)

8.jpg 

ရေမွှေးပုလင်းအစစ်တွေဟာ ပါကင်ဘူးရဲ့ အပြင်ဘက် အောက်ခြေနားမှာ ပုလင်းရဲ့ထုတ်လုပ်မှုအမှတ်စဉ်နံပတ် (serial number) ကို ဖော်ပြထားလေ့ရှိပါတယ်။ အဲ့ဒီနံပတ်ဟာ အထဲက ပုလင်းမှာလည်း ပရင့်နှိပ်ပြီး ထပ်မံဖော်ပြထားရပါမယ်။ နံပတ်နှစ်ခု တူရင်တော့ အစစ်ပေါ့။

၉။ ပုလင်း

9.jpg 

ဈေးကြီးပေးရတာပီပီ ပုလင်းတွေရဲ့ ပုံစံကလည်း ချောမွေ့ပြေပြစ်ပါတယ်။ အနာအဆာ မရှိပါဘူး။ အနာအဆာရှိတဲ့ ပုလင်းတွေကိုလည်း ကုမ္ပဏီက ရောင်းချလေ့မရှိပါဘူး။ ပုလင်းရဲ့ဖန်သားက ချောမွေ့မှုမရှိဘူးဆိုရင်တော့ အတုဖြစ်ပါလိမ့်မယ်။

Source : Bright Side

Share

Loading Next Article...
က္က