တော်ရုံနဲ့တော့ ဝတ်ရဲမှာမဟုတ်ဘူး။

ဖက်ရှင်တွေကတော့ တစ်မျိုးပြီးတစ်မျိုး ပေါ်လာလိုက်၊ ပျောက်သွားလိုက်ပဲပေါ့။ တချို့ဖက်ရှင်တွေကိုလည်း ကိုယ်တိုင် လိုက်ဝတ်ဖူးကြမှာပါ။ ဒါပေမဲ့ ဘယ်လောက်ပဲ ရေပန်းစားတယ်ဦးတော့ ဒီလိုဖက်ရှင်အဆန်းကြီးတွေကိုတော့ လိုက်မဝတ်ရဲပါဘူး။ ဒါတွေကလည်း ဒီ ၂၀၁၇ ခုနှစ်တည်းမှာက နာမည်ကြီးသွားတဲ့ ဖက်ရှင်တွေချည်းပါပဲ။


 

ဂျင်းဘောင်းဘီအကြည်တဲ့။ ငယ်ငယ်ကဝတ်ခဲ့တဲ့ မိုးကာအကျႌလိုလိုပဲ။ တကယ်က ပလတ်စတစ်စကြီးနဲ့တူနေတာ။ ဒါလည်း ဈေးက မနည်းဘူး။

 

ဒါက ရေကူးဝတ်စုံပါ။ ဆက်စီတွေကျလွန်းတယ်လို့ ထင်မိကောင်း ထင်မိမယ်။ အမွေးတွေလည်းပါသေး၊ ရင်ဘတ်နေရာမှာလည်း အသီးလေးတောင် တပ်ထားသေးတယ်။ ဘယ်သူဝတ်ရဲမှာလဲနော်။

 

အသားကပ်ဘောင်းဘီကို ဒီဇိုင်းစုံအောင် ဝတ်ကြပေမဲ့ ဒီဒီဇိုင်းကိုတော့ ဆောရီးပါပဲနော်။ အသားမျှင်တွေ အကြောတွေပုံစုံ လုပ်ထားပုံကြီးက အသည်းယားစရာ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က