အရပ်သုံးစကားတစ်ခွန်းရှိပါတယ်။ "မွေးကင်းစကနေ အသက် (၅) နှစ်လောက်ထိ မိဘကို အချစ်ဆုံး။ (၅) နှစ်ကနေ (၁၅) နှစ်လောက်ထိ သူငယ်ချင်းကို အချစ်ဆုံး။ (၁၅) နှစ်နောက်ပိုင်းကျတော့ ရည်းစားကို အချစ်ဆုံး" တဲ့။

အရပ်သုံးစကားတစ်ခွန်းရှိပါတယ်။ "မွေးကင်းစကနေ အသက် (၅) နှစ်လောက်ထိ မိဘကို အချစ်ဆုံး။ (၅) နှစ်ကနေ (၁၅) နှစ်လောက်ထိ သူငယ်ချင်းကို အချစ်ဆုံး။ (၁၅) နှစ်နောက်ပိုင်းကျတော့ ရည်းစားကို အချစ်ဆုံး" တဲ့။

ဒီစကားက တစ်စိတ်တစ်ဒေသတော့ မှန်နေပါတယ်။ တကယ်တမ်းကျတော့ သူငယ်ချင်းကောင်းတစ်ယောက်ဆိုတာ တစ်ဘဝစာလုံးအတွက် အေးအတူ၊ ပူအမျှ ကိုယ့်နားမှာ ရှိနေမယ့်သူပါ။

ဒါပေမယ့် တချို့ သူငယ်ချင်းဆက်ဆံရေးတွေကတော့ toxic ဆန်လွန်းပြီး ကိုယ့်အတွက် မကောင်းပါဘူး။ ရေရှည်မှာ ကိုယ့်ကို ထိခိုက်စေနိုင်မယ့် ဆက်ဆံရေးမျိုးတွေလည်း ရှိပါတယ်။ မကောင်းတဲ့ သူငယ်ချင်းဆက်ဆံရေးတစ်ခုရဲ့ လက္ခဏာတွေကတော့....

၁။ သတင်းကောင်းတွေ မပြောရဲဘူး

friends-talking.jpg 

ရည်းစားအသစ်ရတာပဲဖြစ်ဖြစ်၊ ရာထူးတိုးတာပဲဖြစ်ဖြစ် မိမိအတွက် ဝမ်းမြောက်ဖွယ်သတင်းတွေကို မိမိရဲ့သူငယ်ချင်းကို မမျှဝေရဲဘူးဆိုရင် ဒါဟာ မကောင်းတဲ့ သူငယ်ချင်းတွေနားမှာ ရောက်နေတဲ့ လက္ခဏာပါပဲ။ သူတို့က မနာလိုတတ်တယ်။ ပြိုင်တတ်ဆိုင်တတ်တယ်။ မကောင်းမြင်စိတ်များနေတယ်ဆိုရင် မိမိရဲ့အောင်မြင်မှုတွေကို ဘယ်လိုမှ ဝေမျှရဲမှာမဟုတ်ပါဘူး။

ဒါမျိုးက အတွေ့အကြုံနဲ့လည်း ဆိုင်ပါတယ်။ ကိုယ့်ရဲ့အောင်မြင်မှုတွေကို မရှုစိမ့်တတ်တဲ့ သူငယ်ချင်းတစ်ယောက်အနားမှာ ရှိနေတယ်ဆိုရင် သူတို့ရှေ့မှာ ဘယ်အောင်မြင်မှုအကြောင်းကိုမှ ပြောရဲတော့မှာ မဟုတ်ပါဘူး။ သူငယ်ချင်းကောင်း တစ်ယောက်ဆိုတာ ကိုယ့်ရဲ့အောင်မြင်ချိန်၊ ရှုံးနိမ့်ချိန်တိုင်းမှာ အနားမှာရှိနေမယ့်သူပါ။

၂။ သူပြောချင်တာပဲ စွတ်ပြောတယ်

သူငယ်ချင်းဆိုတာကို ရိုးရိုးလေးအဓိပ္ပာယ်ပြန်လိုက်ရင် မျှဝေခံစားတတ်သူပါ။ ဘဝမှာ ကောင်းတာတွေရှိမယ်။ ဆိုးတာတွေရှိမယ်။ ကောင်းတာတွေ ရှိလာတဲ့အခါ ဘီယာခွက်ချင်းတိုက်ပြီး ချီးယားစ်လို့ အော်မယ်။ ဆိုးတာတွေရှိလာတဲ့အခါ ပုခုံးချင်းဖက်ပြီး နှစ်သိမ့်အားပေးမယ်။ ဒါပါပဲ။

ကိုယ့်အတွက် မကောင်းတဲ့ သူငယ်ချင်းကတော့ ကိုယ်ပြောချင်တာတွေပဲ စွတ်ပြောပြီး ကိုယ်ပြောပြီဆိုရင်တော့ နားမထောင်ချင်သလို၊ စိတ်မဝင်စားသလို လုပ်တတ်တဲ့သူမျိုးပါ။ ဒီအပြုအမူမျိုးဟာ လူမှုရေးအရလည်း ရိုင်းပျသလို သူငယ်ချင်းကောင်းတို့ရဲ့ လက္ခဏာလည်း မဟုတ်ပါဘူး။

၃။ ကိုယ့်ကို တအား judge လုုပ်လွန်းတယ်

Not-Face-2.jpg 

သူငယ်ချင်းဆိုတာ မကောင်းတာရှိရင် ပါးစပ်ပိတ်၊ လက်ပိုက်ကြည့်မနေဘဲ ပဲ့ပြင်ပေးတတ်တာ မှန်ပေမယ့် ကိစ္စတိုင်းကို အဆိုးမြင်စိတ်နဲ့ လာပြီး ဝေဖန်အကဲခတ်လွန်းနေရင်တော့ ဒါဟာ မကောင်းတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ လက္ခဏာပါပဲ။ ဥပမာ... ဘာတံဆိပ်ဝတ်ထားလဲ။ ဖုန်းဘယ် brand ကိုင်နေလဲ။ ဘာလု့ိ ရည်းစားအတွက် ဒီလက်ဆောင်ဝယ်ပေးဖို့ ဆုံးဖြတ်တာလဲ။ စသဖြင့် စသဖြင့် ကိုယ့်ရဲ့ဆုံးဖြတ်ချက်တိုင်း၊ အမြင်တိုင်းကို လာ judge လုပ်နေပြီဆိုရင်တော့ ပေါင်းဖို့သင်းဖို့ မကောင်းတော့ပါဘူး။

See also 

၄။ မကောင်းတာတွေလုပ်ဖို့ တိုက်တွန်းမယ်

10.jpg

သူငယ်ချင်းတစ်ယောက်ရဲ့ စိတ်ခံစားချက်နဲ့ အမြင်က ကိုယ့်အပေါ်ကို သက်ရောက်မှုရှိနိုင်ပါတယ်။ သူတို့မကောင်းတာလုပ်ရင် ကိုယ်လည်း မကောင်းတာလိုက်လုပ်မိဖို့ များပါတယ်။ ဒါပေမယ့် သူငယ်ချင်းကောင်းဆိုတာကတော့ ကိုယ်မကောင်းတာ လုပ်နေရင်တောင် မကောင်းမှန်းသိနေရင် ကိုယ့်သူငယ်ချင်းကို ဘယ်တော့မှ လိုက်လုပ်ဖို့ တိုက်တွန်းမှာမဟုတ်ပါဘူး။

ဥပမာ... ဆေးလိပ်ဖြတ်ဖို့ ကြိုးစားနေတဲ့ သူငယ်ချင်းကို "မင်းကလည်းကွာ... တစ်လိပ်တစ်လေလောက်ကတော့ ဘာမှမဖြစ်ပါဘူး" ဆိုပြီး အတင်းတိုက်တာမျိုး၊ အိမ်ကို ကားမောင်းပြန်ရမှာ သိသိကြီးနဲ့ "တစ်ခွက်လောက် ထပ်ချပါဦး" ဆိုပြီး တိုက်တတ်တာမျိုးပေါ့။

၅။ အစီအစဉ်တွေ ခဏခဏဖျက်တယ်

သူငယ်ချင်းတွေစုပြီး မုန့်စားဖို့ချိန်းထားတယ်။ လူစုံသလောက်ရှိတော့မှ သူ့မှာ အလုပ်ကိစ္စတွေ မပြတ်သေးလို့ မလာနိုင်တော့ကြောင်းပြောတယ်။ ဒါမျိုးက တစ်ခါတလေ ဖြစ်တတ်တာမို့ နားလည်ပေးလို့ရပါတယ်။ ဒါပေမယ့် အချိန်တိုင်းလိုလို ဖြစ်နေရင်တော့ ဒီတစ်ယောက်ဟာ ကိုယ့်ရဲ့အချိန်တွေ၊ တန်ဖိုးတွေကို မလေးစားတဲ့ လူတစ်ယောက်ပါပဲ။

အဆိုးဆုံးကတော့ နှစ်ယောက်တည်း ရုပ်ရှင်ကြည့်ဖို့ ချိန်းထားပြီးမှ လူလည်း ပေါ်မလာ၊ ဖုန်းဆက်တော့လည်း မကိုင်တာမျိုးပါပဲ။ ဆင်ခြေတွေ အမျိုးမျိုးပေးနေပေမယ့် ကိုယ်နဲ့ချိန်းထားတာကို သူမေ့သွားတာပါပဲ။

၆။ အယူပဲရှိတယ်၊ အပေးမရှိဘူး

05-stop-smoking-ready-to-quit-sl.jpg 

သူငယ်ချင်းဆက်ဆံရေးဆိုတာလည်း သမီးရည်းစားဆက်ဆံရေးလိုပါပဲ။ တစ်ဖက်တည်းကပဲ ပေးဆပ်နေရရင် ကြာလာရင် ကုန်ခမ်းလာပါလိမ့်မယ်။ အပြန်အလှန်လေးရှိမှ အဆင်ပြေတာပါ။ ဥပမာ.. စီးဆော (seesaw) စီးရသလိုပေါ့။ နှစ်ဖက်လုံး အပြန်အလှန်အားစိုက်မှသာ စီးဆောစီးလို့ရတာပါ။

သူငယ်ချင်းဆက်ဆံရေးတစ်ခုမှာ ကိုယ်ကချည်းပဲ ပေးဆပ်နေရရင် ဒါ မကောင်းတဲ့ လက္ခဏာပါပဲ။ ဥပမာ... မုန့်ဆိုင်ထိုင်တိုင်း ကိုယ်ကချည်းပဲ ရှင်းရတယ်တို့၊ ကိုယ့်ပစ္စည်းတွေသာ ယူသုံးတယ်။ သူ့ပစ္စည်းကျတော့ အထိမခံဘူးတို့ ဘာတု့ိပေါ့။ အားထုတ်မှုကို ကိုယ့်ဖက်ကချည်းပဲ လုပ်နေရတယ်ဆိုရင်တော့ ဒီဆက်ဆံရေးကို ရပ်တန့်သင့်ပါပြီ။

Source: Reader's Digest

 

Share

Loading Next Article...
က္က