အဆိုတော် ဒီဇိုင်နာ ဗစ်တိုးရီးယားဘက်ခမ်းနဲ့ ရုပ်ချင်းဆင်သူလေးတစ်ဦးရဲ့ ကြော်ငြာတစ်ခု ထွက်လာပါတယ်။ မသိရင် ဗစ်တိုးရီးယားများ ကြော်ငြာရိုက်သလားတောင် ထင်ရတယ်။ ကြော်ငြာထဲမှာလည်း အဝတ်ဗလာနဲ့ဆိုတော့ သို့လောသို့လော စဉ်းစားစရာဖြစ်ခဲ့ရသေးတယ်။
ရုရှားက အသက် ၃၂ နှစ်အရွယ် Aiza Anokhina ဆိုသူလေးဟာ ဗစ်တိုးရီးယားနဲ့ ပုံစံချင်းအတော်ဆင်တာကြောင့် လူသိများလာခဲ့တာဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ အွန်လိုင်းမှာလည်း သူမက ဆယ်လီပါ။
အလုပ်အကိုင်အနေနဲ့ ရုပ်သံအစီအစဉ်တင်ဆက်သူ၊ မော်ဒယ်အဖြစ်လည်း လုပ်ကိုင်ပါတယ်။ ရုရှားနာမည်ကကျော်ရပ်ပ်ပါ Guf ရဲ့ ဇနီးဟောင်းလည်း ဖြစ်ပါတယ်။
Aiza ဟာ သူမရဲ့ ကိုယ်ပိုင်ကျောက်မျက်ဆိုင်အတွက် ကြော်ငြာကို အွန်လိုင်းပေါ် လွှင့်တင်လိုက်တာ ဖြစ်ပါတယ်။ တစ်ကိုယ်လုံးကို အပြာရောင်ဆေးခြယ်ထားပြီး တလက်လက်တောက်ပတဲ့အမှုန်တွေလည်း ကပ်ထားသေးတယ်။
ဗစ်တိုးရီးယားကိုယ်တိုင် ကြော်ငြာရိုက်ရင် ဘယ်လောက်လူသိများမလဲဆိုတာ မပြောတတ်ဘူး။ Aiza ရဲ့ကြော်ငြာကတော့ သူမရဲ့ဖန်တွေကြားမှာ အတော်ကို အကြိုက်တွေ့စရာ ဖြစ်နေတာ တွေ့ရပါတယ်။
Source : Daily Mail