အမေရိကန်ဖက်ရှင်အမှတ်တံဆိပ် Tommy Hilfiger ဟာ မသန်စွမ်းပုဂ္ဂိုလ်တွေအတွက် ဝတ်ဆင်ရလွယ်ကူစေမယ့် ဖက်ရှင်တွေကို ထုတ်လုပ်သွားတော့မယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ်တုန်းက Tommy Hilfiger ဟာ အကျိုးအမြတ်မယူတဲ့အဖွဲ့အစည်း Runway of Dreams နဲ့ အတူတွဲပြီး ပူးပေါင်းခဲ့ပါတယ်။ အဲ့ဒီအဖွဲ့အစည်းဟာ မသန်စွမ်းကလေးငယ်တွေအတွက် အဝတ်အစားတွေကို သီးသန့်ထုတ်လုပ်ရောင်းချပေးနေတဲ့ အမှတ်တံဆိပ်ဖြစ်ပါတယ်။
Runway of Dreams နဲ့ ပူးပေါင်းလုပ်ဆောင်ပြီးနောက် Tommy Hilfiger ကလည်း မသန်စွမ်းသူတွေ အဆင်ပြေပြေဝတ်နိုင်မယ့် ဖက်ရှင်တွေကို ကိုယ်တိုင်ထုတ်လုပ်တော့မယ်လို့ ကြေညာလိုက်ပါတယ်။
အသက် ၆၆ နှစ်အရွယ် ဒီဇိုင်နာ Tommy က ဒါဟာ ဖက်ရှင်ဒီမိုကရက်တစ်ဆန်လာခြင်းရဲ့ ကဏ္ဍတစ်ရပ်ဖြစ်ပြီး အဲ့ဒီအတွက် ကုမ္ပဏီအနေနဲ့ ထောက်ခံခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ အမျိုးသားဖက်ရှင်အတွက် ဒီဇိုင်း ၃၇ မျိုးနဲ့ အမျိုးသမီးတွေအတွက် ၃၄ မျိုး ထုတ်လုပ်မယ်လို့ သိရပါတယ်။ Tommy Hilfiger ရဲ့ sportswear တွေနဲ့ ပုံစံချင်းဆင်တူမယ့် ဒီဇိုင်းတွေကို ထုတ်မှာပါ။
Source : Glamour