သင်္ကြန်ရောက်ပြီဆိုတာနဲ့ မိန်းကလေးတော်တော်များများက ဖက်ရှင်မျိုးစုံနဲ့ လန်းကြတော့မှာပါ။ လူတိုင်းက ဘယ်သူဘာဝတ်လဲဆို မျက်စိဒေါက်ထောက်ကြည့်နေမယ့် သင်္ကြန်မှာ ပိန်ပိန်သွယ်သွယ်လေးတွေတောင် သင်္ကြန်မှာ ဘာဝတ်မလဲဆိုတာ ကြိုပြီးပြင်ဆင်ရတော့ ခပ်ပြည့်ပြည့်မိန်းကလေးတွေအဖို့ ပိုပြီးခေါင်းစားရတာပေါ့။ ခန္ဓာကိုယ်ဝလည်း စိတ်ဓာတ်မကျပဲ ဆွဲဆောင်မှုရှိတယ်ဆိုတာ ပြနိုင်ဖို့ အလန်းဆုံးကဲနိုင်မယ့်သင်္ကြန် ဖက်ရှင်လေးတွေကို စုစည်းထားပါတယ်။
ဘောင်းဘီတို
ဝတဲ့ကောင်မလေးတွေဟာ သူတို့ခြေသလုံးအရွယ်အစားကြောင့် ဘောင်းဘီတိုလေးတွေကို မဝတ်ချင်ကြပါဘူး။ Skinny jeans လို ဘောင်းဘီကျပ်ကျပ်ကြီးတွေဝတ်ပြီး အသက်ရှုကျပ်နေမယ့်အစား ဘောင်းဘီတိုလေးနဲ့ဆိုတော့ လွတ်လွတ်လပ်လပ် ပေ့ါပေါ့ပါးပါး ရေကစားနိုင်တာပေါ့။
အရောင်
အမဲဝတ်ရင် လူကို ပိန်စေတယ်လို့ တော်တော်များများက ယုံကြည်တဲ့အတွက် ဝတဲ့မိန်းကလေးတွေက အမဲကို ဝတ်ဆင်ကြတာများပါတယ်။ အမဲဟာ အပူကို ကို စုပ်ယူတဲ့အရောင်ဖြစ်တာကြောင့် နွေရာသီမှာ အမဲ မဝတ်သင့်ပါဘူး။ နောက်ပြီး သင်္ကြန်ဆိုတာ ဆေးရောင်ခြယ်ပန်းချီကားတစ်ချပ်မဟုတ်လား။ အရောင်စုံလေးတွေ ဝတ်တော့ ပိုပြီးတော့ လန်းဆန်းတာပေါ့။
အပွင့်
ပြောင်တွေဝတ်မယ့်အစား၊ အပွင့်တွေ၊ အဆင်ကြီးတွေပိုပြီး ဝတ်သင့်ပါတယ်။ ပြောင်တွေဝတ်မယ်ဆိုရင် ရေစိုတဲ့အခါမှာ ခန္ဓာကိုယ်အချိုးအစားကို သိသိသာပိုပြီး ပေါ်လွင်စေပါတယ်။ အပွင့်လေးတွေနဲ့ဆို လှလည်းလှ ဖက်ရှင်လည်းကျတာပေါ့။