In partnership with  logo
အသက်အငယ်ဆုံးက ၁၄ နှစ်သာ ရှိသေးတဲ့ မိန်းကလေးတစ်ဦးပါ။

ကမ္ဘာကျော် Time မဂ္ဂဇင်းက နှစ်စဉ် ရွေးချယ်ထုတ်ပြန်လေ့ရှိတဲ့ ကမ္ဘာကိုအလွှမ်းမိုးနိုင်ဆုံးပုဂ္ဂိုလ် ၁၀၀ စာရင်းကို ယခုသီတင်းပတ်အတွင်းမှာပဲ ထုတ်ပြန်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အတွက် ထုတ်ပြန်ချက်မှာတော့ အမျိုးသမီးဦးရေဟာ ယခင်နှစ်တွေကထက် ပိုမိုပါဝင်လာခဲ့ပြီး မှတ်တမ်းဝင်သွားပါတယ်။

 

ဒီစာရင်းမှာ ကမ္ဘာပေါ်က နိုင်ငံရေးသမားတွေ၊ လူသိများတဲ့ပုဂ္ဂိုလ်တွေနဲ့ သရုပ်ဆောင်တွေ ပါဝင်သလို သိပ္ပံပညာရှင်တွေလည်း ပါဝင်ပါတယ်။ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ကမ္ဘာမှာ မတူကွဲပြားမှုကို လုပ်ဆောင်နေသူတွေကိုလည်း ထည့်သွင်းဖော်ပြထားတာဖြစ်ပါတယ်။

 

ယခုနှစ်အတွက် Time ရဲ့ ကမ္ဘာကိုလွှမ်းမိုးနိုင်ဆုံးပုဂ္ဂိုလ် ၁၀၀ စာရင်းမှာတော့ အမျိုးသမီးဦးရေ အယောက် ၄၀ အထိ ပါဝင်လာပါတယ်။ စတင်ချိန် ၁၉၉၉ ခုနှစ်ကစလို့ ယခုလောက်ထိ အမျိုးသမီးဦးရေများပြားတာ မရှိခဲ့ပါဘူး။

နယူးဇီလန်ဝန်ကြီးချုပ် Jacinda Ardern ၊ #MeToo တည်ထောင်သူ Rarana Burke ၊ အဆိုတော် Cardi B နဲ့ Microsoft ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် Satya Nadella ၊ သရုပ်ဆောင် (ဗြိတိန်မင်းသားဟယ်ရီရဲ့ဇနီးလောင်း) Meghan Markle တို့လည်း ပါဝင်ပါတယ်။ ၂၀၁၈ ခုနှစ်ရဲ့ ကမ္ဘာကိုအလွှမ်းမိုးနိုင်ဆုံးပုဂ္ဂိုလ် ၁၀၀ စာရင်းမှာ Millie Bobby Brown လည်း ပါဝင်လာပါတယ်။ အသက် ၁၄ နှစ်အရွယ် ဘော်ဘီဘရောင်းက Strange Things ဇာတ်လမ်းတွဲနဲ့ လူကြိုက်များလာတဲ့ သရုပ်ဆောင်တစ်ဦးပါ။ Time က ရွေးချယ်ခဲ့သမျှ အလွှမ်းမိုးဆုံးပုဂ္ဂိုလ် ၁၀၀ စာရင်းဝင်တွေထဲမှာ အသက်အငယ်ဆုံးလည်း ဖြစ်လာပါတယ်။

Source : Stylist

Share

Loading Next Article...
က္က