In partnership with  logo
တရုတ်နိုင်ငံဟာ ကျား၊မတန်းတူမျှမှုကို စတင်လုပ်ဆောင်ခဲ့ပြီးကတည်းက တရုတ်နိုင်ငံရဲ့ စီးပွားရေးမှာ ဒေါ်လာ ၂.၆ထရီလျံအထိ ရရှိခဲ့ပါတယ်။

အာရှပစိဖိတ်ဒေသမှာ စီးပွားရေးလုပ်ငန်းတွေမှာ ကျား၊မတန်းတူညီမျှရေးကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်မယ်ဆိုရင် ဒေသတွင်းစီးပွားရေးမှာ ဂျီဒီပီ ဒေါ်လာ ၄.၅ထရီလျံ မြှင့်တင်လာနိုင်မှာ ဖြစ်တယ်လို့ McKinsey Global Institute က ထုတ်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။


 

အာရှပစိဖိတ်ဒေသဟာ ကမ္ဘာပေါ်မှာ တိုးတက်မှုအမြန်ဆန်ဆုံးဒေသတစ်ခုဖြစ်ပေမယ့် နိုင်ငံတော်တော်များများမှာ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် လုပ်ငန်းခွင်ထဲမှာ ခွဲခြားဆက်ဆံခံနေရတယ်လို့ McKinsey ရဲ့ အစီရင်ခံစာထဲမှာဖော်ပြထားပါတယ်။

အထူးသဖြင့် ကျား၊မ တန်းတူမညီမျှမှုတွေကို အများဆုံးတွေ့ရတဲ့ ဘင်္ဂလားဒေ့ရှ် နဲ့ အိန္ဒိယနိုင်ငံတွေက အလုပ်ခွင်တွေမှာ အမျိုးသမီးတွေ ပါဝင်မှုမရှိတာကြောင့် စီးပွားရေး ထိခိုက်မှာကို စိုးရိမ်မှုတွေရှိနေပါတယ်။

ဒါ့အပြင် ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေဖြစ်တဲ့ ဂျပန်နဲ့ တောင်ကိုရီးယားတို့မှာလည်း အမျိုးသမီးတွေအတွက် အလုပ်အကိုင် အခွင့်အရေး နည်းပါးနေသေးတယ်လို့ အဲဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

 

ဒေသတွင်းမှာ စီးပွားရေးအင်အားအကောင်းဆုံးဖြစ်တဲ့တရုတ်နိုင်ငံဟာ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေမှာ အမျိုးသမီးတွေကို ပိုမိုခန့်အပ် လာပေမယ့် ခေါင်းဆောင်မှုအပိုင်းမှာ အမျိုးသမီးတွေနည်းနေသေးတာကို တွေ့ရပါတယ်။ ဒ့ါအပြင် တရုတ်နည်းပညာကုမ္ပဏီကြီးတွေက အလုပ်ကြော်ငြာတွေမှာ အမျိုးသားတွေကို ဦးစားပေးမှုတွေရှိတယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ထောက်ပြကြပါတယ်။ တရုတ်နိုင်ငံဟာ ကျား၊မတန်းတူမျှမှုကို စတင်လုပ်ဆောင်ခဲ့ပြီးကတည်းက တရုတ်နိုင်ငံရဲ့ စီးပွားရေးမှာ ဒေါ်လာ ၂.၆ထရီလျံအထိ ရရှိခဲ့ပါတယ်။

တကယ်လို့သာ အိန္ဒိယနိုင်ငံလည်း တရုတ်လို ပြောင်းလဲမှုလုပ်လာမယ်ဆိုရင် ဒေါ်လာ ၇၇၀ဘီလျံအထိရရှိလာနိုင်မှာဖြစ်ပါတယ်။

ဖိလစ်ပိုင်၊ စင်ကာပူ နဲ့ နယူးဇီလန်နိုင်ငံတွေမှာတော့ ကျား၊မ အခွင့်အရေးတန်းတူညီမျှမှု ပိုမိုရရှိလာတာကို တွေ့ရတယ်လို့ အဲဒီအစီရင်ခံစာက ဆိုပါတယ်။

See also: 

ဒေသတွင်းနိုင်ငံကတွေက အစိုးရတွေအနေနဲ့ စီးပွားရေးလုပ်ငန်းတွေမှာအမျိုးသမီးတွေကို ပိုမိုပါဝင်လာနိုင်အောင် လူ့မှုပတ်ဝန်းကျင်မှာ အမျိုးသမီးတွေရဲ့ ကဏ္ဍကိုမြှင့်တင်ပေးဖို့ နဲ့ နေကလေးထိန်းစနစ်ကို ပိုမိုကောင်းမွန်အောင်ဆောင်ရွက်ပေးဖို့ အဲဒီအစီရင်ခံစာထဲမှာ တိုက်တွန်းထားပါတယ်။

Source: CNN Money


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က