ပြီးခဲ့တဲ့ သီတင်းပတ်က တောင် နဲ့ မြောက်ကိုရီးယားနှစ်ငံအတွက် သမိုင်းဝင်ခဲ့တဲ့အချိန်မှာ ခေါင်းဆောင်နှစ်ယောက်ရဲ့ ဆက်ဆံရေးကိုပဲ တကမ္ဘာလုံးက အာရုံစိုက်ခဲ့ကြပြီး သူတို့ဘေးက ထိပ်သီးအမျိုးသမီးနှစ်ဦးကိုတော့ သတိထားမိတဲ့သူနည်းခဲ့ကြပါတယ်။
နှစ်နိုင်ငံ ငြိမ်းချမ်းရေး ထိပ်သီးဆွေးနွေးပွဲ အတွက် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း တောင်ကိုရီးယားဘက်ခြမ်းကိုလာပြီး သမ္မတမွန်ဂျေအင်းနဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။
ဆွေးနွေးပွဲအထိမ်းအမှတ် ညနေပိုင်းမှာ ပြုလုပ်တဲ့ နိုင်ငံတော်အဆင့် ညစာစားပွဲမှာ နှစ်နိုင်ငံခေါင်းဆောင် နှစ်ယောက်ရဲ့ ဇနီးသည်တွေ အတူတက်ရောက်ခဲ့ကြတာကို တွေ့ရပါတယ်။
“ပုံထဲမှာ မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ကတော် ရီဆိုလ်ဂျူး (ဘယ်) နဲ့ သမ္မတမွန်ဂျေအင်းကတော် ကင်ဂျန်ဆွတ် တို့ နှစ်ယောက်လုံး ပြုံးနေပေမဲ့ မစ္စကင်ရဲ့အပြုံးဟာ ပိုမိုစူးရှတဲ့ အကြည့်မျိုးရှိတာ သူ့ရဲ့မေးကိုနည်းနည်းမော့ထားတဲ့ အသွင်ရယ် မစ္စရီရဲ့ ခေါင်းလေးနည်းနည်း ငုံ့နေတာ ရယ်ပါ။
တချို့ နိုင်ငံတွေမှာ ယဉ်ကျေးမှု အရ ဝါကြီးသက်ကြီးသူဘေးမှာတမင် မိမိကိုယ်ကိုယ် နှိမ့်ချတာဖြစ်နိင်ပါတယ်။ အရေးကြီးအခန်းကဏ္ဏတစ်မှာ အရေးပါသူလေးစားခံရသူတစ်ဦးအဖြစ်ရပ်တည်ဖို့ဆို ပြုံးတာနဲ့အတူ မေးလေးကိုနည်းနည်းဆိုရုံမော့ထားသင့်ပါတယ်။ မျက်နာ နဖူးပေါ်မှာဆံပင်ကာထားတာထက် ရှင်းရှင်းလင်းလင်းရှိနေတာလဲ ပိုမိုတည်ငြိမ်မှုပြပါတယ်။
မိန်းကလေးအတော်များများ လူအများရှေ့မှာဆို ခါးညွှတ်၍ သွားလာနေထိုင်လေ့ရှိတာ ယဉ်ကျေးမှုအရ သိမ်မွေ့တယ်ဆိုပေမဲ့ ယခုခေတ်နိင်ငံတကာကလူတွေနဲ့ရင်ပေါင်တန်း အလုပ်လုပ်တဲ့အခါ အများအမြင်မှာ ယုံကြည်မှုနည်းပါးတာ သို့ ကြောက်စိတ်ရှိတယ်လို့အထင်ခံရတတ်တာများပါတယ်။ တောင်ကိုရီးယားသမ္မတရဲ့ ကတော် မစ္စကင်မ်ကတော့ ဒီ လိုနိင်ငံတကာပွဲတွေမှာတက်နေကြအတွေ့အကြုံရှိလို ပြုမူတတ်တာလဲဖြစ်နိင်ပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင်ရဲ့တော် မစ္စရီက လမ်းလျှောက်လာတဲ့အခါမှာ ဒူးကနေ ခြေထောက်နှစ်ချောင်းလုံးကပ်ထားတာ သိမ်မွေ့မှုကိုပြတာဖြစ်နိင်သလို တခါတလေ အခြေအနေအရ မိမိရဲ့ အရှိန်အဝါပြသခြင်ရင်တော့ ခြေထောက်ကို ရှေ့တည့်တည့်ထားတာပိုကောင်းပါတယ်။
နောက်ဆုံးတစ်ခုကတော့ နိုင်ငံ့ခေါင်းဆောင်တွေရဲ့ ကတော်တွေဖြစ်ကြပေမယ့် နှစ်ယောက်လုံးဘာ ရွှေငွေလက်ဝတ်ရတနာမှမပါပဲ ကျက်သရေရှိတင့်တယ်အောင်ဝတ်တတ်တာပါ။ Accessory ဆိုတာလူတစ်ယောက်ရဲ့ ရုပ်သွင်ကိုမြှင့်တင်ပေးတဲ့ ဖြည့်စွက်ပစ္စည်းပါ၊ များများစဉ်တိုင်း လူတစ်ယောက်ကိုယုံကြည်မှုအပြည့်အဝမပေးနိင်သလို နည်းတိုင်းလဲ မိမိကိုယ်၂ယုံကြည်မှု စိတ်တည်ငြိမ်ခိုင်မာမှု ရှိရင် ဂုဏ်ကျက်သရေ မလျော့နည်းပါဘူး” လို့ ဆိုပါတယ်။
Source: Forte Global Institute Facebook
Share