အခုချိန်ထိ ပရိသတ်တွေရဲ့ အချစ်ကို ခံနေရသူပါ။

Photo : အိစိကွေး FB

 

ကလေးသရုပ်ဆောင်ဘဝကတည်းက ပရိသတ်တွေရဲ့ အချစ်ကို ရရှိထားတဲ့ သရုပ်ဆောင် အိစိကွေးက အခုဆိုရင် ခေါင်းဆောင်မင်းသား နေရာကနေ ဇာတ်ကားတွေ ရိုက်ကူးနေရပါပြီ။ငယ်စဉ်ကတည်း အရမ်းချစ်ရတဲ့ အနုပညာအလုပ်ကို လုပ်ခွင့်ရသလို ငယ်ငယ်တည်းက အိမ်မက်မက်ခဲ့ရတဲ့ အဓိက သရုပ်ဆောင်ဖြစ်လာရတဲ့အတွက်လည်း ကိုယ့်ကိုကိုယ် ဂုဏ်ယူမိတယ်ဆိုပြီး ပြောထားပါတယ်။

Photo : အိစိကွေး FB

လမ်းဘေးခွေးတွေကို ထမင်းကျွေးပြီး ကုသိုလ်ယူခဲ့တဲ့ အိစိကွေး 

"ဟိုးငယ်ငယ်တည်းကအရမ်းချစ်ရတဲ့ အနုပညာ အလုပ်ကိုလုပ်ခွင့်ရတယ်။ အခုချိန်မှာလည်း ငယ်ငယ်တည်းက အိပ်မက် မက်ခဲ့ရတဲ့ အဓိကသရုပ်ဆောင် ဖြစ်လာရတော့  ကိုယ့်ကိုကိုယ် ဂုဏ်ယူတယ် ဝမ်းသာတယ်။ အမြဲလည်း ဆက်ကြိုးစားနေမယ် ။ ချစ်ရတဲ့ ပရိသတ်တွေကလည်း ဆက်ပြီးအားပေးနော်။ လူကြီး အိစိ တစ်ယောက်အနေနဲ့ အားလုံးကို တတ်သလောက် အနုပညာနဲ့ ဖျော်ဖြေပေး ဆပ်ချင်တယ် ။ အားလုံးကို အရမ်းချစ်တယ်" လို့ ဇွန်လ(၂၆) ရက်နေ့ ညပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

Photo : အိစိကွေး FB

အိစိကွေးဟာ အခုလက်ရှိမှာ "ရွှေချွေးမ"ဆိုတဲ့ ဗီဒီယိုဇာတ်ကားကို ရိုက်ကူးနေတာပါ။ အဲ့ဒီဇာတ်ကားမှာ သူက ခေါင်းဆောင်မင်းသား နေရာက ပါဝင်သရုပ်ဆောင်ခွင့်ရခဲ့တာ ဖြစ်ပြီး ယဉ်လက်နဲ့အတူ တွဲဖက်သရုပ်ဆောင်နေတာ ဖြစ်ပါတယ်။

အသက် ၄ နှစ်ခွဲအရွယ်ကတည်းက သရုပ်ဆောင်အလုပ် လုပ်လာတဲ့ အိစိကွေးကိုတော့ အခုချိန်ထိ ပရိသတ်တွေက အရမ်းကိုချစ်ခင် အားပေး လျှက်ရှိကြပါတယ်။

Photo : အိစိကွေး FB

 

သူ့အနေနဲ့ အခုအရွယ်မှာ မော်ဒယ်လ်မင်းသားတွေလို အရပ်အမောင်း၊ ခန္ဓာကိုယ်အချိုးအစားတွေ မရှိပေမယ့် အိစိကွေး ကိုအားပေးကြတဲ့ ပရိသတ်တွေဟာ သရုပ်ဆောင်အရည်အချင်းကိုသာ အားပေးကြတာဖြစ်တယ်လို့ သိရပါတယ်။ ပရိသတ်တွေ အားပေးရ ကျိုးနပ်အောင်လည်း ထပ်ကြိုးစားသွားဦးမယ်လို့ သိရပါတယ်။ ကျောင်းပညာရေးကို ဦးစားပေးနေရတဲ့ သူ့အနေနဲ့ အနုပညာအလုပ်တွေကို တဖြည်းဖြည်းနဲ့ ဆက်လုပ်နေဖြစ်တယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က