ဘေဘီမောင်ရဲ့ညီမလေး မဟေသီက ဇာတ်ကားတွေ ရိုက်ကူးနေပါပြီ။

ဘေဘီမောင်နဲ့ မဟေသီတို့ ညီအစ်မနှစ်ဦးက အနုပညာလောကမှာ ပရိသတ်အချစ်ကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးနှစ်လက် ဖြစ်ပါတယ်။ သူတို့နှစ်ဦးအတူ ဇာတ်ကားတွေ ရိုက်ကူးဖို့လည်း စီစဉ်ထားတယ်လို့ သိရပါတယ်။

 

သရုပ်ဆောင် ဘေဘီမောင်က အောင်မြင်မှုရရှိလာတဲ့ ညီမငယ်အတွက် ဂုဏ်ယူကြောင်းနဲ့ ညီအစ်မနှစ်ယောက်အတူတူ အနုပညာအလုပ်တွေလုပ်ဖို့လည်း စဉ်းစားထားကြောင်း Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ပြောပြခဲ့ပါတယ်။

'' သူက ရှုတင်တွေ ဆက်တိုက်နဲ့ အရမ်းအလုပ်ရှုပ်နေတယ်ဆိုတော့...။သူက ကိုယ့်ထက်အောင်မြင်တယ်လေ။ သူ့ကို ကိုယ်က ပြန်ပြီးတော့ ရက်က ချိန်းနေရတာ။ သူလည်း အခု နေဒွေးနဲ့  ဇာတ်ကားတော်တော်များမျာ းရိုက်နေရပါတယ်။ သူ့ရဲ့ အောင်မြင် မှုကိုလည်း ဝမ်းသာတယ်၊ Congratulation ပါ။ ကိုယ့်ရဲ့ ညီမအရင်းလည်းဖြစ်တယ်၊ ညီအစ်မနှစ်ယောက် အတူတူ အနုပညာအလုပ်တွေ လုပ်ခွင့်ရတယ်ဆိုတော့လည်း ကိုယ်ပီတိဖြစ်တာပေါ့'' လို့ ဘေဘီမောင်က ညီမငယ် မဟေသီနဲ့အတူ ဇာတ်ကား ရိုက်ကူးဖို့ရှိတဲ့အကြောင်းကို ပြောပြခဲ့တာပါ။

 

သရုပ်ဆောင်ဘေဘီမောင်က အခုလက်ရှိမှာ ကမ္ဘာ့ဖလားဘောလုံးပွဲနဲ့ ပတ်သက်တဲ့ သတင်းတွေကို အစီအစဉ်တင်ဆက်သူ အနေနဲ့ ဆောင်ရွက်နေသူပါ။ ဒီအတွက်ကြောင့်လည်း ဇာတ်ကားရိုက်ကူးမှုတွေ တစ်လလုံးလုံး နားထားတယ်လို့ သိရပါတယ်။

'' ၁၀ လပိုင်း ကျရင်တော့ ကိုခန့်တို့နဲ့ ရုပ်ရှင်ဇာတ်ကားကြီးရိုက်ဖို့ရှိတယ်၊ ဆရာခင်စောမျိုးနဲ့လည်း ရုပ်ရှင်ဇာတ်ကားကြီးရိုက်ဖို့ ရှိသေးတယ်။ ဘေဘီက အခု MRTV-4 က ရုပ်သံဇာတ်လမ်းတွဲ လမ်းရိုက်ဖို့ရှိတယ်။''လို့ နောက်ထပ်ပြုလုပ်မယ့် အနုပညာလှုပ်ရှားမှုတွေအကြောင်းကို ပြောပြခဲ့ပါတယ်။

Photo : ဘေဘီမောင်

 

ဘေဘီမောင်ဟာ ပရိသတ်အခိုင်အမာရရှိနေတဲ့ အနုပညာရှင်တစ်ဦးပါ။ ဗီဒီယိုဇာတ်ကား တွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေ နဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်နေသူ တစ်ဦးဖြစ်ပါတယ်။  Baby & Barani Beauty & Fashion House ဆိုတဲ့ ကိုယ်ပိုင်ဖက်ရှင်ဆိုင်လေးကိုလည်း ဖွင့်လှစ်ထားပါတယ်။

အရင်တုန်းက ဆက်စီကျကျ ဝတ်စားမှုမျိုးနဲ့ လူသိများခဲ့တဲ့ ဘေဘီမောင်ဟာ အခုချိန်မှာ သရုပ်ဆောင်တစ်ယောက် ဖြစ်နေပြီဖြစ်တဲ့အတွက် အရင်လို ခပ်ဟော့ဟော့တွေ မဝင်တော့ဘူးလို့ ပြောခဲ့ဖူးပါတယ်။ သရုပ်ဆောင်ဆိုတာ ပရိသတ်တွေရဲ့ စံပြတစ်ယောက်ဖြစ်တဲ့ အတွက်  ဝတ်တာစားတာ ဆင်ဆင်ခြင်ခြင် ဝတ်တော့မယ်လို့လည်း အင်တာဗျူးတွေမှာ ဖြေကြားခဲ့ဖူးပါတယ်။

Share

Loading Next Article...
က္က