သမီးလေးအတွက် ကိုယ်တိုင်ချက်ပြုတ်ပေးရမယ့် ကျေနပ်တဲ့ မေမေချစ်သုဝေက နောက်ထပ် အသစ်အဆန်းလေးတွေ ထပ်ကျွေး ပြန်ပါပြီ။ သမီးတွေ အာဟာရပြည့်ဖို့နဲ့ ခံတွင်းတွေ့စေဖို့ သူမတတ်စွမ်းသလောက် ကြိုးစားချက်ပြုတ်ကျွေးနေတာ တွေ့ရပါ တယ်။ သမီးလေးတွေတော့ မသိဘူး ပရိသတ်တွေတော့ သားရည်ကျနေကြပါပြီ။
Photo : ချစ်သုဝေ FB
ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ မေမေချစ်သုဝေက သမီးလေးတွေအတွက် ကိုယ်တိုင် ချက်ပြုတ်ကျွေးရမှ ကျေနပ်သူပါ။ သမီးလေးတွေအတွက် အချိန်ပေးပြီး အနီးကပ် ပြုစုပေးနေသလို အနုပညာအလုပ်တွေကိုလည်း လုပ်ကိုင်နေသူပါ။ သမီးလေး တွေအတွက် တစ်နေ့တမျိုး မရိုးအောင် ချက်ကျွေးနေတဲ့ မေမေချစ်သုဝေတစ်ယောက် လူလည်း မျက်တွင်းဟောက်ပက် ဖြစ်နေပြီတဲ့။
"ရိုက်မိသမျှလေး..မေမေ့treဆော့ထားသမျှ..အရမ်းတွေအားတော့လေ ကလေး၂ဖက်ထိန်းရင်း ကိုယ်တိုင်လေးလုပ်ကျွေးရမှဆိုတော့..လူလည်းမျက်တွင်းဟောက်ပက်..ဗိုက်ကအဆီပဲမကျတာလေးပဲ.." ဆိုပြီး ဇူလိုင်(၇) ရက်နေ့က ချစ်သုဝေရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။
Photo : ချစ်သုဝေ FB
သမီးလေးတွေ အစာစားစေဖို့ တစ်နေ့တမျိုး မရိုးအောင် ချက်ကျွေးနေရတဲ့ သူမလည်း တော်တော်ပင်ပန်းမှာပါ။ သမီးလေးတွေအတွက် ချက်ပေးတဲ့ အစားအစာလေးတွေ ကြည့်ရတာ သမီးလေးတွေတော့ မသိဘူး ပရိသတ်တွေတော့ စားချင်နေကြပါပြီ။ ရသမျိုးစုံ ရအောင် ချက်ကျွေး တတ်တဲ့ သူမရဲ့ လက်စွမ်းကိုလည်း ပရိသတ်တွေကချီးကျူးထားကြပါတယ်။
သူမရဲ့ ပရိသတ်တွေကတော့ သမီးလေးကို စောင့် ရှောက် ရင်း သူမရဲ့ ကျန်းမာရေးကိုပါ ဂရုစိုက်ဖို့ ပြောထားကြပါတယ်။ချစ်သုဝေဟာ သမီးလေးအတွက်လည်း မိခင်ကောင်းတစ်ယောက် ဖြစ်ဖို့ ကြိုးစားနေသလို ပရိသတ်တွေအတွက်လည်း သူမရဲ့ အနုပညာအသစ်တွေကို ချပြနိုင်ဖို့ ကြိုးုစားနေသူပါ။
Photo : ချစ်သုဝေ FB
ပေ့ချ်အတုတွေ များနေကြောင်း ပရိသတ်တွေကို သတိပေးလိုက်တဲ့ ချစ်သုဝေ
ခေတ်နဲ့ သစ်လို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သမီးလေးနှစ်ယောက်ဟာ မိဘတွေမပြောနဲ့ မြင်တဲ့သူတိုင်းက မချစ်ဘဲ မနေနိုင်လောက် အောင်ကို ချစ်စရာ ကောင်းလွန်းလှပါတယ်။
မေမေ ချစ်သုဝေက သမီးလေးတွေရဲ့ ပုံလေးတွေနဲ့ ဗီဒီယိုဖိုင်လေးတွေကို ဖေ့စ်ဘွတ်ကနေ ပရိသတ်တွေကို မျှဝေလေ့ရှိပြီး သူတို့ရဲ့ပုံလေးတွေ ၊ ဗီဒီယိုလေးတွေဟာ ကြည့်ရှူသူ အမြဲတမ်း ၁ သိန်းကျော် ရှိနေတတ်ကာ Share အရေအတွက် ထောင်ချီလို့ Like ဆိုရင်လည်း သောင်းနဲ့ချီ ရှိနေတာပါ။
Photo : ချစ်သုဝေ FB
လင်းလင်းနဲ့ ချစ်သုဝေတို့ နှစ်ယောက်စလုံးဟာ အနုပညာလောကထဲမှာ အောင်မြင်မှု ရရှိထားတဲ့ အနုပညာရှင်များ ဖြစ်သလို လင်းလင်းဟာ လည်း ဂီတလောကမှာ တစ်ကိုယ်တော်ပွဲတွေနဲ့ အောင်မြင်မှု ရရှိထားကာ ချစ်သုဝေဟာလည်း သရုပ်ဆောင်ပိုင်းနဲ့ အဆိုပိုင်းမှာ ပရိသတ်အား ပေးမှု ရရှိထားတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။
Share