ဒူးဒဏ်ရာကြောင့် တစ်နှစ်ခွဲလောက် အနားယူရပြီးမှ ပထမဆုံး ပြန်ထိုးတဲ့ နိုင်ငံတကာ လက်ဝှေ့ပွဲလည်း ဖြစ်ပြီး ပရိသတ်ကြိုက် ပွဲတစ်ပွဲ လည်း ဖြစ်ခဲ့မှာပါ။
အထူး ၅ ချီစိန်ခေါ်ပွဲအဖြစ် မြန်မာနိုင်ငံက ထွန်းထွန်းမင်းနဲ့ ထိုင်းနိုင်ငံက ဆိုင်းယော့တို့ ထိုးသတ်ခဲ့ရာမှာတော့ ပူး တွဲ သရေကျခဲ့ပါတယ်။
၂၀၁၈ ခုနှစ် ရွှေခါးပတ် ချန်ပီယံ လုပွဲမှာ အထူး ၅ ချီစိန်ခေါ်ပွဲ ၃ ပွဲပါဝင်ခဲ့ပြီး ယခုပွဲစဉ်ကတော့ တစ်ပွဲတည်းသော နိုင်ငံတကာပွဲစဉ်လည်း ဖြစ်ခဲ့ ပါတယ်။
Photo - Thet Paing Soe Facebook Pg
ထွန်းထွန်းမင်းအနေနဲ့ ဒူးဒဏ်ရာကြောင့် အနားယူနေခဲ့ရာမှ ပထမဆုံး ပြန်လည်ထိုးသတ်တဲ့ နိုင်ငံတကာပွဲဖြစ်တာကြောင့်လည်း အနိုင်ရဖို့ ဆိုင်း ပြင်ခဲ့ပါတယ်။
လက်ဝှေ့လောကကနေ အနားယူဖို့ ဆုံးဖြတ်ခဲ့တဲ့ ထွန်းထွန်းမင်း ဘာကြောင့် လက်ဝှေ့ ပြန်ထိုးတာလဲ?
သူ့ရဲ့ ပုံမှန်တိုက်ကွက်တွေ ဖြစ်တဲ့ အမြင့်ခြေကန်ချက်တွေ၊ တရစပ် လက်သီးထိုးချက်တွေ အပြင် ခေါင်းတိုက်ချက်တွေနဲ့ပါ ဆိုင်းယော့ကို တိုက် ခိုက်ခဲ့ပေမယ့်လည်း ထိုင်း ရဲ့ ထိပ်တန်း ၁၀ ဦးဝင် ဆိုင်းယော့ကလည်း ခေသူမဟုတ်ခဲ့ပေ။
ဆိုင်းယော့ရဲ့ ပူးတွဲ သတ်ပုတ်မှုတွေကြောင့် ထွန်းထွန်းမင်း နောက်ကို မကြာခဏ ဆုတ်ပြီး ထိုးသတ်ခဲ့ရတာတွေ ရှိခဲ့သလို လဲကျတာတွေလည်း ရှိနေခဲ့တာ တွေ့ရပါတယ်။
ဒီလို လဲကျမှုတွေ မကြာခဏ မြင်တွေ့ရတာကြောင့် ထွန်းထွန်းမင်းရဲ့ ဒူးအရွတ်ခွဲစိတ်ထားမှု အခြေအနေအပေါ်မှာတော့ အနည်းငယ် သံသယရှိ စေခဲ့ပါတယ်။
ရည်မှန်းချက် ကြီးကြီးမားမားထားပြီး လက်ဝှေ့ ပြန်ထိုးဖို့ ဆုံးဖြတ်ခဲ့တဲ့ ထွန်းထွန်းမင်းအနေနဲ့ ယခုပွဲမှာ မူလ ထိုးသတ်မှုတွေ အတိုင်း ထွန်းထွန်း မင်းကို ပြန်မြင်တွေ့နိုင်အောင် ထိုးသတ်ခဲ့တာတွေ့ရပြီး ပရိသတ် စိတ်ကြိုက် ဖြစ်ခဲ့မယ်လို့ ယူဆပါတယ်။
မြန်မာပြည် ချန်ပီယံဟောင်းတစ်ဦးဖြစ်သလို ဆီးဂိမ်း ရွှေဆုရ လက်ဝှေ့သမားတစ်ဦးရဲ့ တစ်ကျော့ပြန် လက်ဝှေ့ ခရီးကြမ်းအစကတော့ နစ်နာ စရာမရှိခဲ့ပါဘူး။
ဒီပွဲကိုတော့ ဒီကနေ့ ဇူလိုင်လ ၂၂ ရက်နေ့မှာ ရန်ကုန်မြို့က သိမ်ဖြူ လက်ဝှေ့ရုံမှာ ယှဉ်ပြိုင်ထိုးသတ်ခဲ့တာဖြစ်ပြီး အခြားသော ၂၀၁၈ ရွှေခါး ပတ်ချန်ပီယံလုပွဲရဲ့ ဝိတ်တန်း ပေါင်းစုံကိုလည်း ကျင်းပခဲ့ပါတယ်။
Share