သားလေးမွေးတယ်တဲ့။

ဖော်ကာတို့ ဇနီးမောင်နှံရဲ့ ဘဝထဲကကို ချစ်စရာ သားလေးရောက်ရှိလို့လာပါပြီ။ သားလေးကို ဒီနေ့(သြဂုတ်လ၃ရက်)မနက်ပိုင်း က မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ ချစ်ဖို့ကောင်းတဲ့ သားလေးရဲ့ ပုံလေးတွေကိုလည်း ထည့်ပေးထားတယ်နော်။

Photo : ဖော်ကာ FB

 

အဆိုတော် ဖော်ကာနဲ့ ဇနီးချောလေး ပွင့်ဖြူအောင်တို့ ဘဝထဲကို သားဦးလေး ရောက်ရှိလို့လာပါပြီ။ သားလေးကို ဒီနေ့( သြဂုတ်လ၃ရက်) နေ့ မနက်ပိုင်းက Grand Hantha ဆေးရုံမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ အခုလက်ရှိမှာ မိခင်ကော ကလေးကော ကျန်းမာစွာ ရှိနေတယ်လို့ သိရပါတယ်။ ကလေးအဖေ ဖြစ်သွားတဲ့ ဖော်ကာအတွက် သူငယ်ချင်းများနဲ့ ပရိသတ်များက ဂုဏ်ယူလို့ နေပါတယ်။

ဖေဖေဖော်ကာကတော့ မွေးခန်းထဲက ထွက်လာတဲ့ သားလေးကို တစိမ့်စိမ့်ကြည့်လို့မဝ ဖြစ်နေတာလည်း တွေ့ရပါတယ်။ ပရိသတ်တွေနဲ့ သူငယ်ချင်းတွေအတွက် ကလေးလေးရဲ့ ဓာတ်ပုံလေးတွေကို တင်ထားတာ တွေ့ရပါတယ်။ကလေးလေးက အရမ်းချစ်ဖို့ကောင်းပြီး ဖော်ကာရဲ့ သူငယ်ချင်းတွေက အဖေတူတယ်လို့ မှတ်ချက်ပေးထားတာလည်း တွေ့ရပါတယ်။

Photo : ဖော်ကာ FB

ပဲခူးရေဘေးသင့်ပြည်သူများ အတွက် သွားလှူမယ်ဆိုတဲ့ မိုးစက်ဝိုင်

ကလေးအရမ်းရူးတဲ့ ဖော်ကာဟာ သားလေးကို လူပီသတဲ့ လူဖြစ်အောင် အမြဲတမ်း ကြိုးစားခိုင်းမယ်လို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုဖူးပါတယ်။

"ကျွန်တော်က အစကတည်းက ကလေးအရမ်းရူးတာ ။ ကိုယ်ဝန်ရှိပြီလို့ ပြောတဲ့အချိန်ကျမှ ငါမိန်းမရပြီဆိုတာ ကိုယ့်ဘာသာကိုယ် လက်ခံလို့ ရတာ ။ အစတုန်းက ငါတကယ်မိန်းမရသွားတာလားဆိုပြီး ဖြစ်နေတာ။ ကျွန်တော်ငယ်ငယ်ကတည်း ဖြစ်ချင်တာထက် သူ့ကို ပိုတော် စေချင် တယ်။လူတိုင်းဖြစ်မှာပဲ ။ လူပီသတဲ့  လူဖြစ်အောင် အမြဲတမ်း ကြိုးစားခိုင်းမှာပါ။ သူ့စိတ်ထဲကနေ လှိုက်လှိုက်လှဲလှဲ င့ါအဖေ မယုတ်တတ် ဘူးဆိုတဲ့ စိတ်ဝင်အောင် မပြောပဲနဲ့ အလုပ်နဲ့ သက်သေပြသွားမှာပါ။"လို့ ဇန်နဝါရီ(၁၇) ရက်နေ့က ပြုလုပ်တဲ့ "ရင်ထဲကသံစဉ်များ" တေးစီး ရီး မိတ်ဆက်ပွဲမှာ ဖြေဆိုပေးခဲ့တာ ဖြစ်ပါတယ်။

Photo : ဖော်ကာ FB

ဖော်ကာအနေနဲ့ ဖြစ်နိုင်ရင် ရင်သွေးလေးနှစ်ယောက်လောက် အနည်းဆုံး လိုချင်တာပေ့ါလို့ ဆိုပါတယ်။ဖော်ကာနဲ့ သားလေးတို့ဟာ မွေးလချင်းတူတာလည်း တွေ့ရပါတယ်။ ဖော်ကာက သြဂုတ်လ(၂) ရက်နေ့မှာ အသက်(၃၂)နှစ်ပြည့်ခဲ့တာ ဖြစ်ပြီး သားလေးက သြဂုတ်လ(၃) ရက်နေ့မှာ မွေးခဲ့တာပါ။

အဆိုတော် ဖော်ကာနဲ့ ချစ်သူကောင်မလေး ပွင့်ဖြူအောင်တို့ရဲ့ မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးပွဲကိုတော့ အောက်တိုဘာ(၅)ရက်နေ့ (သီတင်ကျွတ်လပြည့်နေ့)က ကျင်းပပြုလုပ်ခဲ့ပါတယ်။ဖော်ကာနဲ့ ချစ်သူကောင်မလေးတို့ဟာ ၂၀၁၂ခုနှစ်ဒီဇင်ဘာလမှာ ချစ်သူနဲ့ စတွေ့ခဲ့တာ ဖြစ်ပြီး ယခုဆိုရင်တော့ ချစ်သူသက်တမ်း လေးနှစ်ခွဲကြာမှာ လက်ထပ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။သူတို့နှစ်ဦးရဲ့ မင်္ဂလာဧည့်ခံ ပွဲလေး ကိုတော့ အောက်တိုဘာ(၈)ရက်နေ့ နံနက် Melia ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

Share

Loading Next Article...
က္က