Myanmar Idol Season 3 ရဲ့ Top 10 Finalist တစ်ဦးဖြစ်တဲ့ နေခန့်မင်းသစ်နဲ့ သူ့ရဲ့ ပရိသတ်တွေ ပထမဆုံးတွေ့ဆုံပွဲလေးကို သြဂုတ်လ ၁၈ ရက်နေ့ မနက်ပိုင်းက နယ်စပ်တိုင်းရင်းသားများ ဖွံ့ဖြိုးရေး ပရဟိတ ကျားကျောင်းမှာ ပြုလုပ်ခဲ့ပါတယ်။သူ့ရဲ့ အမေကလည်း ဝမ်းသာပီတိဖြစ် လို့နေပါတယ်။
Myanmar Idol Season 3 ရဲ့ Top 10 Finalist တစ်ဦးဖြစ်တဲ့ နေခန့်မင်းသစ်နဲ့ သူ့ရဲ့ ပရိသတ်တွေ ပထမဆုံးတွေ့ဆုံပွဲလေးကို သြဂုတ်လ ၁၈ ရက်နေ့ မနက်ပိုင်းက နယ်စပ်တိုင်းရင်းသားများ ဖွံ့ဖြိုးရေး ပရဟိတ ကျားကျောင်းမှာ ပြုလုပ်ခဲ့ပါတယ်။ သူ့ကို ချစ်ကြတဲ့ ပရိသတ်တွေ အများ ကြီးကလည်း တက်ရောက်ခဲ့ကြပါတယ်။
'' ဒီကျောင်းက ကျွန်တော်နဲ့လည်းနီးတယ်၊ ပြီးတော့ မိဘမဲ့ ကလေးတွေကလည်း အများကြီးဆိုတော့ လှူရတန်းရတာ အရမ်းကို ပီတိဖြစ် ပါတယ်။ ဝမ်းလည်း ဝမ်းသာတယ်။ ပြီးတော့ ကျွန်တော့် Fan တွေ အားဆေးတွေပေါ့ သူတို့နဲ့လည်း တွေ့ရလို့ ပျော်တယ်။ ကျွန်တော် တစ်ကိုယ် တော်အခွေထွက်နိုင်ဖို့ အိမ်နဲ့တိုင်ပင်ပြီး သီချင်းတွေ လုပ်နေပါတယ်'' လို့ ဆိုပါတယ်။
နေခန့်မင်းသစ်နဲ့ သူ့ရဲ့ ပရိသတ်တွေ့ဆုံပွဲကို တက်ရောက်လာတဲ့ နေခန့်မင်းသစ်ရဲ့ အမေဒေါ်လူမုန်းခင် ကလည်း ဝမ်းသာပီတိဖြစ် လို့နေပါတယ်။ သားလေးအတွက် အမှတ်တရစကားကိုလည်း သဘောကျနှစ်သက်တဲ့ အပြုံးနဲ့ ပြောပြခဲ့ပါသေးတယ်။
'' သားသားကို ဒီလို ချစ်ကြတာကို တွေ့ရတာ အရမ်းကို ပျော်ပါတယ်၊ ရှေ့ဆက် ဂီတလမ်းကြောင်းနဲ့ ပတ်သက်ပြီးတော့လည်း သူ့ သဘောပါ ပဲ။ ဒါပေမယ့် ပရိသတ်တွေရဲ့ ကျေးဇူးတရားကို မမေ့ဖို့ အတွက်ပဲ မှာချင်ပါတယ်'' ဆိုပြီးတော့ နေခန့်မင်းသစ်နဲ့ Fan တွေရဲ့ တွေ့ဆုံပွဲမှာ Duwun Media ကိုပြောပြခဲ့တာဖြစ်ပါတယ်။
နေခန့်မင်းသစ်ကို Myanmar Idol Season 3 သီချင်းဆိုပြိုင်ပွဲကနေ တဆင့် ပရိသတ်တွေ အားပေးလာကြတာဖြစ်ပါတယ်။ ရုပ်ကလည်းချော ဆံပင်အရှည်နဲ့ လိုက်ဖက်သူဖြစ်တာကြောင့်လည်း မိန်းကလေး ပရိသတ်တွေ အားပေးမှု များစွာရရှိခဲ့တာပါ။ ပြိုင်ပွဲမှာ တစ်ဆင့်ချင်း ဝင် ရောက်ယှဉ်ပြိုင်နိုင်ခဲ့ပေမယ့်လည်း Myanmar Idol Season 3 (Top-4+1) Result Show မှာ ပရိသတ်တွေကို နှုတ်ဆက်ခဲ့ရပါတယ်။
နေခန့်မင်းသစ်ရဲ့ ဆွဲဆောင်မှုကတော့ သူ့ရဲ့ ဆံပင်အရှည်လေးဖြစ်ပါတယ်။ ဒီဆံပင်အရှည်ကို အမြတ်တနိုး တာကြောင့် လုံးဝ မညှပ်ဘူး လို့လည်း မီဒီယာတွေကနေ ဖြေဆိုခဲ့ဖူးပါတယ်။ သူရဲ့ ဆံပင်ကို ချစ်တတ်သူတစ်ယောက်ဖြစ်တာကြောင့် အမြတ်တနိုးနဲ့ မှန်ဘောင်ထဲ ထည့်ထားမယ်လို့ ဆိုပါတယ်။