ရွှေအိမ်စည်က နိုဝင်ဘာလ အတွင်းမှာတော့ ပိုလန်နိုင်ငံမှာ ကျင်းပပြုလုပ်မယ့် Miss Supranational 2018 ပြိုင်ပွဲကြီးကို သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲနဲ့ ပတ်သက်ပြီး ဗဟုသုတ ဆိုတာထက် လူတစ်ယောက်ကို ဆွဲဆောင်နိုင်တဲ့ အရည်အချင်းမျိုးဖြစ်အောင် ကြိုးစားနေတယ်လို့ ဆိုပါတယ်။
မကြာခင်က Miss Golden Land Myanmar 2018 Winner သရဖူကို ရရှိခဲ့တဲ့ ရွှေအိမ်စည်က နိုဝင်ဘာလ အတွင်းမှာတော့ ပိုလန်နိုင်ငံမှာ ကျင်းပပြုလုပ်မယ့် Miss Supranational 2018 ပြိုင်ပွဲကြီးကို သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲအတွက် ပြင်ဆင်နေပုံတွေကိုလည်း Duwun Media ရဲ့ သီးသန့် အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။
''ပြိုင်ပွဲကို ၁၁ လပိုင်းလောက်မှ ပိုလန်နိုင်ငံမှာ သွားပြိုင်ရမှာ။ ပြိုင်ပွဲအတွက်တော့ အဝတ်အစားပိုင်းကတော့ နည်းနည်းခက်ခဲမယ်။ ဘာ ကြောင့် လည်းဆိုတော့ အေးတဲ့ နိုင်ငံလည်း ဖြစ်တော့ ဖက်ရှင်အပိုင်းမှာ ဆန်းဆန်းပြားပြားလေးနဲ့ လှနေအောင်တော့ ဝတ်တတ် ရမယ်လေ'' လို့ သူကပြောပါတယ်။
ပြိုင်ပွဲမှာတော့ အစစအရာရာ အဓိက ကျတယ်ဆိုပေမယ့် အကဲဖြတ်ဒိုင်တွေရဲ့ မေးခွန်းတွေ အပေါ် ကိုယ့်ကိုယ်ကို ယုံကြည်ချက် ရှိရှိနဲ့ ဖြေဆိုနိုင်ဖို့က အဓိက ကျတယ်လို့ဆိုပါတယ်။ ဒီပြိုင်ပွဲနဲ့ ပတ်သက်ပြီး ဗဟုသုတ ဆိုတာထက် လူတစ်ယောက်ကို ဆွဲဆောင်နိုင်တဲ့ အရည်အချင်းမျိုးဖြစ်အောင် ကြိုးစားနေတယ်လို့ ဆိုပါတယ်။
'' အဓိက က ဒီပြိုင်ပွဲကလေ ဗဟုသုတပိုင်းဆိုင်ရာထက် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစေမယ့် အရာတွေက ပိုအဓိက ကျတယ်။ မေးခွန်းတစ်ခု မေးလိုက်လို့ အဖြေမှားတယ်ဆိုတာ မရှိစေရဘူး၊ Yes ဆိုရင်လည်း ဘာလို့ Yes ဖြစ်ရတယ်ဆိုတဲ့ ခိုင်မာတဲ့ အကြောင်းအရင်းတစ်ခုကို ပြောပြ နိုင်ရမယ်'' လို့ ဆိုပါတယ်။
ခြေထောက်ဒဏ်ရာကြောင့် ပြိုင်ပွဲအတွက် စိုးရိမ်နေရတဲ့ ရွှေအိမ်စည်
မကြာခင် ပြိုင်ပွဲမှာ ယှဉ်ပြိုင်ရတော့မယ့် ရွှေအိမ်စည်ဟာ GYM ကို သေချာ ကစားနေတယ်လို့ ဆိုပါတယ်။ ခန္ဓာကိုယ် ဝိတ်တက်လို့ မရတဲ့ သူ့ ခန္ဓာကိုယ်ကိုလည်း သေသေချာချာ ထိန်းသိမ်းနေရတယ်ဆိုတာကို သြဂုတ်လ ၁၉ ရက်နေ့က RENE ဆိုင်သစ်ဖွင့်ပွဲမှာ Duwun Media ကနေ ပြောပြခဲ့ပါတယ်။
" အဓိက က မိန်းကလေးတစ်ယောက်မှာ အားလုံး ပြည့်စုံတယ်ဆိုတာတော့ မရှိပါဘူး။ ဒါကိုလည်း အိမ်စည်က စိတ်မပူပါဘူး၊ သူ့ရဲ့ အားသာ ချက် နဲ့ ကိုယ့်ရဲ့ အားသာချက်က တူမှမတူတာ။ ပြီးတော့ လူက ဘယ်လောက်ပဲ သေးသေး ကင်မရာအရှေ့ကို ဝင်လိုက်ပြီဆိုတာနဲ့ လူကောင် က ကြီးသွားတာ၊ အဲ့ဒါကြောင့် အိမ်စည်က ဝိတ်တက်လို့မရဘူး'' လို့ သူကဆိုပါတယ်။
Photo: Myanamr Myanmar Golden Land Page
Miss Golden Land Myanmar 2018 Winner ဆုကို အသက်(၁၉)နှစ်သာရှိသေးတဲ့ ရခိုင်ပြည်နယ်ကိုယ်စားပြုအလှမယ် ရွှေအိမ်စည် က ရရှိပိုင်ဆိုင်ခဲ့ပြီး 1st Runner Up ဆု ကိုတော့ ရှမ်းပြည်နယ် ကိုယ်စားပြု အလှမယ် အယ်လီနာဝင်းက ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ 2nd Runner Up ဆုကိုတော့ ရန်ကုန်ကိုယ်စားပြု အလှမယ် စောနန်းချယ်ရီက ရရှိပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။