အကယ်ဒမီများရှင် ဒါရိုက်တာ စင်ရော်မောင်မောင်က Myanmar Idol season 3 ရဲ့ Winner ဆုရှင် ဖြိုးမြတ်အောင်နဲ့ အကယ်ဒမီ ပိုင်ဖြိုးသု တို့ကို ကြော်ငြာရိုက်ကူးပေးတော့မယ်လို့ သိရပါတယ်။ သူဟာ ဝါရင့်ဒါရိုက်တာကြီး တစ်ဦးလည်း ဖြစ်သ လို ဒီနေ့ ဒီအချိန်ထိ အောင်မြင်မှု များစွာ ရရှိပိုင်ဆိုင်နေတုန်းပါပဲ။
Photo: Zin Yaw Maung Fb
အကယ်ဒမီများရှင် ဒါရိုက်တာ စင်ရော်မောင်မောင်က Myanmar Idol season 3 ရဲ့ Winner ဆုရှင် ဖြိုးမြတ်အောင်နဲ့ အကယ်ဒမီ ပိုင်ဖြိုးသု တို့ကို ကြော်ငြာရိုက်ကူးပေးတော့မယ်လို့ သိရပါတယ်။ နှစ်ယောက်စလုံးကလည်း လက်ရှိ အနုပညာလောကမှာ ပရိသတ်အားပေးမှု အများ ကြီး ရရှိထားသူတွေ ဖြစ်ပါတယ်။
'' ဖြိုးမြတ်အောင်ရယ်၊ ပိုင်ဖြိုးသုတို့ နဲ့ ဧကရာဇာ ကြော် ညာ ကိုရှေ့အပတ်တွင်ရိုက်ကူးမည်ဖြစ်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည်။ နောက်ခံတေးသံရှင် ဖြိုးမြတ်အောင် ငွေဇင်လိူင်း'' ဆိုပြီးတော့ သြဂုတ်လ ၂၂ ရက်နေ့ မနက် ၉ နာရီ ခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။
Photo: Phyo Myat Aung Fb
စင်ရော်မောင်မောင် ဟာ ဝါရင့် ဒါရိုက်တာကြီး တစ်ဦးလည်း ဖြစ်သလို ဒီနေ့ ဒီအချိန်ထိ အောင်မြင်မှု များစွာ ရရှိပိုင်ဆိုင်နေတုန်းပါပဲ။ သားဖြစ်သူ မင်းသန့်မောင်မောင်ကိုလည်း ဒါရိုက်တာကောင်းတစ်ယောက်ဖြစ်အောင် ပံ့ပိုးကူညီနေတာဖြစ်ပါတယ်။ သူရိုက်ကူးခဲ့တဲ့ ရုပ်ရှင် ဇာတ်ကားတိုင်းကလည်း ပရိသတ်တွေအတွက် ဗဟုသုတများစွာ ရရှိစေပါတယ်။
Photo: Paing Phyo Thu Fb
ဖခင်မေတ္တာကို ဖော်ကျူးဦးမယ့် ဒါရိုက်တာ စင်ရော်မောင်မောင်
၂၀၁၇ ခုနှစ် တုန်းကလည်း စင်ရော်မောင်မောင် ရိုက်ကူးထားတဲ့ ထာဝရအမေ ရုပ်ရှင်ဇာတ်ကားကြီးကို ဒီဇင်ဘာလအတွင်းက ရုံတင် ပြသ ခဲ့ပြီးပါပြီ။ ဒီ ဇာတ်ကားဟာ ၁၂ နှစ်ကြာဝေးကွာနေတဲ့ ဒါရိုက်တာဇင်ယော်မောင်မောင်၊ အကယ်ဒမီမေသန်းနု၊ သားဖြစ်သူ မင်းသန့် မောင် မောင်တို့ ပြန် လည်ဆုံစည်း ဖန်တီး ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်လို့ အမှတ်တရများစွာလည်းရှိတယ်လို့ မီဒီယာတွေ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူး ပါတယ်။
Photo: Zin Yaw Mg FB
အခုလက်ရှိမှာတော့ စင်ရော်မောင်မောင် ဟာ အဖေနဲ့ ပတ်သက်တဲ့ ပညာပေးရုပ်ရှင်ဇာတ်ကားကြီးကိုလည်း ရိုက်ကူးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အဲ့ဒီနောက် ကြော်ငြာတွေလည်း ရိုက်ကူးနေတာကို တွေ့ရပါတယ်။ သူရိုက်ကူးထားတဲ့ ထာဝရအမေ ရုပ်ရှင်ဇာတ်ကားကြီး ကိုလည်း စင်ကာပူနိုင်ငံမှာ ပြသခဲ့သေးတယ်လို့ သိရပါတယ်။