ဒီနေ့က သူရဲ့ မွေးနေ့ဖြစ်ပါတယ်။

ဒီနေ့ သြဂုတ်လ ၃၁ ရက်နေ့ကတော့ အဆိုတော် နီနီခင်ဇော်ရဲ့ မွေးနေ့ ဖြစ်ပါတယ်။ သူမဟာ အခုဆိုရင် ဂီတလောကရဲ့ အောင်မြင်တဲ့ နေရာ တစ်နေရာမှာ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေသူတစ်ဦးဖြစ်ပါတယ်။


Photo: Ni Ni Khin Zaw Page



ပရိသတ်တွေရဲ့ အချစ်ကို အများကြီးပိုင်ဆိုင်ထားတဲ့ နီနီခင်ဇော်က သြဂုတ်လ ၃၁ ရက်နေ့ကတော့ သူ့ရဲ့ မွေးနေ့ဖြစ်ပါတယ်။ နီနီခင်ဇော်ဟာ အောင်မြင်တဲ့ အဆိုတော် တစ်ဦးသာမက ကိုယ်ပိုင်အလှကုန်ပစ္စည်းတွေကိုလည်း ထုတ်လုပ်နိုင်သူ တစ်ယောက်ဖြစ်ပါတယ်။အခုချိန်မှာတော့ သူ့ရဲ့ အသက် ၂၇ နှစ်ပြည့်ပြီလို့လည်း ပြောပြခဲ့ပါသေးတယ်။

'' နေ့ နဲ့ ညရေရင်း ၂၇ နှစ် မွေးနေ့မှာပျော်ပါစေပဲ ဆုတောင်းနဲ့နော်အမြဲပျော်ချင်တာ ကျန်တာမလိုဘူးလေ'' ဆိုပြီးတော့ သြဂုတ်လ ၃၁ ရက်နေ့ မနက် ၉ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ် ကနေ ရေးသားခဲ့ပါတယ်။ သူ့အတွက် Comment ကနေတဆင့် ပရိသတ်များစွာတို့ကလည်း မွေးနေ့ ဆုတောင်းပေးခဲ့ကြပါသေးတယ်။


Photo: Ni Ni Khin Zaw Page


နီနီခင်ဇော်ဟာ အသံပါဝါကောင်းကောင်းနဲ့ ပရိသတ်တွေကို ဆွဲဆောင်နိုင်တာကြောင့် အခုဆိုရင် ဂီတလောကရဲ့ အောင်မြင်တဲ့ နေရာ တစ်နေရာကို ခိုင်ခိုင်မာမာရရှိထားသူဖြစ်ပါတယ်။ တစ်ကိုယ်တော် အခွေ ၃ ခွေလည်း ထွက်ရှိပြီးခဲ့ပြီး ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့လို့ အောင်မြင်မှုတွေလည်း အများ ကြီးပိုင်ဆိုင်ခဲ့ပါတယ်။

Photo: Ni Ni Khin Zaw Page


အဆိုတော် နီနီခင်ဇော်က သူ့ရဲ့ ခန္ဓာကိုယ် နည်းနည်း ဝခဲ့တာကြောင့် ဝိတ်တောင်ပြန်လျှော့ခဲ့ရတယ်လု့ိ ဆိုပါတယ်။ အခုဆိုရင်တော့ အရမ်းကိုလှတဲ့ မိန်းကလေးတစ်ယောက်ဖြစ်လို့နေပါပြီ။ လက်ရှိမှာတော့ သူ့ရဲ့ အလှကုန်ပစ္စည်းတွေအတွက် ကြော်ငြာရိုက်ကူးနေတယ်လို့ လည်း Duwun Media ရဲ့ သီးသန့်အင်တာဗျူး ကနေပြောပြခဲ့ဖူးပါတယ်။

ကိုယ်ပိုင်တဲ့ရုပ်ရှည်နဲ့ ခန္ဓာကိုယ်အပေါ် ကျေနပ်နေတဲ့ နီနီခင်ဇော် 

Photo: Ni Ni Khin Zaw Page


နီနီခင်ဇော်ဟာ ဇွန်လ အတွင်းတုန်းကလည်း အချစ်သီချင်းအသစ်လေးတစ်ပုဒ်ဖြစ်တဲ့ '' ချစ်လျှက်နဲ့ လမ်းခွဲ'' ဆိုတဲ့ သီချင်း MTV လေးကို ပရိသတ်နဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီသီချင်းလေးကလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့ပြီး အောင်မြင်မှုများစွာ ရရှိခဲ့ပါတယ်။ သူဟာ Melody World သီချင်းဆို ပြိုင်ပွဲကနေ စပြီး ဂီတလောကထဲကို ဝင်ရောက်လာတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က