ဝေဖန်လိုက်တဲ့ ပရိသတ်ကို ပြန်တုံ့ပြန်စကားပြောလိုက်တာပါ။

အေသင်ချိုဆွေဟာ အရမ်းဝတယ်လို့ ဝေဖန်လာတဲ့ ပရိသတ်တချို့ကို ပြန်ပြီးတော့ တုံ့ပြန်စကားဆိုလိုက်တယ်လို့ ပြောပါတယ်။ မကြာခင်က ပုဂံမှာ ဖျော်ဖြေရေး ကိစ္စအတွက် ရောက်ရှိနေတဲ့ အေသင်ချိုဆွေက သမီးလေး Ivy ကို အရမ်းလွမ်းနေပါပြီတဲ့။

 

အဆိုတော် အေသင်ချိုဆွေ တစ်ယောက် ပရိသတ်က ဝ တယ်၊ အရမ်းဝတယ် ဆိုပြီးတော့ ဝေဖန် ပြောဆိုလာတဲ့အပေါ် ပြန်လည် တုံ့ပြန် စကား ဆိုခဲ့တယ်လို့ သူကပြောပါတယ်။ သူမဟာ အဆိုတော် တစ်ယောက်ဖြစ်တဲ့အတွက် ၂၄ နာရီလုံး လှပနေစရာမလိုတဲ့အကြောင်း ကိုလည်း ဆက်လက်ပြောပြလာပါတယ်။

''အယ် ဝလိုက်တာ" Me ဟုတ်တယ် အမရယ် ဟီးဟီး နောက်တခါ "အမရယ် အရမ်းဝတာဘဲ " ထပ်ပြောတယ်။ Me: ဟယ် အမလဲ ပိန်ညောင် နေတာဘဲနော်လို့ ပြန်ပြောလိုက်တော့ မကျေနပ်လို့ ပြန်ရန်တွေ့တော့မယ့် အတိုင်းဘဲ။ ကျမလွန်လား? ကျမတို့လဲလူဘဲလေ အနုပညာရှင် ဆိုတာနဲ့ လူတွေပြောသမျှငြိမ်ခံနေရမှာလား။ ကျမ မင်းသမီး မဟုတ်ဘူး အဆိုတော်တယောက်။ 24/7 လှနေဖို့မလိုဘူးလေ။ '' ဆိုပြီးတော့ စက်တင်ဘာလ ၂၄ ရက်နေ့ ညနေ ၄ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

Photo: အေသင်ချိုဆွေဖေ့စ်ဘွတ်

 

အေသင်ချိုဆွေဟာ စက်တင်ဘာလ ၂၃ ရက်နေ့ကတည်းက ပုဂံမြို့ကို ဖျော်ဖြေရေးနဲ့ ရောက်ရှိနေတာဖြစ်ပါတယ်။ အဲ့ဒီနောက်  ပုဂံဘုရား တွေ ဆုံအောင် ဖူးနေတယ်လို့လည်း သိရပါတယ်။ ခရီးတွေ လည်လည်ထွက်နေတဲ့ အေသင်က သမီးလေး Ivy ကို အရမ်းလွမ်းနေတယ်လို့ ဆိုပါတယ်။ အဲ့ဒီနောက်ကမှာတော့ သူ့ဖုန်းရဲ့ Wallpaper မှာ တင်ထားတဲ့ သမီးလေး Ivy ပုံကို ဖေ့စ်ဘွတ်ပေါ် တင်ခဲ့ပါသေးတယ်။

ပေါင်(၃၀)လောက် ထပ်ကျဖို့ Gym ပြန်ဆော့မယ်ဆိုတဲ့ အေသင်ချိုဆွေ 

Photo: အေသင်ချိုဆွေဖေ့စ်ဘွတ်

 

Single Mother အဖြစ် ရပ်တည်နေတဲ့ အေသင်ချိုဆွေဟာ ယခင်ကထက်စာရင် ခန္ဓာကိုယ်အချိုးအစား အများကြီး ပြောင်းလဲသွားခဲ့ပြီ ဖြစ်ပါ တယ်။ ပရိသတ်တွေ မမှတ်မိနိုင်လောက်တဲ့ ခန္ဓာကိုယ်ကနေ ယခုဆိုရင်အရမ်းကို လှပတဲ့ ခန္ဓာကိုယ် အချိုးအစားကို ရရှိထားပေမယ့်လည်း နောက်ထပ် ပေါင်(၃၀)လောက် ထပ်ကျဖို့အတွက် စက်တင်ဘာလအကုန်မှာ Gym ပြန်ဆော့မယ်ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထာ း တာတွေ့ရပါတယ်။

Photo: အေသင်ချိုဆွေဖေ့စ်ဘွတ်

 

အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာတဲ့ အေသင်ဟာ ဇူလိုင်(၁၀) ရက်နေ့က Comeback Song အနေနဲ့ "အသည်းကွဲသီချင်း တွေမဆိုတော့ဘူး" ဆိုတဲ့ သီချင်းသစ်လေးကို ပရိသတ်တွေလက်ထဲ အရောက်ပေးခဲ့ပါတယ်။သူမက လက်ရှိမှာ ပရိသတ်တွေအတွက် အနုပညာအလုပ်တွေ ပိုပြီး ဆက်လုပ်သွားဖို့ ပြင်ဆင်လျက်ရှိတယ်တဲ့။

Share

Loading Next Article...
က္က