ခိုင်နှင်းဝေ တစ်ယောက် အဒေါ်ဖြစ်သူ သရုပ်ဆောင် မြင့်မြင့်ခိုင်ရဲ့ မွေးနေ့မှာ အမျိုးတွေ စုံစုံလင်လင်နဲ့ ပျော်ပါးနေတာကို တွေ့ ရပါတယ်။ ဒေါ် မြင့်မြင့်ခိုင်ကတော့ လက်ရှိမှာ ကိုယ်ပိုင် သရုပ်ဆောင်သင်တန်းကို ဦးစီးလုပ်ကိုင်နေတဲ့သူဖြစ်ပါတယ်။
Photo: ခိုင်နှင်းဝေ ဖေ့စ်ဘွတ်
သရုပ်ဆောင်ခိုင်နှင်းဝေက သူချစ်ရတဲ့ အဒေါ်ဖြစ်သူ မြင့်မြင့်ခိုင်ရဲ့ မွေးနေ့မှာ အမျိုးတွေအားလုံးစုပြီး ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းခဲ့တာကို တွေ့ရပါတယ်။ အဒေါ်ဖြစ်သူရဲ့ မွေးနေ့တိုင်း မှာ မုန့်ဖိုးတောင်းရတဲ့ ခံစားချက်က အပျော်ရွှင်ဆုံးပဲ ဆိုပြီးတော့လည်း သူက ပြောပြ ထားပါ သေးတယ်။
'' ရိုးရှင်းသော ကျမချစ်သော ကျမရဲ့ ကြီးတော်ရဲ့ မွေးနေ့မှာ နွေးထွေးသော အဒေါ်များနှင့် ဖြတ်သန်းခဲ့ပါတယ်။ ကြီးတော်ကြီးဆီက အခုထိ မုန့်ဖိုးတောင်းရတာ ဘဝမှာ အပျော်ဆုံးပဲ သူဘယ်လောက်ပေးပေး အမြဲမုန့်ဖိုးတောင်းတတ်တဲ့ကျမကို ဒီနေ့ မှာလဲ မုန့်ဖိုးပေးလိုက်ပါတယ်။ ငယ်ငယ်က တနေ့ကို မုန့်ဖိုး ၂၀၀ ပေးတယ်။ အခု တွေတိုင်းတောင်းလို့ ၁၀၀၀၀ ပေးတယ်။ ဒီနေ့ ၁၅၀၀၀ ပေးလိုက်တယ်။ အဲဒီပိုက်ဆံက မိသားစုရဲ့မေတ္တာတွေပေးနေသလိုပါပဲ'' ဆိုပြီးတော့ စက်တင်ဘာလ ၂၈ ရက်နေ့ ညနေ ၆ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးခဲ့တာ ဖြစ်ပါတယ်။
Photo: ခိုင်နှင်းဝေ ဖေ့စ်ဘွတ်
သက်ငယ်မုဒိန်းပပျောက်ရေး ဆွေးနွေးမှုတွေလုပ်နေတဲ့ ခိုင်နှင်းဝေ
သရုပ်ဆောင် မြင့်မြင့်ခိုင်ဟာ အခုလက်ရှိမှာတော့ အနုပညာအလုပ်တွေ ဆောင်ရွက်နေတာ မရှိတော့ပေမယ့် ကိုယ်ပိုင်တည်ထောင်ထားတဲ့ SBI ဆိုတဲ့ ရုပ်ရှင်သရုပ်ဆောင် သင်တန်းမှာ အကြီးအကဲ တစ်ဦးအနေနဲ့ တာဝန်ယူဆောင်ရွက်နေတာကို တွေ့ရပါတယ်။ သင်တန်းကျောင်း ကနေ မွေးထုတ်ပေးလိုက်တဲ့ သရုပ်ဆောင် သင်တန်းသားတွေကလည်း အခုဆိုရင် အနုပညာလောကထဲမှာ ပရိသတ်အားပေးမှု ရရှိလာတာ ကို တွေ့ရပါတယ်။
Photo: ခိုင်နှင်းဝေ ဖေ့စ်ဘွတ်
ခိုင်နှင်းဝေဟာ ပရဟိတအလုပ်တွေနဲ့ ပတ်သက်လာရင် စွမ်းစွမ်းတမံဆောင်ရွက်နေသူတစ်ဦးပါ။ ထိုင်းနိုင်ငံ ခိုလမြို့မှာရှိတဲ့ ခိုင်နှင်းဝေ ပရ ဟိတအသင်းသားတွေနဲ့ အတူတူ ပရဟိတအလုပ်တွေနဲ့ အတူတူမကြာခဏ အလှူအတန်း တွေသွားရောက် လုပ်ကိုင် ဆောင်ရွက် ပေး ဖြစ ်တယ် လို့ သိရပါတယ်။
Photo: ခိုင်နှင်းဝေ ဖေ့စ်ဘွတ်
ပရဟိတအလုပ်တွေ၊ ကုသိုလ်ရေးတွေမှာ လက်မနှေးတဲ့ မင်းသမီးချောလေး ခိုင်နှင်းဝေကတော့ ဆင်းရဲသားပြည်သူတွေကိုလည်း တစ်ဖက် တစ်လမ်းက ကူညီစောင့်ရှောက် တတ်သလို ဘုရား၊ တရားကိုလည်း မမေ့မလျှော့ ဆောင်ရွက်တတ်သူတစ်ဦးပါ။ ဘာသာရေး၊ သာသနာရေး တွေလည်း အဆက်မပြတ်ဆောင်ရွက်လေ့ရှိပါတယ်။