ခရစ္စတီးနားခီဟာ သားလေးတစ်ယောက် ဆုံးရှုံးခဲ့ရတဲ့ ခံစားချက်တွေကို ရင်ဖွင့်ပြောပြခဲ့ပါတယ်။ သားတစ်ယောက်ရဲ့ ဈာပန ကို စီစဉ်ရတဲ့ မိဘ အနေနဲ့ ကြေကွဲရတဲ့ ခံစားချက်တွေ ပြောပြခဲ့ပါတယ်။
သရုပ်ဆောင်မင်းသွေး ရုတ်တရက်ကွယ်လွန်သွားတဲ့အချိန်မှာ မိသားစု နဲ့အတူ အနုပညာအသိုင်းအဝိုင်းက ညီအစ်ကို မောင်နှမတွေ၊ ပရိ သတ်တွေကလည်း ဝမ်းနည်းကြေကွဲခဲ့ကြပါတယ်။ ဒီထဲမှာမှ ဒါရိုက်တာ ခရစ္စတီးနားခီကလည်း မင်းသွေးရဲ့ မိခင်နဲ့အလားတူ ထပ်တူ ခံစားခဲ့ရ ဖူးကြောင်းကို အခုလိုရင်ဖွင့်ပြောပြထားပါတယ်။
'' ကျွန်တော်တို့မှာလည်း သားလေးတစ်ယောက်ဆုံးရှုံးဖူးတယ်။ အမြဲတမ်းရင်ထဲမှာ ရှိနေတယ်။ ဒါတောင်၅၅ရက်ပဲနေသွားတာ" မိဘက သားသမီး နာရေး စီစဉ်ရတဲ့အခါ ဘယ်လောက်ခက်ရှာမလဲဆိုတဲ့အတွေးနဲ့ ဘဝတူ ဖခင်ချင်း ကိုယ်ချင်းစာတရားနဲ့ သူပြောနေတာ အသုဘ ကိစ္စ စီစဉ်သံကြားတော့အားလုံး အဆင်ပြေစေဖို့ အပူကိုခဏ ရုတ်လို့ အဆင်ပြေဆုံး စီစဉ်နေကြရပြန်တယ်'' လို့ ဆိုပါတယ်။
အဲ့ဒီနောက် သူကြုံတွေ့ခဲ့ရတဲ့ အကြောင်းအရာတွေ၊ ခံစားချက်တွေနဲ့ တစ်သက်လုံး ကြေကွဲနေရတယ် ဆိုတာလည်းပြောပြထားပါသေးတယ်။ လက်ရှိမှာတော့ တစ်ဦးတည်းသော သားလေးနိုဝါ လေးနဲ့အတူ ပျော်စရာကောင်းတဲ့ မိသားစု ဘဝလေးကို ဖန်တီးလျှက်ရှိပါတယ်။
''အချိန်တန်လို့ အားလုံးပြီးသွားတဲ့အခါ သူ့ပုံရိပ်တွေ အများကြီး ကျန်နေတဲ့ အိမ်မှာ မိသားစု ဟာ အပူမီးကို ရင်ဆိုင်ရပြန်တယ်။ တရား နဲ့ဖြေပါဆိုတဲ့ စကားတွေကြား မာန်တင်းလို့ လျှောက်ကြရပေမယ့် မွေးထားတဲ့ မိဘမှာတော့ တစ်သက်လုံး ရင်တွေကွဲကြေလို့'' ဆိုပြီးတော့ အောက်တိုဘာလ ၄ ရက်နေ့ ည ၉ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာပေါ်မှာ ရေးသားခဲ့ပါတယ်။
သရုပ်ဆောင် ဇဏ်ခီနဲ့ ဒါရိုက်တာခရစ္စတီးနားခီ တို့ရဲ့ မိသားစုဘဝလေးကိုတော့ ပရိသတ်တိုင်းက လေးစားအားကျလျှက်ရှိတဲ့ အနုပညာရှင် စုံတွဲတစ်တွဲဖြစ်ပါတယ်။ သူတို့ ဇနီးမောင်နှံ နှစ်ယောက်ဟာ ဘယ်နေရာသွားသွား တပူးပူး တတွဲတွဲရှိပြီး ချစ်ချစ်ခင်ခင်နဲ့ ပျော်စရာကောင်းတဲ့ မိသားစုလေးလည်း ဖြစ်ပါတယ်။ ဇဏ်ခီတို့မိသားစုလေးဟာ အလှူအတန်းတွေလည်း မကြာခဏလုပ်ဖြစ်သလို အလုပ်ကိစ္စနဲ့ ခရီးတွေလည်း ထွက်ဖြစ်နေပါတယ်။
သရုပ်ဆောင် ဇဏ်ခီနဲ့ ဒါရိုက်တာ ခရစ္စတီးနားခီကတော့ '' ဥပါယ်တံမျဉ်'' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကနေ စပြီး မြန်မာနိုင်ငံက ပရိသတ် တွေနဲ့ စတင်ထိတွေ့ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် ဒါရိုက်တာ ခရစ္စတီးနားခီရိုက်တဲ့ မုဒြာရဲ့ ခေါ်သံ ဆိုတဲ့ ဒုတိယမြောက်ရုပ်ရှင် ဇာတ်ကားကြီး ကလည်း အောင်မြင်ခဲ့ပါသေးတယ်။