မနေ့ညက ကြေငြာခဲ့တာပါ။

ချယ်လ်ဆီးအသင်းရဲ့ ဂန္ထဝင်ကစားသမား အသင်းခေါင်းဆောင်ဟောင်း ဂျွန်တယ်ရီဟာ ဘောလုံးသမားဘဝကနေ အနားယူလိုက်ပြီလို့ ကြေငြာလိုက်ပြီ ဖြစ်ပါတယ်။ အက်စတန်ဗီလာအသင်းမှာ အွန်နရီနဲ့အတူ နည်းပြအဖြစ် စတင်လုပ်ဆောင်ဖို့ ရည်ရွယ်နေတဲ့ တယ်ရီက သူ့ရဲ့(၂၃)နှစ်ကြာ ကစားသမားဘဝပြီးဆုံးသွားခဲ့ပြီလို့ မနေ့ညက အတည်ပြုသွားခဲ့ပါတယ်။

Photo : VivaroNews

 

(၂၃)နှစ်ကြာ ကစားသမားဘဝမှာ ပွဲပေါင်း (၈၀၀) ကျော် ကစားပေးခဲ့တဲ့ အသက် (၃၇)နှစ်အရွယ် ဗဟိုနောက်ခံကစားသမားဟာ ကစားသမားဘဝမှာ အောင်မြင်မှုအများအပြား ရယူနိုင်ခဲ့သူ ဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းမှာ (၁၉)နှစ်ကြာ ကစားခဲ့တဲ့ တယ်ရီဟာ စတန်းဖို့ဘရစ်ချ် အသင်းနဲ့အတူ အဓိကဆုဖလားပေါင်း (၁၇)လုံးထိ ပိုင်ဆိုင်ခဲ့သူ ဖြစ်ပါတယ်။

(၃)မိနစ်ကို (၁)ဂိုးနှုန်းနဲ့ (၁၄)မိနစ်အတွင်း (၄)ဂိုးသွင်းခဲ့တဲ့ ဘတ်ပီ 

Photo : British GQ

ဂျွန်တယ်ရီကတော့ အင်္ဂလန်အသင်းအတွက်လည်း အဓိကပြိုင်ပွဲကြီး (၄)ခုမှာ (၇၈)ပွဲ ပါဝင်ကစားပေးခဲ့သူ ဖြစ်ပါတယ်။ ချယ်လ်ဆီး အသင်းကနေ ထွက်ခွာခဲ့ပြီးနောက်ပိုင်း တယ်ရီဟာ အက်စတန်ဗီလာအသင်းမှာ တစ်ရာသီကြာ သွားရောက်ကစားခဲ့ပြီး ဗီလာအသင်းကို ပရီးမီးယားလိဂ်တန်းပြန်တက်ခွင့်နဲ့ အနီးစပ်ဆုံးအနေအထားဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

Photo : Goal.com

 

တယ်ရီက သူ့ရဲ့ ကစားသမားဘဝပြီးဆုံးသွားပြီလို့ အင်စတာဂရမ်ကတဆင့် ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ အနားမယူခင်မှာ စပါးတပ် မော်စကိုအသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပေမယ့် တယ်ရီက မိသားစုအကြောင်းပြချက်နဲ့ မသွားရောက်တော့ဖို့ ပြန်လည်ဆုံးဖြတ်ခဲ့ပြီး နည်းပြဘဝကို ကူးပြောင်းဖို့အတွက် စတင်ခဲ့တာ ဖြစ်ပါတယ်။

Photo : AOL.co.uk

 

"အံ့အားသင့်ဖွယ်၊ မယုံကြည်နိုင်ဖွယ်ကောင်းတဲ့ (၂၃)နှစ်ကြာ ကစားသမားဘဝကို ဖြတ်သန်းအပြီးမှာ ဘောလုံးကစားခြင်းကနေ အနားယူဖို့ ကျွန်တော်ဆုံးဖြတ်လိုက်ပါပြီ၊ ကျွန်တော်နဲ့ လက်တွဲခဲ့ဖူးတဲ့ နည်းပြတွေ၊ အသင်းဖော်တွေ နဲ့ ဝန်ထမ်းတွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်၊ ကျွန်တော့်ရဲ့ ကစားသမားဘ၀ အောင်မြင်မှုတွေက ဒီလူတွေရဲ့ နည်းပေးလမ်းပြမှုတွေကြောင့် ရရှိခဲ့တာပါ" လို့ ဂျွန်တယ်ရီက သူ့ရဲ့အင်စတာဂရမ်ကနေ ရေးသားပြောဆိုခဲ့ပါတယ်။

Share

Loading Next Article...
က္က