"အရမ်းချစ်တယ်" ဆိုတဲ့ စာသားလေးတောင်ပါသေး။

နှစ်ပတ်လည်နေ့တိုင်း ချစ်သူရွှေမှုံကို ပျော်အောင် ဖန်တီးပေးနေတဲ့ ရွှေထူးဟာ ဆိုရင် ရွှေမှုံကို သူဘယ်လောက်ချစ်ကြောင်း သက်သေပြနေသလိုပါပဲ။



Photo : ရွှေမှုံ အင်စတာဂရမ်

 

ဝေဖန်မှုတွေ ကြားထဲက တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေနဲ့ တည်ဆောက်ထားတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ အချစ်ရေးက ပရိသတ် တွေရဲ့ စိတ်ဝင်စားခြင်းကို ခံနေရတာလည်း ဖြစ်ပါတယ်။ သူတို့နှစ်ယောက် လှုပ်ရှားမှု ပုံရိပ်လေးတွေကို ဖေ့စ်ဘွတ် Wall ပေါ်မှာ တင်တာ မျိုးမဟုတ်ပဲ ဖေ့စ်ဘွတ် Stories ၊ အင်စတာဂရမ် Stories မှာလည်း တင်လေ့ရှိပါတယ်။

အောက်တိုဘာ(၇) ရက်နေ့ကလည်း သူတို့ရဲ့ anniversary လေးအတွက် ရွှေထူးက ရွှေမှုံကို နှင်းဆီပန်းစည်းအနီကြီးနဲ့ Surprise လုပ်ခဲ့ ပါတယ်။

Photo : ရွှေမှုံ အင်စတာဂရမ်

ဆေးကုသမှု ခံယူနေရတဲ့ ရွှေမှုံရတီ 

အဲ့ပုံလေးကို ရွှေမှုံရတီရဲ့ အင်စတာဂရမ် စတိုရီမှာ တင်ထားခဲ့တာပါ။ နှစ်ပတ်လည်နေ့တိုင်း ချစ်သူရွှေမှုံကို ပျော်အောင် ဖန်တီးပေးနေတဲ့ ရွှေထူးဟာ ဆိုရင် ရွှေမှုံကို သူဘယ်လောက်ချစ်ကြောင်း သက်သေပြနေသလိုပါပဲ။ ရွှေမှုံ နေမကောင်းတဲ့ အချိန်တွေမှာဆိုရင် ရွှေထူးဟာ ဘေးနားကနေ ချစ်သူလေးကို စောင့်ရှောက်နေတာလည်း တွေ့ရပါတယ်။

သူတို့နှစ် ယောက်ရဲ့ အချစ်ရေးကတော့ ပရိသတ်တွေရဲ့ ကြားထဲမှာ ဝေဖန်မှုကော အားပေးမှုရော အပြင်းထန်ဆုံးလို့ ပြောရမှာပါ။ သူတို့ နှစ်ယောက်ကို အားပေးတဲ့ ပရိသတ်တွေလည်း အခိုင်အမာရှိသလို ဝေဖန်ကြတဲ့ သူတွေကလည်း ထုနဲ့ထေးပါ။

Photo : ရွှေမှုံ အင်စတာဂရမ်

 

ဒါပေမယ့် သူတို့ နှစ်ယောက် ကတော့ အဲ့ဒီဝေဖန်မှုကို ကြံ့ကြံ့ခိုင် ရင်ဆိုင်ပြီး ဘာကိုမှ ဂရုမစိုက်ပဲ တစ်ယောက်နဲ့ တစ်ယောက် လက်တွဲပြိး ရှေ့ဆက်လျှောက် နေသူ တွေလည်း ဖြစ်ပါတယ်။သူတို့နှစ်ယောက်ဟာ ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင် ရိုက်ထားတဲ့ "ဧည့်သည်" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာလည်း အတူတွဲပြီး သရုပ်ဆောင်ခဲ့တာ ဖြစ်သလို အဲ့ဒီဇာတ်ကားရိုက်ကူးရင်းနဲ့ သူတို့နှစ်ယောက် ကြိုက်သွားခဲ့တာ ဖြစ်ပါတယ်။

Photo : ရွှေမှုံ အင်စတာဂရမ်

အသက် ၁၃ နှစ်အရွယ်နဲ့ သရုပ်ဆောင်မင်းသမီးတစ်ယောက်ဖြစ်လာတဲ့ ရွှေမှုန်ရတီဟာ ငယ်ရွယ်သေးပေမဲ့ အရမ်းကို ရင့်ကျက်တဲ့ မိန်းကလေး တစ်ယောက်ပါ။ထူးခြားတဲ့ ဟန်ပန်၊ ဆန်းသစ်တဲ့ ဝတ်ဆင်မှုတွေကြောင့် ဝေဖန်မှုများစွာ ခံရပေမဲ့ ကိုယ်လုပ်စရာရှိတာကို ယုံကြည်မှုရှိရှိနဲ့ လုပ်ဆောင်နေတဲ့ သူလည်း ဖြစ်ပါတယ်။

အနုပညာပျိုးခင်း (၁) ရဲ့ စင်တင်မင်းသမီးတစ်လက်ဖြစ်တဲ့ ရွှေမှုံရတီဟာ အနုပညာလောကကို စတင်ဝင်ရောက်ခဲ့တဲ့ လွန်ခဲ့တဲ့ ၆ နှစ်ကျော်က တည်းက သရုပ်ဆောင်ကောင်းသူအဖြစ် နာမည်ရလာသူဖြစ်ပြီး လက်ရှိမှာလည်း ထိပ်တန်းမင်းသမီးတစ်လက်အဖြစ် ရပ်တည်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က