မအေးသောင်းနဲ့ သူ့ဖေဖေကတော့ ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်မြို့နယ် ဇယန်းရွာမကျေးရွာမှာရှိတဲ့ ပလောင် လက်ဖက် စိုက်ပျိုး ထုတ်လုပ်ရောင်းချသူများအသင်းအတွက် အလှူလုပ်ခဲ့တယ်လို့ဆိုပါတယ်။ မအေးသောင်းရဲ့ မြန်မာဆန်တဲ့အလှကို လည်း သူ့ဖေဖေက အခုလို ပြောပြထားပါသေးတယ်။
Photo: အေးဝတ်ရည်သောင်းဖေ့စ်ဘွတ်
သရုပ်ဆောင်အေးဝတ်ရည်သောင်းက သူ့ရဲ့ ဖခင်နဲ့ အတူ ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်မြို့နယ် ဇယန်းရွာမကျေးရွာမှာရှိတဲ့ ပလောင် လက်ဖက်စိုက်ပျိုး ထုတ်လုပ်ရောင်းချသူများအသင်းမှာ အလှူငွေကျပ် ၅ သိန်းလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ဒီအလှူကိုတော့ အောက်တိုဘာ လ ၉ ရက်နေ့ မှာ လှူခဲ့တာဖြစ်ပါတယ်။
"လက်ဖက်ကောင်းစားချင်ရင်ရင် ပလောင်တောင်တက်နှေးရတယ်"တဲ့။ ဒီနေ့တော့ ဖေဖေနဲ့ တောင်ပေါ်ကလက်ဖက် စိုက်သူ၊ တောင်သူ၊ တွေကို အဓိက ပံ့ပိုးပြီးနည်းပညာတွေဝေမျှနေတဲ့ ပလောင်လက်ဖက်စိုက်ပျိုး ထုတ်လုပ်ရောင်းချသူများအသင်းကို အလှူ ငွေလေးလှူဒါန်းခဲ့ ပါတယ်ရှင့်။ အသင်းကပြန်ပေးတဲ့လက်ဖက်ခြောက်တွေအတွက်လည်း ကျေးဇူးအထူးပါရှင့်။ ပြည်တွင်ဖြစ်ကိုအားပေးပါ'' ဆိုပြီးတော့ အောက်တိုဘာလ ၉ ရက်နေ့ ညနေ ၅ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။
Photo: အေးဝတ်ရည်သောင်းဖေ့စ်ဘွတ်
ပရိသတ်တွေရဲ့ အချစ်တော် မအေးသောင်းကတော့ မြန်မာဝတ်စုံလေးနဲ့ဆို မြင်သူတိုင်းငေးရအောင် အရမ်းလိုက်ဖက်လွန်းတာကြောင့် လူတိုင်းရဲ့ ချစ်ခင်အားပေးမှု ကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ သမီးဖြစ်သူ အေးသောင်းရဲ့ အလှအပတွေကိုတော့ သူ့ရဲ့ ဖေဖေ ဦးမြင့်အောင် က အခုလို ရေးသားထားတာကို တွေ့ရပါတယ်။
'' Aye Thaung က အောင်မြင်မှုတွေထပ်ရအုံးမှာပါ။ ရုပ်ရည်ချောမောတယ်လှပတဲ့မျက်ဝန်းတွေလဲရှိတယ်။ ဆွဲဆောင်မှုအပြည့်လဲရှိတယ်။
မြန်မာဝတ်စုံတွေနဲ့ဆို အရမ်းကျက်သရေရှိတာ အရပ်မြင့်မြင့် ဆံပင်ရှည်ရှည်လေးကလဲ အတော့်ကိုကြည့်ကောင်းပါတယ်။ အဲ့ဒါ ဘယ်သူ ပြောတာလဲသိလား၊ သူ့ဖီဖီပြောတာတဲ့ဗျာ'' ဆိုပြီးတော့ စက်တင်ဘာလ ၈ ရက်နေ့ညက Joseph Myint Aung အကောင့်မှာ ပြောခဲ့တာပါ။
ဆေးကုသလို့မရနိုင်သေးတဲ့ မျက်စိဝေဒနာခံစားနေရတဲ့ မအေးသောင်း
Photo: အေးဝတ်ရည်သောင်းဖေ့စ်ဘွတ်
မြန်မာနိုင်ငံက ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးချောလေး မအေးသောင်းက အခုလက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေ တာ တွေ့ရပါတယ်။ သူ့အနေနဲ့ ကိုယ်ပိုင်စီးပွားရေးတစ်ခုဖြစ်တဲ့ ပိုးထည်ဆိုင်တွေကိုလည်း ဦးဆောင်နေရသူပါ။ မအေးသောင်းရဲ့ အနုပညာ သက်တမ်းကတော့ အတော်ကို ကြာနေပါပြီ။
Photo: အေးဝတ်ရည်သောင်းဖေ့စ်ဘွတ်
အေးဝတ်ရည်သောင်းဟာ မကြာခင်က ရိုက်ကူးပြီးခဲ့တဲ့ မျက်နှာဖုံးများ ရုပ်ရှင်ဇာတ်ကား ကြီးမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဒီရုပ်ရှင် ဇာတ် ကား ကြီးထဲမှာ အကယ်ဒမီမင်းဦး၊ ကျော်ထက်အောင်၊ အောင်ရဲထိုက်၊ Rusell ၊ အိချောပို၊ အကယ်ဒမီ စိုးပြည့်သဇင်၊ အေးဝတ်ရည်သောင်း၊ မြနှင်းရည်လွင်၊ မေ ၊ အကယ်ဒမီမျိုးသန္တာထွန်း၊ ကောင်းမြတ် တို့ကအဓိက ပါဝင်သရုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။